ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label အဆိုအမိန့်များ. Show all posts
Showing posts with label အဆိုအမိန့်များ. Show all posts

Tuesday, January 31, 2012

ဓမ္မလက်ဆောင် တရားတော် ဓာတ်ပုံများ (1)













ဓမ္မမိတ်ဆွေ ..... ဦးလှထွန်း၊ ဒေါ်လဲ့လဲ့ မိသားစု မှကျေးဇူးပြုပါသည်။

Thursday, July 7, 2011

ရွှေဥမင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

မီးလွတ်စားတယ် ဆိုသည်မှာ
လောဘမီး ဒေါသမီး မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင်
စားနိုင်မှ မီးလွတ်ပါတယ်..။
သစ်သီးသစ်ဖုတွေစားရုံနဲ့ မီးမလွတ်ဘူးနော်..။

အရူး မီးဝိုင်း
လောဘမီး ၊ဒေါသမီး၊ သောကပရိဒေဝမီး
ဆိုတဲ့ မီး ၁၁ပါး ဝိုင်းအလောင် ခံနေရတာ

Saturday, July 2, 2011

မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြ၀ါများ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ခန္ဓာဥာဏ်ရောက်
တရားဟောစဉ်များမှ ဓမ္မသံဝေဂ သြ၀ါဒကထာများနှင့်တရားအရသာများ


၁။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင် သမုဒယမှတ်၊ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။

၂။ ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။

၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျှော့၊ အားအင်ပျော့ခါ၊ လွန်စွာ ယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။

၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။


၅။ ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။“၂ ခါစီ ဆိုရမည်“


=============================

၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။

၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။

၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။

၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။

၅။ နားကြီးကြီးနဲ့ တရားနာပါ။

၆။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်က မဦးဘဲနဲ့ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။

၇။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။

၈။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။

၉။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။

၁၀။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။

၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။

၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။

၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။

၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။

၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။

၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ယခု သားနှင့် သမီးနှင့် ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီး အိပ်ရာညောင်စောင်းထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။

(မိုးကုတ်ဆရာတော်ဘုရားကြီး )


from dhammaweb.com

Wednesday, May 11, 2011

မထေရ်မြတ်တို့ သြ၀ါဒ

သာသနာပြုလျှင်
ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားစေချင်ရင်
သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး



                               ကမ္ဘာ့သာသနာပြု  အဘိဓဇဟာရဌဂုရု
                                             အရှင်သေဌိလ


ဝေဖန်ရေး
ဝေဖန်ရေးဆိုတာ အမှားကိုထောက်ပြတတ်ရုံနဲ့ မပြီးဘူး၊
အမှန်နဲ့အစားထိုးပြနိုင်မှ အသက်ဝင်တာ၊
ဗုဒ္ဒ၀ါဒ ဒီနေ့အထိ အသက်ရှင်နေတာဟာ ဒီလို အသက်ဝင်နေလို့ပေါ့
   


                            ကမ္ဘာ့သာသနာပြု  အဘိဓဇဟာရဌဂုရု
                                             အရှင်သေဌိလ

အပြောနဲ့အလုပ်
အပြောဆိုတာ အလုပ်နဲ့ ညီညွတ်ပြီး အသိနဲ့ကွဲရတယ်။
အလုပ်ကျတော့ အပြောနဲ့ကော၊ အသိနဲ့ကော ကိုက်ညီရတယ်။
  


                                တောရဆရာတော်ကြီး


ပညတ်နဲ့ ပရမတ်
ပရမတ်အစစ်မပေါက်ဘဲ၊ ပညတ်ကိုဖျောက်ရင်
ခွေးရူးထက် ကြောက်စရာကောင်းတယ်။



                                  နတ်မှီတောရဆရာတော်

အလင်းစေတမန် website မှတဆင့်ကူယူဖေါ်ပြပါသည်။

Tuesday, February 8, 2011

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ အဆုံးအမများ

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ အဆုံးအမများ

၁။ယစ်မသည် ဥအတွက်အသေခံသည်။
၂။စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ရဟန်းသည် သီလအတွက် အသေခံသည်။
၎။သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ကာလကို လူမစားလျှင် လူကိုကာလ စားသည်။
၈။သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
၉။တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ရန်မလိုမှ ရန်ပြိုသည်။ရန်လို ရန်ပိုတတ်လှသည်။
၁၅။သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင်ညွတ်သည်။
၁၆။ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခတ်ရသည်။
၂၀။မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲတသဲသဲ။
၂၄။ရိုသေစွာ ခစားလျှင်မင်းခစားပင် မင်းကိုနိုင်သည်။ 
 
 
http://ashinnagavamsa.blogspot.com/ မှတဆင့်ကူးယူဖေါ်ပြပါသည်။

Monday, February 7, 2011

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ တရားတော်များမှ ကောက်နုတ်ချက်ဆောင်ပုဒ်များ

 ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ တရားတော်များမှ ကောက်နုတ်ချက်ဆောင်ပုဒ်များ


တပိုင်းကြောင် ကျက်စာရရုံနဲ့..
ခက်ပါလှ သဘောဥာဏ်
တက်မာန အပြာသန်တယ်
ဒေါသမာန် ထူပွား။

စောဒက တုဖက်လာလျှင်
သူ့ထက်ငါ ငြင်းတဲ့ လူစား။

ဘုရားဟော မြတ်ဓမ္မခဏ်ကို
တတ်လေဟန် ယောင်ဝါး။

ပရမတ်ပြန် အကြောင်သမားတွေတို့
ထောင်လွှားကြ လူ့ဘောင်။

စောဒနာ ဥာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင်
ငြင်းကြ လူ့ဘောင်။

ပိဋကတ် အစွယ်ထောင်လျှင်
အပါယ်ဘောင် ဆင်းရလိမ့် လေး...။ 


“ဗိုလ်ကုန်းဆရာတော်ရေ .. တပည့်တော်နဲ့ တကွ သတ္တဝါတွေဟာ ကိုယ့်အသိလေးကို တယ်ပြီး ထင်တတ်ကြတယ်။ ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ”

“စာချဘုန်းကြီး ဘဝတုန်းက အနက်အဓိပ္ပာယ် သိနေတဲ့ နမောတဿ ဟာ သစ်ပင်အောက် ရောက်တဲ့အခါမှာ ရယ်စရာဖြစ်နေတယ်။ ဟိုးတုန်းက အနက်ထင်ကြတာက အလုပ်ဖြစ်အောင် ထင်တာမဟုတ်ဘူး၊ ဟောပြောပို့ချလို့ ရရုံလေးပဲ၊ ဆားဟာငန်တဲ့အရာလို့ ပြောလို့ ရရုံပဲ။ ပူငန်၊ အေးငန်၊ ချိုငန်၊ ခါးငန်၊ ပေါ့ငန်၊ လေးငန် ဆိုတာတွေ ဘာမှ မသိဘူး”
(လယ်တီဆရာတော်)

သာသနာ နောက်ဖျား..
ပေါက်ဖွားကြ ဆူဆူ
ယောက်ျားပ ငါလိုလူ..
ဇမ္ဗူမှာ ရှာစမ်း.။

အားလုံ့လ အလံထူ
စံမတူ ထိုးတော့ဥဒါန်း။

လောကီမှု ပဒေသာ
ထွေတလာ ဥာဏ်ဆန်း။

ကေသရာ ဥာဏ်အစွမ်းဟာမို့
ဈာန်လမ်းကို အပြီးတိုင်။

ဝသီဘော်အစုံငါး..
အကုန်သား.. စိုးရပိုင်နိုင်။

ဗြဟ္မာ့အောက်ထက် မိုးခရိုင်မှာ
တန်ခိုးမြိုင်မြိုင် အောင်လံစိုက်လို့
စံလိုက်မယ့်ပ အကျော်
ငြီးဘူး ပျော်ပျော်.။

မိတေးသခင့် အောင်ပွဲတော်မှာ
နောင်ရဲအမော် လုပ်စမ်းမယ်ပ.. လေး။

“မေတ္တာပန်းခိုင်”

“မေတ္တာပန်းခိုင်”
 သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး

တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
မွှေးကြိုင်ကြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
တရားပျောက်ကွယ်၊ မေတ္တာပျယ်၊ ကြီးငယ်အများမုန်း။

သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး

Monday, January 10, 2011

ဘ၀နေနည်း

ဘ၀နေနည်း
ပထမရွှေကျင်ဆရာတော်ဘုရားကြီး


ပထမရွှေကျင်ဆရာတော်ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို သြ၀ါဒပေးတော်မူခဲ့ပါတယ်။

