ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Showing posts with label သီတဂူဆရာတော် အရှင်ဉာဏိဿရ. Show all posts
Showing posts with label သီတဂူဆရာတော် အရှင်ဉာဏိဿရ. Show all posts

Saturday, July 2, 2011

သီတဂူဆရာတော် မိန့်ကြားသော မြတ်ဗုဒ္ဓ၏ ထူးသောသတင်းစကားဆယ်ပါး (“ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်။” )

၁၃၇၃ ခု ကဆုန်လပြည့်၊ (၂၀၁၁ ခု မေ ၁၆ ရက်) နယူးယောက်မြို့ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ဗုဒ္ဓနေ့အခမ်းအနားတွင် သီတဂူဆရာတော် မိန့်ကြားသော မြတ်ဗုဒ္ဓ၏ ထူးသောသတင်းစကားဆယ်ပါး

“ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်။”

၁။ ဒါနပါရမီ = Perfection of Generosity မိမိရရှိပိုင်ဆိုင်ထားသော ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ အာဏာ၊ ဂုဏ်သတင်း၊ ကျော်ကြားခြင်းတို့ကို ပေးဝေခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်ခြင်း၊ ဝေငှမျှတခြင်းတို့ဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် မွန်မြတ်တဲ့ကျင့်စဉ် တစ်ခုပါပဲ။ ယနေ့ကမ္ဘာလောကမှာ ဖြစ်နေတဲ့ တင်းမာမှုတွေ၊ လုယက်တိုက်ခိုက်မှုတွေနဲ့ မကျေနပ်မှုပေါင်းများစွာတို့ဟာ သိမ်းပိုက်မှု အလွန့်အလွန်ပိုင်ဆိုင်လိုမှု၊ မဝေငှ မမျှတလိုမှုတွေရဲ့ အကြောင်းတစ်ရပ် အဖြစ် သက်ဆိုင်နေပါတယ်။ ဒါန နှင့် စာဂ၏ အလှအပလေးများကို ကျွန်ုပ်တို့အသေအချာ သင်ကြား လေ့ကျင့်ဖို့ လိုပါတယ်။ ကမ္ဘာမှာရှိတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေးနှင့် ပညာရေးဆင်းရဲမှု အောက်မှာ ခံစားနေရတဲ့ ဒုက္ခတွေကို ကျွန်ုပ်တို့ သနားဖို့ကောင်းပါတယ်။ ပေးနိုင်၊ ဝေငှနိုင်ရင် အရာရာပြီးမြောက် ခရီးရောက်ပါတယ်။

၂။ သီလပါရမီ = Perfection of Virtue ကျွန်ုပ်တို့ခေါင်းဆောင်တွေအားလုံး (ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး) လူသားအချင်းချင်း ဒုက္ခပေးမယ့် မည်သည့် ကိုယ်မှု နှုတ်မှု မကောင်းမှုတို့ကိုမှ မပြုသင့်ပါဘူး။ ဘ၀တန်ဖိုးဟာ အကျင့်ကောင်းပါပဲ။ တန်ခိုးအာဏာ ပါဝါကြီးမားခြင်းဟာလဲလည်း သီလပါပဲ။ ဒီနေ့ နိုင်ငံတစ်ခုနှင့် တစ်ခု ဆက်ဆံကြတဲ့ မူဝါဒတွေဟာ အများအားဖြင့် သီလကင်းမဲ့ခြင်းနှင့် အတ္တဆန်ခြင်းတို့အပေါ်မှာ အခြေခံကြတာ တွေ့ရပါတယ်။ မည်သည့် အရေးအရာမှာမဆို တန်ခိုးပါဝါကြီးချင်ကြသူတွေဟာ သီလပါရမီကို အခြေခံကျင့်ကြရမှာပါ။ “သီလပြည့်စုံသူသည် အရာရာပြည့်စုံ၏” မြတ်ဗုဒ္ဓ၏ သတင်းစကားတစ်ပုဒ်ပါ။

၃။ နေက္ခမ္မပါရမီ = Perfection of Renunciation ကျွန်ုပ်တို့ ဘာသာရေး နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေ အားလုံး မိမိတို့ကိုယ်တိုင်လည်း Perfect ဖြစ်ဖို့ ကိုယ်ဆောင်ရွက်နေသော လူသားကောင်းကျိုးပြုလုပ်ငန်းများလည်း Perfect ဖြစ်ဖို့၊ မိမိတို့ရဲ့ ဘ၀နှင့် ခန္ဓာသက်သာမှု၊ ချမ်းသာမှု၊ အခွင့်အရေး အချိန်နှင့် ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်စွန့်စားနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ အခွင့်အရေးနှင့် စည်းစိမ်ချမ်းသာ ခံစားမှုတို့ကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောနေသေးသမျှ ကာလပတ်လုံး မိမိတို့သည် လူသားအကျိုးပြုလုပ်ငန်းများကို Perfect ဖြစ်အောင်၊ ပြည့်စုံအောင် ဆောင်ရွက်နိုင်ကြဦးမှာ မဟုတ်ပါဘူ။ စွန့်လွှတ်နိုင်မှ အောင်မြင်မှာပါ။ (ဗုဒ္ဓရှင်တော်၏ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို လေ့လာပါ)။

