မှန်ထဲက အဖေ့မျက်နှာ
လင်္ကာရည်ကျော်
(၁)
အိပ်ခန်းထဲမှာ မီးမှိန်မှိန်ကလေး ထွန်းထားသည်။
မိမိ နောက်ဆုံး အချိန်ကို ရင်ဆိုင် နေရသည့် တော်တော်များများသော လူတွေကို ခပ်မှောင် မှောင် အခန်းထဲမှာ နေရမှာကို အဖေကြောက်ဟန် မတူ။ အဖေက သိပ်သတ္တိ ကောင်းသော လူ တစ်ယောက်တော့ မဟုတ်။သာမန် ခေါင်းကိုက်တာ ကလေးတစ်ခု ထဲကို အဖေ အကျယ်ကြီး အော်ဟစ် ညည်းတွားသည်ကို သူမြင်ခဲ့ဖူးသည်။ ယခုတစ်ခါ နှလုံး ရောဂါဖြင့် အိပ်ရာထဲ လဲနေချိန်တွင်တော့ အဖေ အလွန် အေးချမ်းတည်ငြိမ်နေသည်ဟု ညီမလေး ပြောသည်။ မေမေ မရှိတော့၍ စွန့်ခွာရမည့် ဘ၀ကို သိပ်မတပ်မက်တော့တာပဲလား။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ စွဲစွဲမြဲမြဲ အားထုတ်ခဲ့သော တရားဓမ္မတို့တွင် အဖေ ကနဂိုကတည်းက အလွန် နားလည်ရ ခက် သူပေပဲ။