မသွားဖြစ်ခဲ့သောခရီးနှင့်မစားဖြစ်လိုက်သောထမင်းဝိုင်း
ညောင်သုံးပင်ဆရာတော်
အမေ - အမေသည် မိမိအတွက်တော့. အမေချင်းမတူသော အမေဖြစ်သည်။ သားသမီးများအပေါ် ချစ်တတ်သော နေရာမှာလည်း ဘယ်သူနဲ့မှ မတူသောအမေပေတည်း။ လောကထဲရှိ- ရှိရှိသမျှ အမေများအားလုံးသည် သားသမီးများအပေါ် ချစ်တတ်သောအမေများသာဖြစ်ပေသည်။ ဒါပေသည့် အဲ့ဒီ ချစ်တတ်သော အမေများထက် အမေ့အချစ်သည် ပိုသည်ဟု မိမိ ထင်၏။ မိမိ ပတ်ဝန်းကျင်တွင် သားသမီးများကို အလွန်ချစ်သည့် အမေများ ရုပ်ရှင်ဇာတ်ကားထဲတွင် ချစ်တတ်သည် ဟူသော အမေများကို တွေ့မြင်ဖူးပါသည်။ သို့သော် ငါတို့အမေ၏ အချစ်ကို မှီအံ့မထင်ပါ။ အမေ၏အချစ်သည် နက်ရှိုင်း၏။ လေးနက်၏။ သုံနှစ်သားအရွယ်ကပင် မိမိအား သြကာသ ကန်တော့ကျိုး၊ ငါးပါးသီလ၊ အောင်တရာ့ရှစ်ကွက် ဗုဒ္ဓစက်- သမ္ဗုဒ္ဓေ- သဗ္ဗေသတ္တာ-မေတ္တာပို့ စသည်များ၊ ဒို့များနေရာ ဒို့နေရာ တဏှာအုပ်စိုးသည်… စသည်တို့ကို နှုတ်တိုက်သင်ပေးခဲ့သည်။ ရန်ကုန်ကဆွေမျိုးဝမ်းကွဲများ အိပ်လာလည်က မိမိဦးဆောင်၍ ဘုရားရှိခိုးတိုင်ပေးရသည်။ ညစဉ် ဘုရားရှိခိုးပြီးမှ အိပ်ခိုင်းသည်။ညောင်သုံးပင်ဆရာတော်