ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label Aw Lan Mg((အော်လံမောင်). Show all posts
Showing posts with label Aw Lan Mg((အော်လံမောင်). Show all posts

Friday, August 13, 2010

မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ

မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ
Aw Lan Mg((အော်လံမောင်) 
 
“မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ။ သမုဒ္ဒရာ ရောက် က သောက်မရတော့ချေ” ကျေးဇူးရှင် ညောင်ပင်ကန် ဆရာတော်ဘုရားကြီး

ဆရာတော်ကြီးက ဘာကို ဆိုတာလဲ အတိအကျ နားမလည်ပေမယ့် သမုဒ္ဒရာ ရောက် က သောက်မရတော့ပါ ဆိုတဲ့ စကားကလေးက စိတ်ထဲ အမြဲစွဲလို့ နေခဲ့ပါတယ်။ ကျွန်တော် ကတော့ သည်လို တွေးကြည့်မိပါတယ်။
မွေးကတည်းက ဆီးနှင်းတောင်ဖျားက တသွင်သွင်စီးခဲ့တဲ့စိမ့်ရေ၊စမ်းရေ စမ်းချောင်းရေ ဘ၀ နဲ့ ချိုမွှေးအေးမြ စီးဆင်းနေခဲ့ရာက အရွယ်ကလေးလဲရောက်ရော၊ ဒလဟော အထိန်းအကွတ်မဲ့ နောက်ကြိစွာစီးဆင်း တဲ့ မြစ်ရေဘ၀ ကို ခံယူလိုက်ကြပါလေရော။ အဲဒီ အချိန်ထိ ချိုနေ ပါသေးတယ်။အသုံးဝင် နေပါသေးတယ်။အဲ ပင်လယ် ထဲ ရောက်ပြီ ဆိုမှဖြင့် ဘယ်လောက် ချိုတဲ့နေရာကလာလာ၊ ဘယ်လိုပဲ အသုံးဝင်ခဲ့ ၀င်ခဲ့ ဆားငံရေဘ၀ ကို ချက်ခြင်း အသွင် ပြောင်းရောက်သွားကြတာချည့်ပါ။သမုဒ္ဒရာ ရောက် မှဖြင့် ငယ်ငယ် တုန်းက ချိုခဲ့ပါတယ်။လို့ ပြောနေလည်း အပိုပါဘဲ။
မိဘကျေးဇူး ဆိုတာလည်း မိဘတွေ ရှိနေတုန်းသာ စိမ့်ရေ၊ စမ်းရေ ၊ မြစ်ချောင်းရေ ဘ၀ ချိုနေနိုင်တာပါ။ဒါတောင် မိဘအပေါ် ထားနိုင်တဲ့ စိတ်ထားက ချစ်သူရည်းစား ကြင်သူ မရှိ ခင်မှာ စိမ့်ရေ၊စမ်းရေလို ချိုနိုင်ပေမယ့် ကိုယ့်ခြေပေါ်ကိုယ်ရပ် အိမ်ထောင်ခွဲပြီ ဆိုတာနဲ့ မြစ်ရေ လို ဒလဟော နောက်ကျိနေတဲ့ ရေချို မျိုးပါ။ဒါပေမယ့် ဒါလည်း ချိုတော့ချိုနေပါ သေး တယ်။မိဘ ကျေးဇူး ကို ဆပ်ပိုင်ခွင့် ရှိနေပါသေးတယ်။ အဲ မိဘ နှစ်ပါးလုံး ကွယ်လွန်သွားခဲ့ပြီ ဆိုရင်တော့ သမုဒ္ဒရာ ရောက်သွားသလို ဘာဆိုဘာမှ မချိုနိုင်တော့ပါဘူး။
မိဘတွေ ရှိနေတုန်းစိမ့်ရေစမ်းရေလိုချိုကြပါ။မြစ်ရေ လို ချိုကြပါ။
မိဘတွေမရှိတော့မှ၊ သမုဒ္ဒရာ ရောက် တော့မှ၊ ချိုလို့ မရတော့တာကို နောင်တမရမိကြပါစေနဲ့။
မိဘကျေးဇူးဆိုတာ အချိန်တိုင်းနေရာတိုင်း မှာ အမြဲထာဝရ နှလုံးသွင်းရမယ့် တရားပါ။

Aw Lan Mg((အော်လံမောင်)

မာတိကာ


statistics

web tracker