ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



yinthinnei magazine

ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, May 11, 2013

မြစိမ်းတောင်မှ သာသနာ့ အောင်လံ



မြစိမ်းတောင်မှ သာသနာ့ အောင်လံ 

သန့်ဇင်


မြစိမ်းတောင်။
အမည်လေးက လှသည်။ တိုက်ကြီးမြို့ နယ်ဘက်မှာ မြစိမ်းတောင် ရှိသည်ဟု ကြားဖူးသည်မှာ ကြာခဲ့ပြီ။ ရန်ကုန်နှင့် တိုက်ကြီးက မိုင် (၅၀)ခန့် သာဖြစ်၍ ဘာမှမဝေးလှပါ။ သို့ သော် မရောက်ဖြစ်ခဲ့။ မိမိသည် မြန်မာပြည် နေရာအတော် များများရှိ အဓိဋ္ဌာန်ဝင်ရာတောင် တော်တော်များများ၌ အဓိဋ္ဌာန် ဝင်ခဲ့ဖူးပါသည်။ ယခု မြစိမ်းတောင်ကိုတော့ မရောက်ခဲ့ပါ။ နီးလျက်နှင့်ဝေးနေခြင်းဖြစ်ပါသည်။ သို့ ဖြစ်၍ အားလပ်သောနေ့ တစ်နေ့ ၌ မိတ်ဆွေဖြစ်သူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သင်္ဘောဆလင်းကြီး ကိုမောင်ချို နှင့်အတူ မြစိမ်းတောင်ရှိရာ တိုက်ကြီးမြို့နယ်ဘက်သို့  ရောက် ခဲ့ ပါတော့သည်။

Wednesday, May 8, 2013

ကျွန်တော့်အသည်းမာခဲ့ပါတယ်


ကျွန်တော့်အသည်းမာခဲ့ပါတယ်
ဆရာစောနေဝင်း (ရူပဗေဒ)


ဒီဘက်နှစ်တွေမှာ အသည်းရောဂါနဲ့ ပတ်သက်လို့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာ ရတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းခြောက်တာတဲ့။ ခန္ဓာရှိရင် ရောဂါရှိမယ်ဆိုတာ သိပါတယ်။ အရင် တုန်းကတော့ အရက်သောက်ရင် အသည်းရောဂါဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အခု ဒီရောဂါ တွေက အဖြစ်များလွန်း လာပြီး အရက်၊ ကွမ်း၊ ဆေးလိပ်တွေနဲ့ ဘာမှမပတ်သက် ဘာမှမသောက် စားတဲ့သူတွေ လည်း ဖြစ်လာကုန်ကြတယ်။ ဖြစ်ပြီးရင်လဲ အများစုက အသက်ဆုံးပါးကြရတယ်။ ဒါကို မစဉ်းစားပဲ မနေ သင့်တော့ ဘူး။
ကျွန်တော် ဆရာဝန်မဟုတ်ပါဘူး။ စာရေးဆရာလဲ မဟုတ်ပါဘူး။ ကျွန်တော် ဒီရောဂါကို မလိုချင်ဘဲ လက်ခံလိုက်ရတဲ့ သူပါ။ ကျွန်တော့်ရဲ့အတွေးအခေါ်နဲ့ ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေကို မျှဝေယုံ သက်သက်ဖြင့် သာ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

Monday, April 8, 2013

ဝေဘူဆရာတော်ဘုရားကြီး နှင့် ဆရာကြီး ဦးဘခင်

http://buddhismworld.ning.com မှတဆင့်ကူးယူဖေါ်ပြပါသည်။

"ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး အား ဆရာကြီး ဦးဘခင် မှ ဖူးမျှော်ခဲ့စဉ်က"




"ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး"
(၁၈၉၅-၁၉၇၇)
နှင့်
"ဆရာကြီး ဦးဘခင်"
(၁၈၉၉-၁၉၇၁)



၁၉၄၁-ခုနှစ်တွင် "ဆရာကြီးဦးဘခင်"သည် မီးရထားဋ္ဌာန "စာရင်းကိုင်အရာရှိ" ဖြစ်လာသည်။ထိုနှစ် "ဇူလိုင်လ"တွင် ဆရာကြီးသည်"မြစ်သားဘူတာ"သို့ စာရင်းစစ်ရန် ရောက်လာခဲ့သည်။အလုပ်ဝတ္တရားပြီးသည့်အခါတွင်ဆရာကြီးသည်"ကျောက်ဆည်ဘူတာ" ၌ရက်အတော်ကြာ တာဝန်ဆောင်ရွက်ရင်း ဘူတာရှေ့တည့်တည့်ရှိ"ရွှေသာလျောင်းတောင်"ကြီး ကိုတွေ့ရာ မဆိုင်းမတွပင် "ကျောက်ဆည် လက်ထောက်ရုံပိုင်"နှင့်တောင်ပေါ်တက်ခဲ့လေသည်။

