ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label ဂျူး. Show all posts
Showing posts with label ဂျူး. Show all posts

Wednesday, May 25, 2011

နာရီပြင်ဆရာ၏အိမ်နီးချင်း

နာရီပြင်ဆရာ၏အိမ်နီးချင်း
ဂျူး

သာမန်အားဖြင့်ဆိုလျှင်တော့ နာရီတလုံးကို သူ မမုန်းတတ်ပါ။ သို့သော် ဤကိစ္စမှာ တော့ လွန်လွန်းသည်။
သူ ဤအိမ်သို့ ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်း ကပ်လျက်ဖြစ်သော ကြောင့် ဝမ်းသာ ကျေနပ်ခဲ့၏။ သူ့မှာ မကြာခဏ ပျက်တတ်သော စားပွဲတင်နာရီတလုံး ရှိသောကြောင့် ဖြစ်သည်။ နောက်ပြီး နာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သဘောကျ သောကြောင့် ဖြစ်သည်။ နာရီပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်း မှတပါး မည်သည့်အလုပ်မျှ မလုပ်သူဖြစ်လိမ့်မည်။

သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျက်သား သို့မဟုတ် သားရေဖုံး ဘာသာရေး စာအုပ်တခုခု ကို ဖတ်လျက်သား တွေ့ရသည်။

Monday, February 28, 2011

ဈေးဝယ်ယူသုံးစွဲသူမှာ အခွင့်အရေးရှိသလား

ဈေးဝယ်ယူသုံးစွဲသူမှာ အခွင့်အရေးရှိသလား
ဂျူး

ဝယ်သူသည် အမြဲမှန်၏ ဆိုသည့် နိုင်ငံတကာလက်ခံသည့် မူတစ်ခုကို စိတ်ထဲမှာ မသိမသာစွဲထင် ထားမိသဖြင့် ကျွန်မဈေးဝယ်သည့်အခါ မကြာခဏပြဿနာတက်ရလေ့ရှိသည်။ အလေးချိန်မပြည့်ဘူးဟု ထင်သဖြင့် သမာဓိချိန်ခွင်မှာ ချိန်ကြည့်တတ်သည်။ မပြည့်လျှင် ဈေးသည်ဆီသို့ပြန်ပြီး ငါးကျပ်သားလိုတယ်၊ နှစ်ကျပ်ခွဲသားလောက်လိုတယ် စသည်ဖြင့် တောင်းဆိုမိသည်။ အများအားဖြင့်တော့ ဈေးသည်တွေက သူတို့ လက်မှန်းကို သူတို့ယုံကြည်ပြီးသားမို့ မျက်နှာထားမချိုသာသည့်တိုင် လိုနေသည့် ကုန်ပစ္စည်းကိုဖြည့် ပေးလိုက်ကြသည်။

Sunday, January 23, 2011

လမ်းမပေါ်မှ အသံများ

လမ်းမပေါ်မှ အသံများ
ဂျူး

တနင်္ဂနွေလည်းဖြစ်၊ မိုးလည်း သဲသဲမဲမဲ ရွာတာတောင် လမ်းမှာ ကားတွေက များလိုက်တာ။ ညနေ ၅ နာရီ ကျော်နေပြီလား။ အမြဲလိုလို နာရီမပါသူမို့ အချိန်ကို ခန့်မှန်းနှင့်သာ ခန့်မှန်းကြည့်ရသည်။ ဓာတ်ဆီထုတ်ရဦးမည်။ ဆီစာအုပ်က ထုံးစံအတိုင်း မပါလာ။ အိမ်ရောက်မှ တစ်ခေါက် ပြန်ထွက်ရမည့် ပုံပဲ။ အို၊ မိုးသိပ်ရွာနေရင်တော့ ပြန်မထွက်ချင်ပါဘူး။ တစ်ရက်တလေ မထုတ်ဘဲ ထားလိုက်မယ်။ ဆီလည်း မကုန်လောက်သေးပါဘူး။ အရင်လကဆို (၁၀)ဂါလန်တောင် မထုတ်လဲ နေခဲ့သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် အားပေးသည်။

Monday, August 2, 2010

ကလေးနှင့် စွန့်စားချင်စိတ်

ကလေးနှင့် စွန့်စားချင်စိတ်

ဂျူး

ကျမ ငယ်ငယ်တုန်းက ကျမနှင့်အစ်ကို့ ကို ဖေဖေက ကလေးစီးသောဗိုလ်အုန်းသီး ဂျစ်ကားလေးဝယ်ပေးခဲ့သည်။ ဂျစ်ကားကတကယ့် လူကြီးစီးဂျစ်ကားအတိုင်းပါပဲ။ အစိမ်းရောင်၊ ရှေ့လေကာမှန်နေရာမှာ မှန်မပါသော သံပြားဘောင်ခတ်ပြတင်းလေး။ လီဗာမပါ၊ ဘရိတ် မပါ၊ ခြေနင်းကွင်းနှစ်ခုသာ၊ ကွင်းတခုစီပေါ် ခြေတဖက်စီနင်းလျက် ရှေ့သို့ကားရွေ့အောင် မောင်းရသည်။ တယောက်တည်းစီးလျှင် ကိုယ့်ဟာကိုယ်နင်းရပြီး မောင်နှမနှစ်ယောက်စီးလျှင် အစ်ကိုကရှေ့ကထိုင် စတီရာရင်ကိုကိုင် ကားခြေနင်းကိုနင်း၊ ကျမကနောက်ခန်း မှာထိုင်လိုက်သည်။

