ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label စာပေ. Show all posts
Showing posts with label စာပေ. Show all posts

Friday, November 11, 2011

ဘယ်အခါမှ ရိုးမသွားသော ဦးရွှေရိုးအက

ဘယ်အခါမှ ရိုးမသွားသော ဦးရွှေရိုးအက

တက္ကသိုလ် ခင်မောင်ဇော်


မြန်မာတို့၏ အလှူပွဲ၊ ရှင်ပြုပွဲ၊ ဘုရားပွဲ၊ လူထုအခန်းအနားပွဲများ၌ အများဆုံးတွေရပြီး ပြည်သူနှင့် အများဆုံးထိတွေလာခဲ့သော အက တမျိုးမှာ 'ဦးရွှေရိုးအက' ဖြစ်သည်။ ဦးရွှေရိုးအကကို စင်မြင့်ထက်တွင်အမြင်ရနည်းသော်လည်း ပရိတ်သတ်အကြား၊ ပြည်သူများအကြား ၌ လမ်းလျှောက်မင်းသားအဖြစ် ကပြဖျော်ဖြေသည်ကို အများဆုံးတွေရသည်။ အကဟူသည် လူအများအားပျော်စေတဲ့သဘောသက် ရောက်သော အနုပညာတမျိုးဖြစ်သည်နှင့်အညီ ဦးရွှေရိုးအကသည်လည်း လူကြီး၊လူငယ်၊ကျားမ မရွေး ပွဲကြည့်ပရိတ်သတ်အားသဘော တွေ့ မနောခွေ့အောင် ဖျော်ဖြေတင်ဆက်သည့်အက ဖြစ်၏။

Wednesday, October 12, 2011

မီးပုံးလေးတွေ ဖြူပြာဝါနီ

http://www.perfectmagazineonline,com မှတဆင့်ကူးယူဖေါ်ပြပါသည်။

မီးပုံးလေးတွေ ဖြူပြာဝါနီ
မောင်ခင်မင်(ဓနုဖြူ)

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင
့်အညီ ရဟန်းတော်များ ၀ါဆိုဝါကပ်သည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ “၀ါဆို” နှင့် အဖွင့်အပိတ်ညီစွာ “၀ါကျွတ်” ဟု ရည်ညွှန်းလေ့ ရှိပါသည်။ ပုဂံခေတ်က သီတင်းကျွတ်လကို “သန်တူ” ဟုခေါ်သည်။ “သန္တု” ဟူ၍ ရေးသည်။ ဆရာကြီး ဦးဖိုးလတ်က “သန်” သည် “ကောက်၊ စပါး”၊ “တူ” သည် “ထောင်မတ်သည်” ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သန်တူ” ဆိုသည်မှာ

Monday, September 26, 2011

ကင်ဆာရောဂါအတွက် သဘောင်္ရွက်

       ကင်ဆာရောဂါအတွက် သဘောင်္ရွက်
       
 လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော် အယ်ဒီတာချုပ်  အဖြစ် တာဝန် ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင် ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာ တင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီး တစ်ဦး ဖြစ်သည်။ 

(ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ။)

Saturday, September 24, 2011

လက်ဖျားသံနှော မြန်မာတယော

လက်ဖျားသံနှော မြန်မာတယော
ရန်ဝင်း (တောင်တံခါး)

“စောင်း ညင်း မိချောင်း
အောင်းကလေး တခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး ”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆ )

လက်ထိပ်ဖျားနဲ့ ကြိုးကလေးတွေ ဖိနှိပ် ပွတ်ဆွဲ တီးခတ်ရာက ဖြစ်ပေါ်လာတဲ့ ဂီတသံကိုတေးသီချင်း မှာရောနှော ဖွဲ့ဆိုနိုင်စရာ မြန်မာ့ကြိုးတပ်တူရိယာ ‘တယော’ ကို ပျူခေတ်၊ ပုဂံခေတ်၊ စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ် ပထမပိုင်း နဲ့ ညောင်ရမ်းခေတ် အထိရှေးဟောင်း ပစ္စည်း၊ ကျောက်စာ၊ နံရံဆေးရေးပန်းချီ၊ ပေစာ၊ ပုရပိုက်တွေမှာ မှတ်တမ်း မှတ်ရာ တစုံတခုကိုမှ မတွေ့ကြရပါ။

