ရွှေဘိုသူ မခင်ဦး
ခင်ဆွေဦး
ခင်ဆွေဦး
၁။
ခြံဝိုင်းကြီးထဲ မန်ကျည်းပင်၊ သီးပင်များ၊ မရမ်း၊ သရက်ပင်များ အပြင် သပြေညိုပင်တို့ အုံ့အုံ့ဆိုင်းဆိုင်းနှင့် ညိုမှိုင်းကာ အားလုံး ပွင့်ခိုင်သီးမှည့် လေအလာ သီးကင်းတွေ တဖြုတ်ဖြုတ် ကျကြွေလေသည်။
တော်သလင်းနေ ပုဇွန်သေ ပူအိုက်လှတဲ့ အချိန်တွင် အညာမိုးခေါင်းဆဲပေမယ့် အသီးအပွင့်များနှင့် သစ်ရိပ်တို့မှာ အအေးဓာတ် ဆောင်လာလေသေးလို့ ခံသာပါသေးသည်။ သည်အချိန်၊ သည်ကာလ၊ သည်နေရာဒေသမှာ မခင်ဦးအတွက် “ညီမလေး” မွေးဖွားခဲ့သည်။ သူ့အစ်မလို အသားမဖြူလှ၊