ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label ဦးဦးဇော်. Show all posts
Showing posts with label ဦးဦးဇော်. Show all posts

Wednesday, July 6, 2011

ဓမ္မသည် အရာရာကို လွှမ်းခြုံ၏

ဓမ္မသည် အရာရာကို လွှမ်းခြုံ၏
ဦးဦးဇော်

နောက်ဆုံးသော သစ်ပင်ကို ခုတ်လှဲချပြီးသောအခါ

နောက်ဆုံးသော ရေချိုမြစ်ကို အဆိပ်သင့်စေပြီးသောအခါ

နောက်ဆုံးသောငါးကို ဖမ်းမိပြီးသောအခါ

အဲဒီအခါမှသာ သင်သည် ငွေကြေးအသပြာကို

ကိုက်ဝါးစားသုံးလို့ မရမှန်း သိပေမယ်။

An Old 'Cree' Indian Saying

သံဝေဂရဖွယ် လူသားတို့ ဖော်ပြပါ သတိပေး စာသားလေးကို စင်ကာပူနိုင်ငံ ရစ်ချလ်ရေကန်ကြီး လျှောက်လမ်းဘေး တစ်နေရာတွင် ကြေးဝါပြားလေးပေါ်ဝယ် ထွင်းစာလုံးဖြင့် သဘာဝ ပညာပေး ရေးသားထားပေသည်။ ရှေးနှစ်ရာကျော်က အယ်ဇိုကင် လူမျိုးနွယ်၊ ကနေဒါနိုင်ငံ အလယ်ပိုင်းနေ ကရီး တိုင်းရင်းသား လူမျိုးစုတို့၏ ရှေးထုံးဆိုစကား။ တစ်နည်းအားဖြင့် ထိုကာလကတည်းက ရိုးသားလှသော ရှေးလူမျိုးစုတို့၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွေးအမြင်ဖြစ်ပေသည်။

ယခု သိပ္ပံနှင့် နည်းပညာ တိုးတက်သော ခေတ်လူသားတို့သည် မိမိတို့၏ အာရုံမျိုးစုံ ခံစားလိုသော ရမ္မက်လောဘတို့ကြောင့်

မာတိကာ


statistics

web tracker