Friday, September 23, 2011

ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု

လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… 
(ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)
  ငြိမ်းငြိမ်းနိုင်

ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှ မရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့ လူတွေရယ် လို့ မသတ်မှတ်သင့်ဘူး။    (ဒေါ်အောင်ဆန်းစုကြည် )

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

Friday, September 16, 2011

ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့ကျေးဇူးရှင် THE BUDDHA ( Part 01 )

(သီပေါ မဟာမြတ်မုနိ ဆရာတော် ဦးပညာသီရီ ရိုက်နှိပ်ပေးပို့ကျေးဇူးပြုပါသည်။)

ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့ကျေးဇူးရှင်
ဦးရွှေအောင်
THE BUDDHA
PEERLESS BENEFACTOR OF HUMANITY
BY------ U SHWE AUNG [M.A (Sanskrit)]
Translated by---- U HLA MAUNG (B.A, B.L.)

Part (01)

INTRODUCTION
[Those who want to learn about
the Buddha, the peerless benefactor of humanity, and emulate
his example should read this introduction
from the beginning to the end thoroughly.]
       Man begins his life with greed (lobha). ‘Lobha’ is defined in Pāli
‘bhava nikantika lobha’, which means [craving (tanhā) that adores
bhava (existence)]. In order to prevent his life from being ruined,
သီပေါ မဟာမြတ်မုနိဘုရားကြီး
man strives with lobha (greed) to get whatever he wants. This is only
natural.
It, however, is the nature of atta (love of self), which the virtuous
ones do not practice but strive to be able to get rid of.
It is true that one has to build one’s life according to the Buddhist doctrine.

သည်ဘက်ကမ်းမှ လွမ်းကိန္နရီ

သည်ဘက်ကမ်းမှ လွမ်းကိန္နရီ
မြနှောင်းညို
Pining Keinnari on this bank
Translated by Alfred Balwin



        CHAPTER I
At the right side of the sliding door of the uppermost apartment at the highest right corner of a four-storied duplex, a name plate reading Kyway Shin Thant, No. 16 is embedded in the wall. The window at the right side of the door, screened by the square mesh let see through a light green curtain of lace into the room.
A man wearing Ray ban sun glasses and a black T shirt stood by the window and stared into the sitting room.
The settee was not complete anymore but had only a double sitting chair apart from the table. Two folding chairs with faded polish stood here and there at the mid of the sitting room. Two dark green plastic stools were near the table. The faded green colored telephone on the table looked as though unwilling to enhance the dignity of the table.
On that settee, a young woman was sitting with the left knee on the seat and her right leg stretched out not quite touching on the floor.

Thursday, September 15, 2011

မေတ္တာစွမ်းအား (ဖြစ်ရပ်မှန်)

သို့

ယဉ်သင်းအိ ဓမ္မမိတ်ဆွေကြီးများရှင့်

ကန္နီဥပနိဿယ မောင်းထောင်မြေဇင်း တရားတော်များ ကို ယဉ်သင်းအိ blog မှ စတင်မိတ်ဆက် နာကြား မှတ်သား လေ့လာခဲ့ပါတယ်။..
ကျေးဇူးအထူး တင်ပါတယ်။..
တရားနည်းကိုအလွန်စိတ်ဝင်စားခဲ့ပါသောကြောင့်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် မှော်ဘီဲမြို့နယ် ရှိ အောင်မင်္ဂလာမြေဇင်းရိပ်သာတွင်တရားဝင်ခဲ့ပါသည်။..
လောကီ လောကုတ္တရာ ကျေးဇူး အလွန်များသောနည်းဖြစ်ပါသည်။..
လောလောဆယ်ဖြစ်ခဲ့သော NYC သို့ ပြင်းထန်စွာဝင်ရောက်ခဲ့သည့် Hurricane ဘေးရန်အား..
၁၀၀% မဟုတ်တောင် ရာနှုန်းအတော်များများ ဗုဒ္ဓနည်းအရ ကာကွယ်နိုင်ခဲ့သည်ဟု..ခံစားယုံကြည်မိပါသည်။..
ပူးတွဲပါအဖြစ်မှန်ကို ခံစားရေးသားခဲ့ပါသည်။..


ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် သာသနာအကျိုးဆတန်ဘိုးတိုး၍ ရွက်ဆောင်နိုင်ကြပါစေ။..

လေးစားစွာဖြင့်...........

NY နှင့် Hurricane Irene
မမွှေး (ခေတ္တ ရန်ကုန်)

8/24/11- (ရန်ကုန် 7:30 am)

Online ပေါ်တွင် ဖြစ် ပါသည်..

သမီး   ......  NY ကို Hurricane ဖြတ်မယ်တဲ့ မေမေ..Category -1 တဲ့ news တွေက          
                 သတိပေးနေကြတယ်။

အမေ  ......  ဘယ်တော့လဲ.. သမီးတို့ဘာတွေပြင်ထားကြလဲ။..

မြို့မငြိမ်း ၏ တောင်သမန်သို့ တမ်းချင်း

မြို့မငြိမ်း ၏ တောင်သမန်သို့ တမ်းချင်း
ရန်ဝင်း (တောင်တံခါး)

 “တောင်သမန်
ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
ညင်းလေယဉ် ပြေပြေ”
တောင်သမန်
မြို့မငြိမ်း (၁၉ဝ၉-၁၉၅၅)

ဂီတစာဆိုကြီး ဆရာမြို့မငြိမ်း ရေးဖွဲ့တဲ့ ‘တောင်သမန်’ သီချင်းကို  အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးက မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ခရစ်နှစ် ၁၉၄၉ ခုနှစ် ပြည်ထောင်စု သင်္ကြန်ပွဲကြီးမှာ တီးမှုတ်ခဲ့တယ်။

မန္တလေးမြို့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့

Sunday, September 4, 2011

တောင်ကတုံးကို ရောင်ထုံးမယ်

တောင်ကတုံးကို ရောင်ထုံးမယ်
ရန်ဝင်း (တောင်တံခါး)

မြန်မာပြည်ထဲမှာ သစ်တောတွေ ပြောင်တလင်းခါနေတဲ့ တောင်ကတုံးကြီးတွေ တနေ့တခြား တိုးပွားလာနေပြီ။
ကဗျာ့ကဝိအမော် ဆရာကြီး ဇော်ဂျီ သတိပေးပြီး ရေးခဲ့တဲ့ ကဗျာတပုဒ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာတုန်းက မြန်မာပြည် သစ်တောဝန်ကြီးဌာနမှာ ဆောင်ပုဒ်တခုအနေနဲ့ ကိုးကားခဲ့ဖူးတယ်။ ကားလမ်းဘေးတွေမှာလည်း အစိမ်းရောင် ဆိုင်းဘုတ်ကြီးတွေအပေါ်မှာ အဲဒီကဗျာကိုရေးလို့ သဘာဝ သစ်တော

အမျှ ဘာကြောင့် ယူရတယ်

အမျှ ဘာကြောင့် ယူရတယ်

အရှင်ဉာဏိကာဘိဝံသ

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ ပဋ္ဌာန်းစတဲ့ အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင်တန်းရဲ့ သုံးနှစ်ပတ်လည်အဖြစ် ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျှောက် ထားတယ်ဆိုပါမှ ဘာဖြစ်လို့ ခုလို မူလတန်းကလေးတွေအတွက် ပြဌာန်းထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာ တစ်ပုဒ်ကို လာရွတ်နေရတာလဲလို့