-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

-နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

-လူကောင်းသည် အရှုးနှင့် ပြိုင်၍ အ-၀တ်မလှစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့် ပြိုင် ၍ ဒေါသမဖြစ်ကောင်း။

-ကျားကြောက်၍ပြေးစဉ် ခွေးဟောင်းသည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။

-ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။

-ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိတဲ့။

ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာမလိုအောင်ကို ပြည့်စုံလှပါတယ်။ သူတော်ကောင်းတရားကို မြတ်နိုးသူဟာ ပတ်ဝန်းကျင်က သံပုရာသီးကို ပေးလာရင်လည်း ကိုယ်က ဖျော်ရည်ဖြစ်အောင်လုပ်ပြီး သောက်တတ်ရမှာ ဖြစ်သလို၊ ဘယ်လို လောကဓံနဲ့တွေတွေ့ ပါရမီမြောက်အောင် နေတတ်ရင် ဘုရားလောင်းတို့ရဲ့ ဘ၀နေနည်းလို့ခေါ်နိုင်ပါတယ်။

မီးလောင်ထားတဲ့ စက္ကူဟာ ပွတ်သပ်ထိခတ်လိုက်တာနဲ့ ကြေမွသွားသလို ပတ်ဝန်းကျင်က ကိုယ်ကိုမလိုပြောတဲ့ ကဲရဲ့သံလေး ကြားရခါမျှနဲ့လည်း ဒေါသအပူမီးတွေလောင်မြိုက် ခံရမယ်ဆိုရင် ဘ၀နေနည်း မမှန်တော့ကြောင်း ဆုံးမထားပါတယ်။ လောက လူတချို့က သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာမပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ ရှုံချမှုတွေရှိတတ်ကြပါတယ်။ များသောအားဖြင့်သည်းခံ နိုင်ဖို့ မလွယ်ကူ တတ်ကြ ပါဘူး။ ကိုယ်က သည်းခံနေလိုက်တာနဲ့ ခန္တီပါရမီမြောက်သွားတဲ့အတွက် ဘာမှ မကုန်ဘဲ အမြတ်ရလိုက်မှာပါ..။ ကဲရဲ့သူ၊ပြစ်တင်သူ အဖို့မှာတော့ အမြတ်မရတဲ့အပြင် အရင်းပါရှုံးသွားမှာပါ။ တကယ်တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်းထုတ်ပေးသွားတာပါ။ ရအောင်ယူတတ်ရမှာဖြစ်ပါတယ်။

ညခင်း


(For Life (ဘ၀နေနည်း) by Pathama Shwekyin Sayadaw Gyi (ပထမရွှေကျင်ဆရာတော်ဘုရားကြီး)
http://www.nyakhinyaelamin.net/)

Friday, October 22, 2010

ဆရာတော်ကြီး၏ မိန့်မှာစကား (03.10.2010 Singapore) တရားလက်ဆောင်

-နှစ်၁၀၀ အတွင်း တို့တတွေ အားလုံး သွားကြရတော့မယ် ။တို့တတွေ ဘာတွေထားခဲ့ကြမှာလဲ။
- တို့တတွေ ဘာတွေယူသွားကြမှာလဲ ။
-အပြစ်လုပ်ခဲ့သူတွေကလည်း အချိန်မီ တောင်းပန်ရမယ်။ဝန်ခံရမယ်။ ရိုး သားရမယ်။
အပြစ်အလုပ်ခံရသူဖက်ကလည်း မေတ္တာဖြင့် ခွင့်လွတ်ရမယ်။ ကြေအေးရမယ်။ အပြစ်ကိုမေ့ပြစ်ရမယ်။ မေတ္တာ ဂရုဏာ နဲ့ ပညာ အညီအမျှထားပြီး လောကအကျိုး ဓမ္မအကျိုး ကိုမပြတ်ဆောင်ရွက်ဖို့က သီတဂူရဲ. ဆောင်ရွက်ချက် နဲ. ရည်ရွယ်ချက်လမ်းစဉ်။
တို့ဒကာ၊ ဒကာမတွေအားလုံး မေတ္တာဂရုဏာ နဲ့ ပညာ အညီအမျှထားပြီး လောကအကျိုး ဓမ္မအကျိုး ကြိုးစားဆောင်ရွက်ကြပါ။

