ရေပေါ်မှာ လွှားပါလို့… ကြာဆံကို စားပါလို့
မြရွက်
အဲအဲ အိပ်ရာထတော့ နေအတော်မြင့်နေပြီ။
ရေအ၀သောက်၊ မျက်နှာသစ်၊ သွားတိုက်ပြီးတဲ့နောက် အမေကြီးရှိရာ မီးဖိုချောင်ပေါ် တက်ခဲ့တယ်။ အဲအဲတို့ ရွာမှ မဟုတ်ဘူး။ မြစ်ရိုးတလျှောက် မီးဖိုချောင်ကို ခိုင်ခိုင်ခံ့ခံ့နဲ့ အမြင့်ဆောက်ရတာချည့်ပဲ။ ရေကြီးလွန်းတဲ့ နှစ်တွေမှာ မီးဖိုချောင်လှေကားထစ်ရင်းထိ တက်တတ်သကိုး။ အိမ်တွေတော့ မပြောနဲ့။ ဖြစ်နိုင်ရင် အုတ်ဖိနပ်နဲ့ သံကျင်တွယ်တိုင်နဲ့ ဆိုရင် အကောင်းဆုံး။ မြင့်မြင့်ရှိမှ ရေလွတ်တာ။