Friday, September 2, 2011

ခေါင်းလောင်းသံ ငါတို့ကြား

ခေါင်းလောင်းသံ ငါတို့ကြား
ဉာဏ်ဦးမောင်

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

သြဂုတ်လရဲ့ နွေနှောင်းရက်ကျန်က ကုန်လုကုန်ခင်။ မနက်ဖန်ဆိုလျင်ဖြင့် စက်တင်ဘာလရဲ့ ပထမနေ့။ နွေနေ ရှိန်ရဲ့ အပူငွေ့တို့လည်း ဒီနေရာလေးကနေ ပြန်လည်ထွက်ခွါသွားဖို့ ပြင်ဆင်နေကြပြီပေါ့။ ညပိုင်းများမှာဆို ဆောင်းကိုလှုပ်နှိုးမယ့် လေနုနု အအေးစက ခပ်ဟဟလေး လှစ်ထားတဲ့ ပြူတင်းကြားကနေ ဖွဖွလေး တိုးလို့ပင် ဝင်လာတတ်ပြီ။ ပြင်ပက အအေးဒဏ်ကို ခိုလှုံဖို့ တိုးလျိုးကာ ဝင်လာလေသလား၊ အဆောင်တွင်းနေသူကို အေး ချမ်းမှုပေးနိုင်စေဖို့ တိုးလျိုးဝင်လာလေသလား၊ ဒါကိုဖြင့် ခွဲခြားလို့တော့ မသိနိုင်ပါလေပြီ။

နံနက်ခင်းလင်းစ ပြူတင်းဝကနေ အရှေ့ဖက်ဆီကို မျှော်ကြည့်လိုက်လျင်ဖြင့် ဆောင်းဦးအငွေ့ မြူစိုင်များက ဟေးဝဒ်မြို့လေးရဲ့ တောင်တန်းတွေပေါ် မေးတင်ကာ မှေးစက်လို့။ မြူဆိုင်ကြားကနေ တိုးလျိုးကာထွက်လာတဲ့ နေရောင်ခြည်အလင်းတန်းများက မြူငွေ့ကြာမှာ ရွှေရောင်လက်ချောင်းတွေ အပြိုင်းပြိုင်းကျနေဟန်။ အိပ်ပျော် နေတဲ့ မြူစိုင်တွေကို အိပ်ရမှထဖို့ လက်တို့ကာ နှိုးနေသယောင်ထင်ရ။ အမျိုး မသိ၊ အမည်မတတ်နိုင်တဲ့ ခံစား မှု တစ်ခုက မြူကြားက လုထွက်လာတဲ့ နေရောင်ခြည်တန်းများနှယ် ရင်ထဲက တိုးထွက်လာသလို ခံစားမိတယ်။ မြူဝေ၊ ပန်းသင်း၊ လေညင်းသွဲ့သွဲ့၊ လွမ်းတေးဖွဲ့သီ၊ ဥသြတီတာ၊ လွမ်းဖွယ်သာသည့်၊ ကိုယ်မွေးဖွားရာ၊ အညာ ဒေသ၊ နွေဝင်စရဲ့ ပုံအလှကို မှန်းကာ မြင်လာမိရတယ်။
မကြာမီမှာပဲ ကိုယ်နေထိုင်ရာ နေရာလေးရဲ့ ရှေ့လမ်းမကနေ ကျောပိုးအိပ်လေးတွေ ကိုယ်စီလွယ်လို့ အစုလိုက် အဖွဲ့လိုက် ကလေးငယ်တွေ ဖြတ်သန်းသွားကြတော့မယ်။ နံနက်လင်းစ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ဒီအချိန် အခါမျိုးမှာ အေးချမ်းစွာ လှုပ်ရှားသွားလာနေကြတဲ့ ကလေးငယ်လေးတွေရဲ့ အမူအယာက နံနက်ခင်းရဲ့ ကောင်း ခြင်းမင်္ဂလာကို ပိုမိုကြွရွလာသလားထင်ရတယ်။ နုပျိုမှုနဲ့ တက်ကြွမှုဆိုတာက လောကအတွက် အားတက်ဖွယ် အလှများပေပ။ ပညာသင်ချိန်မှာ ပေါ့ပါးလွတ်လပ်စွာ၊ ကြောင့်ကြစိုးရွံ့ခြင်းကင်းစွာ ပညာသင်ခွင့်ရဖို့အရေးက ကလေးငယ်တွေအတွက် အဓိက လိုအပ်ချက်တစ်ခုသာပ။
ဒီနေရာလေးကို ရောက်ရှိနေထိုင်ခဲ့တာ နှစ်လနီးပါးရှိပြီ။ စရောက်ချိန်က ဇူလိုင်လဆန်းပိုင်းမှာဆိုတော့ ကျောင်း တွေပိတ်ထားချိန်။ နေထိုင်ရာ အဆောင်လေးရဲ့ ဆင်ဝင်အောက်ကနေ လှန်းမျှော်ကြည့်လိုက်ရင် အဆောင်လေး ရဲ့ ရှေ့နားကပ်လျက်က

စုဖုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော်

စုဖုရားလတ်၏ စိန်ဒေါင်းရုပ် ခါးစည်းတော်
မောင်သန်းဆွေ(ထားဝယ်)

Stone Encrusted Peacock Design Gold Belt (from  http://www.thestylebliss.com by Dizzie Sim)

စာရေးဆရာများထံ စာဖတ် ပရိသတ်မှ ပေးစာ၊ မေးစာများ လာတတ်ပါသည်။ သူတို့ စာထဲတွင် ချီးမွမ်း စာလည်း ပါ၏။
အပြစ်တင် ဝေဖန်စာလည်း ပါ၏။ မှားနေသည်ကို ထောက်ပြသော စာလည်းပါ၏။ ပြင်စေလိုကြောင်းလည်း ဖော်ပြတတ်သည်။ မသိသည်ကိုလည်း မေးတတ်ပါသည်။ သူတို့ထံ အရေးတယူ စာပြန်လျှင် အလွန် ၀မ်းသာကြပါသည်။  ထို့ကြောင့် စာရေးဆရာများ အနေဖြင့် စာဖတ်ပရိသတ်ကို အလေး ဂရုပြုသင့်သည်ဟု ထင်ပါသည်။ စာရေးဆရာတို့၏ လိပ်စာကို မဂ္ဂဇင်းများထံ မေး၍ ဆက်သွယ်ကြခြင်း ဖြစ်သည်။

ယခုအခါ စာဖတ်ပရိသတ်များထံမှ စာမလာတော့ဘဲ ဖုန်းလာတတ်သည်။ ခေတ်ပြောင်းသွားပြီ။ စာဖတ်ပရိသတ်က စာရေးဆရာကို ဖုန်းနှင့်သာ ဆက်သွယ်တော့သည်။ နောက်များ မကြာမီ အင်တာနက်မှ ဆက်သွယ်တော့မည် ထင်ပါသည်။ မနှစ်က မဟေသီ မဂ္ဂဇင်း အယ်ဒီတာ ဆရာ ၀င်းသူရက စာရေးသူထံ  ဖုန်းဆက်ပါသည်။ စာရေးသူ၏ စာဖတ် ပရိသတ်တစ်ဦးက ဖုန်းဆက်ကြောင်း၊ သူ့ဖုန်းနံပါတ်ကို ပေး၍ ပြန်ဆက်ရန် ပြောကြောင်း၊

Thursday, September 1, 2011

ဂဠုန်ဦးစောနှင့် စုဖုရားလတ်၏ ကျောက်စိမ်းလက်ကောက် တစ်ဖက်

ဂဠုန်ဦးစောနှင့် စုဖုရားလတ်၏ ကျောက်စိမ်းလက်ကောက် တစ်ဖက် 
မောင်သန်းဆွေ (ထားဝယ်)


ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်းတရားကြီး၏ လက်ထက်တော်တွင် ၁၂၂၈ ခုနှစ်၌ ဗြိတိသျှ နယ်ချဲ့အား အန်တုရန် ခေတ်မီသော နိုင်ငံတော်ကြီး တည်ဆောက် နေသည့် အိမ်ရှေ့စံ ကနောင်မင်းကို တူတော် (သမက်လည်း တော်လည်းဖြစ်) မြင်ကွန်း မင်းသားက လုပ်ကြံလိုက်၍ ကျဆုံးခဲ့ရသည်။ ခေါင်းဆောင်ကောင်း မဲ့၍ မြန်မာပြည်လည်း သူ့ကျွန် ဖြစ်ခဲ့ရလေသည်။ သူ့ ကျွန်ဘ၀မှ လွတ်မြောက်ရန် ကြိုးစား နေသော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း ဂဠုန်ဦးစောက လုပ်ကြံ၍ သတ်ဖြတ် လိုက်သဖြင့် မြန်မာ့သမိုင်းတွင် ရာဇ၀င်ရိုင်းကာ ဂဠုန် ဦးစောသည် နှစ်ဆယ် ရာစုနှစ်၏ မြင်ကွန်း မင်းသားဘွဲ့ ခံသွားလေသည်။

၁၉ ရာစုနှစ်က မြင်ကွန်း မင်းသားကြောင့် နန်းလျာကောင်းမဲ့၍ မထင်မှတ်ဘဲ ဘုရင်ဖြစ်ခဲ့ရသည့် သီပေါမင်းတရား၏ အဂ္ဂမဟေသီ၊ နန်းမတော် စုဖုရားလတ် ပိုင်သည်ဆိုသော ကျောက်စိမ်းလက်ကောက် တစ်ဖက်နှင့် ၂၀ ရာစုနှစ်မှ မြင်ကွန်း မင်းသားဟု ခေါ်တွင်သည့် ဂဠုန်ဦးစောတို့ ပတ်သက်ခဲ့ရပုံကို

Monday, August 22, 2011

သူစိမ်းအိမ်ရဲ့ အရိပ်ဝယ်

သူစိမ်းအိမ်ရဲ့ အရိပ်ဝယ်
အရှင်ဉာဏိက


ငိုမြည်တမ်းဟစ်

လွမ်းချစ်လေလဲ

စွန့်ခဲ့မြဲပင်

စဉ်ထာဝရ

ချိန်တန်ကြသော်…

ဘဝအငူ

ကမ်းဂမူလယ်

နေတူကွယ်ပျောက်

ဆီမီးတောက်ငြိမ်း

ခန္ဓာသိမ်းပြီ

သူစိမ်းအိမ်ရဲ့

အရိပ်ဝယ်…


ကိုယ်နဲ့ရင်းနှီးသူ တစ်ဦးဦး ကိုယ့်အသိုက်အမြုံ ကိုယ့်ဘဝထဲက ခွဲခွါထွက်သွားတာမျိုးနဲ့ တွေ့

ရသူတိုင်း အနည်းနဲ့အများ စိတ်မကောင်းဖြစ်မိတတ်ကြမှာပါ။ ဒီအထဲကမှ အပြီးအပိုင် ထွက်ခွါ

Sunday, August 21, 2011

အလှူခံပုဂ္ဂိုလ် ရွေးသင့် မရွေးသင့်

အလှူခံပုဂ္ဂိုလ် ရွေးသင့် မရွေးသင့် 

အရှင်သြသဓ

မေး။ ။ တပည့်တော်တို့ အလှူအတန်းလုပ်လို့ ဘုန်းကြီးများ ပင့်ဖိတ်သောအခါ ရွေးချယ်၍ ဖိတ်သင့်ပါသလား၊ သို့မဟုတ် ရှိသောဘုန်းကြီးအားလုံးကို မရွေးချယ်ဘဲ ဖိတ်သင့်ပါသလား။ ဘယ်ဟာက ပိုသင့်တော်ပါသလဲ ဘုရား။ (ဦးဉာဏ်ရှိန်၊ Daly City)

အထက်ပါမေးခွန်းနှင့်ပတ်သက်၍ ဒါနအကြောင်း အနည်းငယ် သိမှတ်ဖွယ်ရာများကို အကျဉ်း ဖြေဆိုပါမည်။
အကျယ်ကို ပြည့်ပြည့်စုံစုံ သိလိုပါလျှင်

