ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label ဝိပဿနာရှုနည်း-စိတ်ကို အားပေးရန်-. Show all posts
Showing posts with label ဝိပဿနာရှုနည်း-စိတ်ကို အားပေးရန်-. Show all posts

Thursday, April 22, 2010

ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ရေးသားတော် မူအပ်သော ဝိပဿနာ ရှုနည်း

(ဝိပဿနာရှုနည်း ၁-အခဏ်း ၁-စာမျက်နှာ ၁၂၈-မှ)

အပါယ်ဘေးကို ဆင်ခြင်ပါ။

ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။ မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲနည်းတူပင်ရိုက်နှက်သွင်းကုန်၏။ ထိုအတူ မှောက်လျက် အိပ်စေ၍၄င်း, စောင်းလျက်အိပ်စေ၍၄င်း ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို

မာတိကာ


statistics

web tracker