လှိုင်းတွန့် ကောင်းကင်
မြတ်သင်း
“အနှိပ်စတဲ့၊ တုတ်ခတဲ့၊ အနှပ်တတဲ့။ ဇက်ကြောကလေး လျှော့ပေးပါဦး။
လက်မောင်းကလေး နှိပ်ပေးပါဦးနဲ့။ အနှိပ်ကလေးက စပြီ။ ဒီတော့ အနှိပ်စပေါ့။ တောင်ဝှေး မပါ ရင် ဘယ်မှ သွားလို့ မရဘူး။ တောင်ဝှေးကိုပဲ အားကိုးနေရတယ်။ တုတ်ကို ခနေရပြီ။ ဒီတော့ တုတ်ခပေါ့။ ငယ် တုန်းကလို တစ်ပွက်ဆူ ကလေးတွေ၊ စောင်းကျိုး ကလေးတွေ မ၀ါး နိုင်တော့ဘူး။ နူးနူးနပ်နပ် ဖြစ်အောင် နှပ်ထားတဲ့ ဟင်းမှ စားနိုင်တော့တယ်။ အနှပ်ကို တ ရပြီလေ။ ဒီတော့ အနှပ်တပေါ့။ အင်း ဒီလို အနှိပ်စ၊ တုတ်ခ၊ အနှပ်တ ဖြစ်နေတဲ့ အရွယ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးကို ပိုလို့ ဆင်ခြင်စီးဖြန်း နေရပြီပေါ့ သမီးရယ်”