Sunday, June 20, 2010

မေ့လျော့တတ်သည်

(2009,November,Idea Magazine 100th Issue)
မေ့လျော့တတ်သည်
ကျွန်မလက်ထဲမှာ ကိုင်ထားသည့် စာရွက်ပိုင်းလေးမှာ မိုးရေဖြင့် စိုရွှဲနေပြီ။ စာလုံးတွေကတော့ မင်ဖြင့် ရေးထား တာမဟုတ်လို့ ဖတ်လို့ရနေလိမ့်ဦးမည်။ အခုနေ မိုးသဲသဲမှာ ဖြန့်မဖတ်လိုက်နှင့်ဦး။ ရေနူး နေသည့်စာရွက်သည် မိုးရေအရှိန်ဖြင့် စုတ်ပြဲသွားနိုင် သည်။ မတ်စောက်စွာ မြင့်တက်သွားသည့် အဆောက်အဦအ၀င် ကွန်ကရစ်ကား လမ်းကို မိုးစက်များအကြား ကိုယ်ကို ရုန်းလျက် တက်ရသည်။ ဒီအဆောက်အဦမှာ နေသူတွေသည် ကိုယ်ပိုင်ကား ရှိသူတွေချည်း ဖြစ်လေသလား။ အဆောက်အဦဆီသို့ လူသွား လမ်း လုံးဝမရှိ။ ကားသွားရာ ကွန်ကရစ်လမ်းကိုပဲ အသုံးပြုရတော့မည်။

Thursday, May 27, 2010

သေမင်းကိုရွေးချယ်ခွင့် ရှိလျှင်........

သေမင်းကိုရွေးချယ်ခွင့် ရှိလျှင်........
ဂျူး
ကျွန်မ သေဖို့အတွက် ကိုယ့်သေမင်းကို ရွေးချယ်ခွင့် ရှိလို့ ရွေးစမ်းဆိုလျှင်တောင် ဘာကို ရွေးရမလဲဟု စဉ်းစားရ တော်တော်ခက်သည်။ သေမင်းအားလုံးသည် သူ့နည်းနှင့်သူ ကြောက်စရာကောင်းသည်ချည်း ဖြစ်သည်။ သေချာတာကတော့ ကင်ဆာရောဂါကိုတော့ မရွေးချင်ပါ။ သို့သော် မရွေးချင်ဘူးဆိုလို့ကော ရမတဲ့လား။ ကျွန်မမှာက ကင်ဆာမျိုးရိုး ရှိသည်။

Tuesday, May 18, 2010

ကျွန်မဖတ်ခဲ့သောစာအုပ်များ

ကျွန်မဖတ်ခဲ့သောစာအုပ်များ
ဂျူး
[ကလျာမဂ္ဂဇင်း၊ ၁၉၉၄ မတ်လ]
ဂျူး ၏ "ကျွန်မဖတ်ခဲ့သောစာအုပ်များ" မှ

ကျွန်မသည် စာအုပ်များဖြင့် ကြီးပြင်း လူလားမြောက်ခဲ့သူ ဖြစ်ပါသည်။

ကလေးဘဝ အရွယ်ကတည်းက ကျွန်မသည် ထိခိုက်ဒဏ်ရာ၊ မတော်တဆမှုများကို ကြောက်ရွံ့ခဲ့သည်။ ထိုအခါ ကျွန်မသည် အားကစားကို မုန်းတီးသူ ဖြစ်လာခဲ့သည်။ အများ တကာ ကလေးသူငယ်များ ထုပ်ဆီးထိုးတမ်း၊ ဖန်ခုန်တမ်း ကစားနေကြနေချိန်တွင် ကျွန်မက အိမ်ခန်းထဲတွင် ကျောင်းစာများကို ကျက်မှတ်ရင်းသော်လည်းကောင်း၊ ပုံပြင်စာအုပ်များ ဖတ် ရှုရင်းသော်လည်းကောင်း၊ အချိန်ကုန်ခဲ့သည်။ အကစားမမက်သော ကျွန်မအတွက် စာအုပ် များသည်သာ တန်ဖိုးထားရာ ဖြစ်ခဲ့သည်။

Friday, April 23, 2010

မြစ်ပြင်ပေါ်မှာ

ဂျူး

ဇွန်လ၏ ညနေခင်းတစ်ခု ဖြစ်သဖြင့် ဧရာဝတီဖြစ်ရေသည် မြင့်တတ်စပြုနေပြီ။ မိုးနည်းပါးသော ပုဂံညောင်ဦးဒေသတွင် ဇွန်လသည် ပူပြင်းခြောက်သွေ့ဆဲဖြစ်၏။ သို့သော် မိုးရိပ် လေရိပ်တော့ ဆင်စပြုပြီ။ တစ်ခါတစ်ခါ မိုးသက်လေပြင်းများကြောင့် လှိုင်းထန်လေထန်တတ်သော အချိန်ဖြစ်သည်။ ထိုနေ့ညနေက ဧရာဝတီဖြစ်ရေပြင်၌ လှိုင်းကြီးခဲ့သည်။ ညောင်ဥိးသူဖြစ်သည့်အတိုင်း

မာတိကာ


statistics

web tracker