(သီတဂူဆရာတော်ကြီး)

Thursday, October 21, 2010

"အမြတ်ဆုံးချမ်းသာ"
အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။
တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။
အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။
( ဓမ္မပဒ)
--------------------------------------------------------------------------------
"မိတ်ကောင်း ဆွေကောင်း"
ရောဂါနှိပ်စက်သောအခါ
ငတ်မွတ်ခေါင်းပါးသောအခါ
စည်းစိမ်ပျက်စီးသောအခါ
ရန်သူဖမ်းမိသောအခါ
မင်းအိမ်တံခါး (တရားရုံး) ၌ အမှုဆိုင်ရသောအခါ
ခန္ဓာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုသာန်ကိစ္စ ကြုံသောအခါ
ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်း ဆွေကောင်း မည်၏။
( လောကနီတိ )
------------------------------------------------------------------------------------
"လင့်ကျင့်ဝတ်"
(၁) မိမိမယားအား မထီလေးစား မပြုရခြင်း။
(၂) ရှာဖွေရရှိ သမျှ ဥစ္စာတို့ကို အပ်နှံရခြင်း။
(၃) အခြားမိန်းမနှင့် ဖောက်ပြားကျူးလွန်ရန် မကြံစည် ရခြင်း။
(၄) မိမိမယားအား အ၀တ်တန်ဆာ ၀ယ်ယူဆင်ယင် ပေးရခြင်း။
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။
( မထီ မဲ့ကင်း၊ အပ်နှင်း ဥစ္စာ၊ မိစ္ဆာ မမှား၊ ၀တ်စား ဆင်ယင်၊ မြတ်နိုးကြင် ၊ ငါးအင် လင်ကျင့်ရာ။)
-----------------------------------------------------------------------------------------------------------------------
"မယားကျင့်ဝတ်"
(၁) အိမ်တွင်းမှု ကိစ္စများကို အဆင်ပြေစေရန် စီမံ ပြုလုပ်ခြင်း။
(၂) လင်ယောက်ျား ရှာဖွေ အပ်နှံသော ဥစ္စာကို ထိန်းသိမ်း စုဆောင်းခြင်း။
(၃) အခြား တစ်ပါးသော ယောက်ျားတို့နှင့် မမှားမယွင်း မဖောက်ပြန်ခြင်း။
(၄) နှစ်ဖက် ဆွေမျိုး၊ အိမ်နီးချင်း အလှူခံတို့အား မျှတစွာ ခွဲဝေပေးကမ်း လှူဒါန်းခြင်း။
(၅) အိမ်ထောင်မှု ကိစ္စအားလုံးတွင် မပျင်းမရိ ချစ်ခင်ဖွယ်ဖြစ်အောင် ကြိုးစားခြင်း။
(အိမ်တွင်းမှု လုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြည်ရှောင်၊ လျော်အောင် ဖြန့်ချိ၊ ပျင်းရိ မမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်ဝတ်စွာ)
------------------------------------------------------------------------------------------------------------------------------
"သခင်ကျင့်ဝတ် (အလုပ်ရှင်)"
(၁) အလုပ်သမားကို ၀ လင်အောင် ကျွေးခြင်း
(၂) လုပ်နိုင်သော အလုပ်ပမာဏကိုသာ ပေးအပ်ပြီး သင့်လျော်ချိန်တွင် ပြုလုပ်စေခြင်း
(၃) နာဖျား မကျန်းမာသောအခါ ပျောက်ကင်းသည်အထိ ဆေးကုသပေးခြင်း
(၄) ထူးခြင်းသော အစားအစာကို ရရှိတိုင်း ဝေငှပေးခြင်း
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက်တို့တွင် အနားပေး လွတ်လပ်စေခြင်း
(၀စွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင် ကုစေ၊ ငှဝေ ရသာ၊ အခါကို လွှတ် ၊ အရှင့်ဝတ် ၊ မချွတ် ငါးခုသာ)

Wednesday, October 6, 2010

ဒီဘုန်းကြီးကို ဒကာတို့ မကြည်ညိုဘဲ နေနိုင်သည်...