Thursday, August 11, 2011

မမြင်ရသောအနာ THE INVISIBLE WOUND

မမြင်ရသောအနာ
THE INVISIBLE WOUND
မောင်ထွန်းသူ
      တစ်နံနက်ခင်းတွင် နာမည်ကြီး ခွဲစိတ်ကုဆရာဝန်ကြီးထံသို့ အရေးတကြီးလူနာတစ်ဦး ရောက်လာသည်။ သူရောက်လာချိန်တွင် ဆရာဝန်ကြီးမှာ အိပ်ရာမှပင် မနိုးသေး။ လူနာက သူ့ကိစ္စမှာ အလွန်အရေးကြီးသဖြင့် တစ်မိနစ်ခန့်ပင် ရွှေ့ဆိုင်း၍မဖြစ်ဟု ပြောသည်။ သူ့အား ချက်ချင်း ကြည့်ရှုကုသပေးမှ ဖြစ်မည်ဟုလည်း ဆိုနေသည်။ ဆရာဝန်ကြီးသည် အိပ်ရာမှ လူးလဲထကာ သူ့အိမ်စေအား ခေါင်းလောင်းတီး ခေါ်သည်။
      “လူနာကို ဝင်ခွင့်ပေးလိုက်ပါ” ဟု အစေခံအား ပြောသည်။

Wednesday, August 10, 2011

ဘာသာစကားမှသည်…ဘာသာတရားဆီသို့


ဘာသာစကားမှသည်…ဘာသာတရားဆီသို့

လင်းဝံသ

 
“ဘာသာ”ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် အကြမ်းဖျင်းအားဖြင့် ဒီလိုတွေ့ရမှာပါ။
၁။ ယုံကြည်ကိုးကွယ်သည့်အရာ
၂။ ပြောဆိုသုံးစွဲသောစကား
၃။ အကြောင်းအရာတခု
ဥပမာအားဖြင့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ။ ဗမာစကား၊ အင်္ဂလိပ်စကား။ သင်္ချာဘာသာ၊ ရူပဗေဒဘာသာ။ ဒါဟာ အကျဉ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး ဥပမာပေးကြည့်တာပါ။ ဒီ့ထက်မက ကျယ်ပြန့်နက် ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ဥပမာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

Sunday, August 7, 2011

ယောဂီဆန်းသုံးယောက် နှင့် ဘုရားပေးသော အငိုက်ပျောက်ဆေး

ယောဂီဆန်းသုံးယောက် နှင့် ဘုရားပေးသော အငိုက်ပျောက်ဆေး
ကံထွန်းသစ်

ဖေါ့ဝိန်းမြို့က ဇေတဝန်ရိပ်မှာ နွေခိုစဉ် ယောဂီထူး သုံးယောက်နှင့် ဆုံခဲ့သည်။  ကိုသုည၊ ကိုရမ်းကား နှင့် ကိုဂွမ်တီ၊ နာမည်တွေက ဆန်းသလို စရိုက်တွေကလည်း ထူးဟန်ပင်၊ ထိုအမည်များကို သူတို့၏ စရိုက်များကြောင့်ရခဲ့သော အနွတ္ထသညာများဟု သိရသည်။ မိမိသိလိုက်ရသော ထုပ္ပတ် အစွန်းအစလေးများကလည်း သက်သေခံနေကြသည့်နှယ်။
ကိုသုည၊  သူက တောင်စွန်းသား၊  ၁၉၈၈ ခုနှစ်နောက်ပိုင်း တော်လှန်နယ်မြေသို့ ရောက်လာသူ၊ လက်ယဉ်သည် တဲ့၊ ထစ်ခနဲဆို ရိုက်ပြီးသား၊

ကြည်ညိုထိုက်သော ရဟန်းတော်များ


ကြည်ညိုထိုက်သော ရဟန်းတော်များ
ဘဒ္ဒန္တ ကုမာရ-အဘိဓဇမဟာရဋ္ဌဂုရု

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက် ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင် ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို ကြည်ညိုကြရမယ်။
( ရဟန်းအလုပ် - ဓုရ ၂-ပါး )
မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ်

မာတိကာ


statistics

web tracker