ယဉ်သင်းအိ ဓမ္မမိတ်ဆွေကြီးများရှင့်
ကန္နီဥပနိဿယ မောင်းထောင်မြေဇင်း တရားတော်များ ကို ယဉ်သင်းအိ blog မှ စတင်မိတ်ဆက် နာကြား မှတ်သား လေ့လာခဲ့ပါတယ်။..
ကျေးဇူးအထူး တင်ပါတယ်။..
တရားနည်းကိုအလွန်စိတ်ဝင်စားခဲ့ပါသောကြောင့်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် မှော်ဘီဲမြို့နယ် ရှိ အောင်မင်္ဂလာမြေဇင်းရိပ်သာတွင်တရားဝင်ခဲ့ပါသည်။..
လောကီ လောကုတ္တရာ ကျေးဇူး အလွန်များသောနည်းဖြစ်ပါသည်။..
လောလောဆယ်ဖြစ်ခဲ့သော NYC သို့ ပြင်းထန်စွာဝင်ရောက်ခဲ့သည့် Hurricane ဘေးရန်အား..
၁၀၀% မဟုတ်တောင် ရာနှုန်းအတော်များများ ဗုဒ္ဓနည်းအရ ကာကွယ်နိုင်ခဲ့သည်ဟု..ခံစားယုံကြည်မိပါသည်။..
ပူးတွဲပါအဖြစ်မှန်ကို ခံစားရေးသားခဲ့ပါသည်။..
ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် သာသနာအကျိုးဆတန်ဘိုးတိုး၍ ရွက်ဆောင်နိုင်ကြပါစေ။..
လေးစားစွာဖြင့်...........
NY နှင့် Hurricane Irene
မမွှေး (ခေတ္တ ရန်ကုန်)
8/24/11- (ရန်ကုန် 7:30 am)
Online ပေါ်တွင် ဖြစ် ပါသည်..
သမီး ...... NY ကို Hurricane ဖြတ်မယ်တဲ့ မေမေ..Category -1 တဲ့ news တွေက
သတိပေးနေကြတယ်။
အမေ ...... ဘယ်တော့လဲ.. သမီးတို့ဘာတွေပြင်ထားကြလဲ။..
သမီး ...... အင်း..ဘာမှမလုပ်ရသေးဘူး..စားစရာတော့ဝယ်ရမယ်ထင်တာဘဲ။
(အတွေ့အကြုံမရှိသောသမီးကပြော၏။)
အမေ ...... news တွေကပြောတဲ့အတိုင်းလိုက်နာနော်.. mayor ကတော့ well prepare
လုပ်ပေးနေတယ်မဟုတ်လား။
သမီး ...... ဟုတ်တယ် သူက သတိပေးစကားတွေလဲခဏခဏလာနေတယ်။..
ပြီးတော့ rescue center တွေလဲဖွင့်ပေးမယ်တဲ့..။
8/26/11-(ရန်ကုန် 8:00 am)
အမေ ..... သမီး Hurricane ကဘယ်လိုလဲ။
သမီး ..... East Coast ကိုတော့ ဝင်လာနေပြီ။..
TV ထဲမှာပြနေတယ်..တော်တော်ပြင်းတာဘဲ..ပြီးတော့
လမ်းကြောင်းထဲမှာပြနေတာတော့ Hurricane ရဲ့Eye က
NY City ကိုဖြတ်မယ်တဲ့…။
အမေ ..... မြတ်စွာဘုရား…
သမီး ..... မပူပါနဲ့မေမေ..သမီးတို့စားစရာရော..ရေရော တပတ်စာဝယ်ထားတယ် ..။
stores တွေမှာ…ရေဝယ်လို့ မရတော့ဘူးမေမေ..ကုန်နေပြီ..။
ပြီးတော့အိမ်နားမှာလဲ rescue center ဖွင့်ထားတယ်..။
တချို့ လူတွေက တခြား state ခဏပြောင်းနေကြတယ်။
မေမေ့အသိတွေတောင်ပါသေးတယ်။
ဘာလို့ဒီလောက်ကြောက်နေသလဲမသိဘူး…..