ဒီဘုန်းကြီးကို ဒကာတို့ မကြည်ညိုဘဲ နေနိုင်သည်...  
ဗုဒ္ဓဓမ္မ ဦးလောကနာထ

ဒီဘုန်းကြီးကို ဒကာတို့ မကြည်ညိုဘဲ နေနိုင်သည်...
အပ္ပသာဒပဝေဒနီယသုတ်-
ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ...
အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေရာကုန်၏။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
၁။ လူတို့အား လာဘ် မရစိမ့်သောငှါ အားထုတ်၏၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားထုတ်၏၊
၃။ လူကို ဆဲရေး၏၊ ရေရွတ်၏၊ (ခြိမ်းခြောက်၏)၊
၎။ လူအချင်းချင်း ကွဲပြားစေ၏၊
၅။ မြတ်စွာဘုရား၏ ဂုဏ်(ကျေးဇူး)မဲ့ကို ဆို၏၊
၆။ တရားတော်၏ ဂုဏ်(ကျေးဇူး)မဲ့ကို ဆို၏၊
၇။ သံဃာတော်၏ ဂုဏ်(ကျေးဇူး)မဲ့ကို ဆို၏၊
၈။ မကျက်စားသင့်သော နေရာ၌လည်း ထိုရဟန်းကို တွေ့မြင်ရကုန်၏။
ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ...
အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေကုန်ရာ၏။
***
ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ...
အလိုရှိကုန် လတ်သော် ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
၁။ လူတို့အား လာဘ် မရစိမ့်သောငှါ အားမထုတ်၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားမထုတ်၊
၃။ လူကို မဆဲရေး၊ မရေရွတ်၊
၎။ လူအချင်းချင်း မကွဲပြားစေ၊
၅။ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး)ကို ဆို၏၊
၆။ တရားတော်၏ ဂုဏ်(ကျေးဇူး)ကို ဆို၏၊
၇။ သံဃာတော်၏ ဂုဏ်(ကျေးဇူး)ကို ဆို၏၊
၈။ ကျက်စားသင့်ရာ၌ ထိုရဟန်းကို တွေ့မြင်ရကုန်၏။
ရဟန်းတို့ ဤအင်္ဂါ ရှစ်မျိုးတို့နှင့် ပြည့်စုံသောရဟန်းအား ...
အလိုရှိကုန် လတ်သော် ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏ ဟု (မိန့်တော်မူ၏)။

အပ္ပသာဒပဝေဒနီယသုတ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။
ဗုဒ္ဓဓမ္မ ဦးလောကနာထ

Saturday, October 2, 2010

ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး၏ သြ၀ါဒတော်များ

ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး၏ သြ၀ါဒတော်များ  
အင်ကြင်းသန့်


 
ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး
 
 
ရွှေကျင် သာသနာပိုင် သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီးသည် သီလစင်ကြယ်၏၊ ၀ိနည်း လေးစား၏။ ဘုရားရှင် အဆုံးအမ အတိုင်း နေထိုင် ကျင့်ကြံ၏။ ဘုရားရှင်၏ သာသနာတော်နှင့် ပတ်သက်လျှင် စကားလုံး တစ်လုံးကိုမျှ အတိမ်းအစောင်း မခံလိုပေ။ သာသနာတော် သန့်ရှင်းရေး ဟူသော စကားကို တွင်တွင် ကျယ်ကျယ် သုံးကြခြင်းကို နှစ်သက်တော် မမူပေ။
“သာသနာ သန့်ရှင်းအောင် ယခု သာသနာ သန့်ရှင်းရေးတဲ့၊ သာသနာက ရှုပ်ထွေးနေ၊ ညစ်ပတ်နေ၊ သာသနာ သန့်ရှင်းအောင် စယ်ကြယ်အောင် လုပ်ကြစို့ရဲ့ ဘာလေး ညာလေးနဲ့ ပေါ်လာတယ်။ စိတ်က အောက့်မေ့တယ်။ မြန်မာစကား သုံးထားတာက သာသနာ သန့်ရှင်ေးရး သုံးထားတယ်၊ ဒီစကား သိပ်ပြီး မှားနေတယ်။ သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ၊ ဘာမျှဖြစ်တာ မဟုတ်ဘူး။ လူတွေက မကောင်းလို့၊ လူတွေညစ်ပတ်လို့၊၊ လူမသန့်ရှင်းဘူး၊ ရဟန်းညစ်ပတ်တယ်၊ ရဟန်းမသန့်ရှင်းဘူး၊ သာသမဏေညစ်ပတ်တယ်၊ သာမဏေ မသန့်ရှင်းဘူး၊ ရဟန်းသန့်ရှင်း အောင်၊ သာသမဏေသန့်ရှင်းအောင်၊ လူသန့်ရှင်းအောင်၊ ပုဂ္ဂိုလ်တွေ သန့်ရှင်းအောင် လုပ်ဖို့ ကောင်းတယ်။ သာသနာ သန့်ရှင်းအောင် လုပ်ဖို့မလိုဘူး။