တောင်ပေါ်တွင်ဘုရားဝတ်ပြုဆုတောင်းပြီးနောက် ပတ်ဝန်းကျင် လှည့်ပတ်ကြည့်ရှုရာ "၀ါးတဲကျောင်း"လေးတစ်ကျောင်းကိုတွေ့ရသည်။ ပါလာသူ လက်ထောက်ရုံပိုင်အားစုံစမ်းကြည့်ရာ "၎င်းကျောင်းကလေးတွင် အလွန်ကြည်ညိုဖွယ်ရာဆရာတော်တစ်ပါး သီတင်း သုံးနေထိုင်ကြောင်း၊(ဝေဘူလတောင်စွယ်)ကို အမှီပြု၍ (ဝေဘူဆရာတော်)ဟုခေါ်တွင်ကြောင်း၊
အနီးအနားပတ်ဝန်းကျင်မှ လူအများက ဆရာတော်ကြီးအာ ရဟန္တာတစ်ပါးဖြစ်ကြောင်း၊ယုံကြည်ကိုးကွယ်နေကြကြောင်း"ပြောပြသည်။

Thursday, April 4, 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း


လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။



နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

"မင်းကွန်းဆရာတော်ကြီး ၏ အံ့သြ ကြည်ညိဖွယ်ရာ စိတ်ထားတော် "

http://buddhismworld.ning.com မှတဆင့်ကူးယူဖေါ်ပြပါသည်။


"မင်းကွန်းဆရာတော်ကြီး ၏ အံ့သြ ကြည်ညိဖွယ်ရာ စိတ်ထားတော် "




မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ
မင်းကွန်းဒုတိယ ဓမ္မနာဒတိုက်ဆရာတော်၊
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊
အဂ္ဂမဟာပဏ္ဍိတ၊
အဘိဓဇမဟာရဋ္ဌဂုရု၊



ကျန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော်၏ စာအုပ်ပုံ ထဲမှ ဘယ်ကနေ ဘယ်လို ရှာဖွေတွေ့မိလိုက်သည်မသိ။
"နှစ်ဆယ်ရာစု၏မဟာလူသား"ဟု အမည်ပေးထားသော စာအုပ်ကို တွေ့လိုက်မိပါ၏။ထိုစာအုပ်တွင်ပါဝင်သည့်အကြောင်းအရာမှာ "မင်းကွန်းဒုတိယဓမ္မနာဒတိုက်ဆရာတော်၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု အရှင်ဝိစိတ္တသာရာဘိဝံသဆရာတော်ကြီး"၏"ထေရုပ္ပတ္တိ"ဖြစ်ပါသည်။

ရေးသားပူဇော်သူက"တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဋ္ဌာန"ဖြစ်၍ (၂၀၀၄)ခုနှစ်တွင် "မြန်မာသမိုင်းအဖွဲ့ နှစ်(၅၀)ရွှေရတုအထိမ်းအမှတ်စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေရေးကော်မတီ"မှ ထုတ်ဝေခဲ့သည် ဆိုပါ၏။

"စာပေကျမ်းဂန်နှံ့စပ်ပြီးဗဟုသုတကြီးသောပုဂ္ဂိုလ်များ"ကိုကျွန်တော်အလွန်"လေးစား"တတ်ပါသည်။"ကိုယ်ပိုင်ဉာဏ်ကိုဝံ့ဝံ့စားစား,စူးစူးရှရှသုံးတတ်သောပုဂ္ဂိုလ်များ"ကို"ရိုသေ"တတ်ပါသည်။ထို"နှစ်ပါးစုံသောပုဂ္ဂိုလ်"တို့ကိုကား"ကြည်ညိုအားကျခြင်း"ဖြစ်မိတတ်ပါသည်။

"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး"မှာကျွန်တော်"ကြည်ညိုအားကျ"မိသောအရှင်သူမြတ်ကြီးဖြစ်ပါသည်။"မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး"အကြောင်းသိမီလိုက်ကြသူများအနေဖြင့်ကျွန်တော့်အဆိုကို သဘောတူကြမည်ဟု ယူဆပါသည်။

ထို"နှစ်ဆယ်ရာစု၏မဟာလူသား"အမည်ရစာအုပ်ထဲမှကျွန်တော့်အာရုံကိုဆတ်ကနဲလှုပ်နှိုးလိုက်ပုံကပဲစပြီးတင်ပြလိုက်ပါရစေ။

Monday, April 1, 2013

သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီး

သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီးဟောကြားတော်မူခဲ့သောတရားတော်များ နာယူရန်


သံဝေဂယူဖွယ်ရာ... သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး၏ နောက်ဆုံးနေ့ ရက်များ



Thursday, March 21, 2013

မူလ ပထမ ထူးကြီးဆရာတော်

ပါရာယနဝဂ် ပါဠိတော်ဟောစဉ် ဝိပဿနာရှုနည်းကျမ်း အစရှိသောကျမ်းကြီးများကိုရေးသားပြုစု စီရင်တော်မူခဲ့သော ........

သီတဂူဆရာတော်ဘုရားကြီး၏ သင်ဆရာ မြင်ဆရာ ကြားဆရာတစ်ဆူဖြစ်ခဲ့တော်မူသော ........

မူလ ပထမ ထူးကြီးဆရာတော် အရှင်ဝဏ္ဏိဿရ မထေရ်မြတ်ဟောကြားတော်မူခဲ့သောတရားတော်များ



မာတိကာ


statistics

web tracker