(အန္တရာယ်ကိုမသိနားမလည်သဖြင့်အေးအေးဆေးဆေးဖြစ်နေ၏။)
အမေ .... ဒါ အန္တရာယ်ကြီးလို့ သူတို့တွေရွေ့ကြတာဘဲ..။
ဘုရားတရားမမေ့ကြနဲ့..သတိနဲ့နေကြနော်..။
ဟိုမှာရှိတဲ့ လူကြီးတွေနဲ့လဲ တိုင်တိုင်ပင်ပင် နေကြ၊ လုပ်ကြနော်…။
မေမေ အမြဲonline ဖွင့်ထားမယ်။ တခုခုဆိုရင်ချက်ချင်း ပြောနော်…။
8/27/11 - ည( NY )
သမီး ..... ဒီနေ့နေ့လည် 12:00am ကစပြီး Subway တွေပိတ်လိုက်ပြီမေမေ..။
flights တွေလဲ cancel လုပ်လိုက်ပြီးဘယ်မှသွားလို့မရတော့ဘူး..
Mayor ကအားလုံးအိမ်ထဲမှာနေကြဘို့သတိပေးနေတယ်။
မနက်ဖန် မနက် 10:00am မှာHurricane က ဝင်မှာတဲ့..။
North Carolina တော့တော်တော်ထိနေတယ်..။
NYကိုလဲ 85-105 mile/hr နဲ့ဝင်နိုင် တယ်တဲ့..။
power shutdown ဖြစ်သွားရင်ဒုက္ခဘဲ။ ဆက်သွယ်ရခက်လိမ့်မယ်…။
သမီးဆီကထိုစကားကြားပြီးကထဲကနေလို့ထိုင်လို့မရတော့ပါ။.. ဘာလုပ်ရမှန်းလဲမသိ၊..ဘုရားရှိခိုးလိုက်၊ ဆုတောင်းလိုက်၊ မီးပူဇော်လိုက်နှင့် ထိုင်မရ ထမရ..။ ဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲ..။
ကလေးတွေကကိုယ့်ရင်အုပ်နှင့်ဝေးနေ၏။..မိသားစုတူတူဆိုရင်..ဆိုးအတူကောင်းအတူရင်ဆိုင်ရဲ၏..။
သမီးလေး၏ online ပေါ်ရှိ green dot လေးကိုအပျောက်မခံနိုင်ဖြစ်နေ၏.။.
သမီးနှင့်တကွ NY City ရှိ လူ ၁၂ သန်း အတွက်ကို၎င်း…ထိုမုန်တိုင်းကြောင့် လူပေါင်း ၆၅ သန်း တွေ့ကြရမည့်ဒုက္ခကို၎င်း..တွေးရင်းတွေးရင်း..နှလုံးခုန်နှုန်းကမြန်လာကာရင်တုန်လာသည်…။
စိတ်ငြိမ်ရန်မေတ္တာပို့ဘို့ကြိုးစားသော်လည်း..မိမိ၏ချောက်ချိချောက်ချက်သမာဓိက ဘယ်လိုမှ အလုပ်မဖြစ်။… ဘာမှလုပ်ပေးလို့မရဖြစ်နေသည်က ..ဆိုးဝါးလှသည်။
ဘယ်သူတွေကများ ဒီလို.. ကြီးမားလှတဲ့သဘာဝ ဘေးအန္တရာယ်တွေကိုကာကွယ် ပေးနိုင်မှာပါလိမ့်လို့စဉ်းရင်း…နည်းလမ်းရှာကြည့်သည်။… ဟော..သတိရပြီ…
သီလ သမာဓိ ပညာ အားကောင်းသော သူတော်ကောင်းများ မေတ္တာပို့ သစ္စာဆို ပေးလျှင်…
သက်သာလွတ်မြောက်နိုင်ကြောင်း သတိရလာသည်..။
8/28/11 နံက် ( ရန် ကုန်)
မှော်ဘီမြိုနယ်ထဲရှိ အောင်မင်္ဂလာမြေဇင်း တောရရိပ်သာတွင်တရားပြနေသော ဆရာတော်ဆီကို