Monday, May 31, 2010

စည်းစိမ်ပျက်ကြောင်း ခြောက်ပါး

စည်းစိမ်ပျက်ကြောင်း ခြောက်ပါး

( ၁ ) မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၂ ) အချိန်အခါမဲ့ ( ညအခါ ) ၌ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၃ ) ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၄ ) မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၅ ) မကောင်းသော အဆွေခင်ပွန်းတို့ နှင့် ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၆ ) ပျင်းရိခြင်းလေ့ရှိခြင်းသည်   စည်းစိမ်ပျက်ကြောင်းတည်း ။

Thursday, May 13, 2010

“စိတ်ကိုပြုပြင် အလှဆင်”

“စိတ်ကိုပြုပြင် အလှဆင်”
နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်၊
အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း ရုပ်ဆင်းသတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်ကပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာရိုင်တတ်တယ်၊
ရိုင်မဲ့အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ ကံသာမူလရှိကြတယ်၊
သံသရာနယ် ချာချာလည် အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင် နာမ်မပြင် ရုပ်သွင်မလှ နာမ်မလှ၊
နာမ်ကိုသာပြင် ရုပ်မပြင် နာမ်စဉ်လဲလှ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင် ဥာဏ်ဓာတ်တင် လိုလျှင်ခဏနိဗ္ဗာန်ရ။
(မစိုးရိမ်ဆရာတော်ဘုရားကြီး)

Monday, April 26, 2010

ကိုယ့်ကိုယ်ကို ကြည့်
အခြားသူတို့၏ ချို့ယွင်းချက်၊ ဟာကွက်ကို၎င်း၊
ဘာလုပ်သည် ဘာမလုပ်သည်ကို၎င်း ကြည်ရှုမနေသင့်။
မိမိ ဘာကိုလုပ်သည်-ဘာကို မလုပ်ရသေးဟူသော အချက်ကိုသာ
ကြည့်ရှုဆင်ခြင်သင့်၏။
(ဓမ္မပဒ-ပုပ္ဖ၀ဂ်)

မိမိကိုယ်ကို ရှေးဦးစွာ ဆုံးမ
အခြားသူကို ဆုံးမသလို မိမိကိုယ်ကိုလည်း ဆုံးမရာ၏။
ကိုယ်တိုင်က ယဉ်ကျေးပြီးမှ အခြားသူကို ဆုံးမရာ၏။
အမှန်ကား မိမိကိုယ်ကိုသာ ဆုံးမရခက်၏။
( ဓမ္မပဒ-အတ္တ၀ဂ် )

သူတော်ကောင်းလက္ခဏာ
၅-ပါးရှိသည်။
ထို ၅-ပါးကို ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည်။ ဘုရားရှင်က-
အကြင်သူသည် သူတပါးကျေးဇူးကို သိတတ်၏။
ကျေးဇူးရှင်ကို ကျေးဇူးတတ်၏။
သူတော်ကောင်းနှင့် ပေါင်းသင်း၏။
မိတ်ဆွေဖြစ်သူ ဆင်းရဲနိမ့်ကျသွားသော်လည်း မျက်နှာမလွဲ၊ ခိုင်မြဲသော မိတ်ဆွေဖြစ်၏။
ဆင်းရဲသောသူ၏ အမှုကိစ္စကို ဂရုစိုက်၍ ဆောင်ရွက်တတ်၏။
ထိုသို့သဘောရှိသောသူကို သူတော်ကောင်းဟု ဆိုကြကုန်၏-ဟူ၍ ဟောကြားညွှန်ပြထားတော်မူသည်။
ထို့အပြင်-သူတော်ကောင်းတို့သည် ဆင်းရဲဒုက္ခနှင့် တွေ့ကြုံသောကြောင့်ဖြစ်စေ၊ နှိပ်စက် ညှင်းဆဲ ခံရသော ကြောင့်ဖြစ်စေ၊ ချစ်သောကြောင့်ဖြစ်စေ၊ အမျက်ရန်ငြိုးကြောင့်ဖြစ်စေ၊ မှန်ကန်သောတရားကို မစွန့်ကြချေ-ဟူ၍လည်း ဟောကြား ညွှန်ပြတော်မူထားသည်။
၅၅၀-ဇာတ်တော်လာ သရဘင်္ဂဇာတ်


စည်းစိမ်ဥစ္စာတွေ၊ အခြွေအရံတွေဆိုတာ ကံရဲ့ အကျိုးပေးတွေဗျ။ ကံတွေ မဟုတ်ဘူး။ ကံဆိုတာ ကိုယ်အားထုတ်တဲ့ ဒါန၊သီလ၊ ဘာဝနာတွေကို ခေါ်တာ။
(နတ်မောက်မြို့နယ်၊ ဥယျဉ်တောင်ကျောင်းဆရာတော်)

Thursday, April 22, 2010

"ရခဲသော ပုဂ္ဂိုလ်နှစ်ယောက်"
 လောက၌ ဤပုဂ္ဂိုလ်နှစ်ယောက်ကို အလွန်ရခဲ၏။
အဘယ်ပုဂ္ဂိုလ်နှစ်ယောက်နည်း ဟူမူ-
(၁) ရှေးဦးစွာ ကျေးဇူးပြုတတ်သော ပုဂ္ဂိုလ်နှင့်
(၂) သူ့ကျေးဇူးကို သိတတ်သော ပုဂ္ဂိုလ် ၂-ယောက်တို့ ဖြစ်၏။
( အင်္ဂုတ္တိုရ်)

အသက်တိုခြင်း အသက်ရှည်ခြင်း
အသက်တိုခြင်း အကြောင်းတရား ၅-မျိုးရှိသည်။
ယင်းတို့မှာ-
၁။ မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း။
၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်ခြင်း။
၃။ မကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း။
၎။ သီလမရှိခြင်း။
၅။ ယုတ်မာသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။
အသက်ရှည်ခြင်း အကြောင်းတရား ၅-မျိုးရှိ၏။
ယင်းတို့မှာ-
၁။ လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း။
၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်ခြင်း။
၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း။
၎။ သီလရှိခြင်း။
၅။ အဆွေခင်ပွန်းကောင်း ရှိခြင်းတို့တည်း။
( အင်္ဂုတ္တိုရ် ၃-ဂိလာန၀ဂ်၊ ၆-ဒုတိယ အနာယုဿာသုတ် )



"တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။ ကိုယ့်ကျောင်းနှင့် ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။ အပူအအေး ယှက်ထွေးကာဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။ မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော် သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊ သူတကာချမ်းသာလို့ ထင်မြင်ကြ။ သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့၊ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။"
(မင်းကွန်းဆရာတော် ဘုရားကြီး)


“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”
(စွန်းလွန်း ဆရာတော်ဘုရားကြီး)


"အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ မှန်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။ "
(ရွှေဟင်္သာဆရာတော်ဘုရား)


"၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့ စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်း မလုပ်နဲ့၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ်။
၃။ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။"
(ရွှေဥမင်ဆရာတော် ဘုရားကြီး)


"ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊ လုလ္လပြုအံ့။"
(သီတဂူဆရာတော် ဘုရားကြီး)


"လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်။"
(ဖားအောက်တောရ ဆရာတော် ဘုရားကြီး)


"ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး)ပဲလို့ လူတိုင်း သိနေပေမယ့် အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်..."
အရှင်ကောဝိဒ(မြိတ်)


"ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။"
အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)


"လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။ လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။ ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလသမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ ဒါကြောင့် အတိုချုပ် ပြောရရင် …လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။ "
(အရှင်ဝိစိတ္တ)


"သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။"
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)


"ပညာမဲ့သည် မိမိခန္ဓာကိုယ်ကို ကာမဂုဏ်အတွက် အသုံးချ၍ အပယ်သို့ သွားသည်၊ ပညာရှိသည် မိမိခန္ဓာကိုယ်ကို တရားရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။ "
အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)


"သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့် ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။ "
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

မာတိကာ


statistics

web tracker