အကျိုးအကြောင်းပြောကာ.. မေတ္တာပို့ပေးပါရန်လျှောက်ထားလိုက်ပါသည်…။
မြေဇင်းရိပ်သာတွင်.. တရားဝင်နေကြကုန်သော ယောဂီတော်တော်များများသည်.. သမာဓိအား ထက်မြက်ပြီး..အလင်းနိမိတ်အားကောင်းသောယောဂီများရှိကြပါသည်..။
မေတ္တာကမ္မဋ္ဌာန်းကိုလဲပွားများကြရပါသည်။...ဥပုသ်နေ့တိုင်းစုပေါင်းမေတ္တာပို့ကြပါသည်..။
ဆရာတော်က မိမိနှင့်တကွတရားဝင်နေကြသောယောဂီများအား..ဒီနေ့အထူးပြုပြီး..NYC ရှိလူအများ ဘေးရန်ကင်းဝေးစေရန် မေတ္တာပို့ပေးမည့်အကြောင်းအမိန့်ရှိပါသည်…။(ထိုနေ့သည် ဝါခေါင်လကွယ် နေ့ဥပုသ်နေ့လဲဖြစ်ပါသည်။)..
သမီး..... Virginia မှာ power shutdown ဖြစ်ကုန်ပြီ မေမေ။..
ဒါပြီးရင် New Jersey နဲ့ New York ရောက်တော့မယ်..။
8/28/11 (ရန်ကုန်-ည)
NY တွင် Hurricane Irene ဝင်ရန် နာရီပိုင်း သာလိုတော့သည်..
ရန်ကုန် အချိန် ည ၇ နာရီ (NY time 8:30 am) တွင်ဆရာတော်နှင့်တကွယောဂီများ New York မြို့သို့ရည်မှန်းကာစတင်မေတ္တာပို့ကြပါသည်.. တနာရီတိတိ ပို့ကြပါသည်…..။
ထိုနေ့ည သမီးက တော်တော် နှင့် online ပေါ်မရောက်လာသဖြင့်စိတ်မောနေရ၏…။
ရန်ကုန်အချိန် ည၈နာရီခွဲ(NY time 10:am) ရောက်မှပေါ်လာသောသမီးအား မေးကြည့်သည့်အခါ
Hurricane သည် နံက် 9:00am မှာ NY City ဖြတ်ခဲ့ကြောင်း၊ စတင်ဝင်ရောက်ချိန် တွင်…
Hurricane မှ Tropical Storm သို့ အားပြော့သွားကာ လေတိုက်နှုန်းမှာလဲ 65m/hr သာရှိခဲ့ကြောင်း..
ခန့်မှန်းထားသကဲ့သို့ အပျက်အစီးမများကြောင်း..အခုအခါအပြင်ဘက်တွင် လေအနည်းငယ်သာတိုက်
လျှက်ရှိပြီး နေရောင်ခြည်ပွင့်လာပြီဖြစ်ကြောင်း….ဝမ်းမြောက်စရာကြားသိရပါသည်…။
သမီး .... အပြင်မှာ စာကလေး..လေးတွေ အော်ပြီး အစာရှာနေကြပြီမေမေ…။
သူတော်ကောင်းများ ၏ ပို့သသော မေတ္တာအစွမ်း သစ္စာအစွမ်း ကြောင့်ပါပေ…။
အောင်မင်္ဂလာမြေဇင်း ရိပ်သာရှိ ဆရာတော်နှင့်သူတော်စင်ယောဂီများအား ရိုသေကျေးဇူးတင်စွာဖြင့်ဦးချကန်တော့လျှက်…
![]() |
ဆရာတော် နှင့် ယောဂီ သူတော်စင်များ စုပေါင်းကာ မေတ္တာပို့ဆုတောင်းပေးခဲ့ကြပါသည်။ |