၎။ ပညာပါရမီ = Perfection of Wisdom ပညာဆိုတာ အသေးစိတ်သိတတ်တဲ့ ဉာဏ်ပါ။ ခေါင်းဆောင်တို့ အရာရာမှာ အသေးစိတ်သိနားလည်ကြလျှင် လူသားတွေရဲ့ ဘ၀အမှောင်ကို ပယ်ဖျောက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ အရှိနှင့် အမှန်ကို သူ့အတိုင်းသိမြင်ခြင်းဟာ ပညာပါပဲ။ အရှိကိုသိလျှင် အမှန်ကို သိတော့တာပါပဲ။ ဒါကို သမ္မာဒိဋ္ဌိလို့ ခေါ်တာပါပဲ။ အသိမှန် အမြင်မှန်မှ လူသားတို့အတွက် ဆုံးဖြတ်မှန်မှာဖြစ်ပါတယ်။ ပညာ ကင်းသူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ မှားနေတာများပါတယ်။ Good Leader ဆိုတာဟာ Wise Leader, Good hearted Leader ကိုဆိုတာဖြစ်ပါတယ်။ ပညာကို ပါရမီမြောက် ဖြည့်ကျင့်ဖို့လိုပါတယ်။ မေတ္တာ၊ ကရုဏာဖြင့် အေးချမ်းစွာနေလျက် သတိဖြင့်ထိန်းချုပ်ထားသော ပညာရှင်ခေါင်းဆောင်တစ်ယောက်၏ လူသားတို့အတွက် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များကား တန်ဖိုးဖြတ်၍ မရနိုင်ချေ။

၅။ ၀ီရိယပါရမီ = Perfection of Endeavor မည်သည့်အခါမှာ မည်သည့်နေရာမှာ မည်သူ့အတွက်၊ မည်သည့်အလုပ်ကိုပဲလုပ်လုပ် အားထုတ်သမျှ အလုပ်ဟာ ကောင်းရမယ်၊ မှန်ရမယ်၊ အကျိုးရှိရမယ်၊ အများလက်ခံနိုင်ရမယ်၊ လှပသော မွန်မြတ်သော ဘယ်သူကမှ အနှောင့်အယှက်မပေးသော ငြိမ်းချမ်းသော အလုပ်ဖြစ်ရမယ်။ မိမိ သူတပါး နှစ်ဦးသား အကျိုးရှိရမယ့်အလုပ်ကို လုပ်တဲ့နေရာမှာ တည်ငြိမ်ဖို့လိုတယ်။ အခက်အခဲ နည်းနည်းတွေ့လျှင် တွန့်ဆုတ်ချင်တဲ့ စိတ်ညံ့ စိတ်ဖျင်းတွေ ကင်းရမယ်။ အားထုတ်လို့ နည်းနည်းအောင်မြင်လာလျှင် များများကြီး စိတ်ကြီးဝင်တာမျိုးလည်း မရှိစေရဘူး။ မပြီးဆုံးခင်မှာ အရှုံးပေးချင်တဲ့ စိတ်ဓာတ်မျိုးလည်းကင်းမှ သမ္မာဝါယမမြောက်မှ ပါရမီလည်းမြောက်ပါတယ်။

၆။ ခန္တီပါရမီ = Perfection of Tolerance ခေါင်းဆောင်တို့ကျင့်စဉ်ဆယ်ရပ်ထဲမှာ ခန္တီဟာ အလွန်အရေးပါပါတယ်။ နှစ်သက်သာယာဖွယ်ကောင်းသည့် အခြေအနေကို လောဘတဏှာ မဖြစ်အောင်ခံနိုင်ရမယ်။ စိတ်ပျက်ဖွယ်ကောင်းအောင် ဆိုးဝါးသည့်အခြေအနေကို ဒေါသပဋိဃမဖြစ်အောင် သည်းခံနိုင်ကြရမည်။ အကောင်းအဆိုး နှစ်မျိုးလုံးကို ခြားနားမှုမပြု တညီထည်းရှုတတ်တဲ့ စိတ်ဟာ ခန္တီပါပဲ။ ကမ္ဘာမြေကြီးဟာ သူ့အပေါ် ကျင်ကြီး၊ ကျင်ငယ်စွန့်ကြတဲ့ သူတွေအပေါ်မှာ ဘယ်သောအခါမျှ ပဋိဃမပြု၊ စိတ်မထိခိုက်၊ သူ့အပေါ်မှာ သစ်ပင်ပန်းပင်စိုက်၍ အလှပြင်ပြန်တော့လည်း အနုနယမပြု၊ (မသာယာ၊မမက်မော) တညီတည်းရှုတယ် ဆိုတာလိုပဲ ရှုတ်ချကဲ့ရဲ့သံကြားလည်း Detach မဖြစ်အောင်နေခြင်းဟာ ဗုဒ္ဓ၏ ခန္တီပါပဲ။ ချီးမွမ်းထောက်ခံ အားပေးတာကိုလည်း Attach မဖြစ်အောင်နေခြင်းဟာ ခန္တီပါပဲ။ အမြတ်ဆုံးသော အကျင့်ဖြစ်ပါတယ်။ ခန္တီဟာကြီးကျယ်သော အောင်မြင်မှု ပန်းတိုင်အတွက် မြင့်မြတ်သော ခေါင်းဆောင်တို့၏ ကြီးမြတ်သော ကျင့်စဉ်တရပ်ပါ။ အခြားတစ်ဖက်မှာတော့ သည်းမခံနိုင်ခြင်းဟာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံးတို့ရဲ့ ဆုံးရှုံးခြင်းသို့ အရှိန်ပြင်းပြင်းနဲ့ တွန်းပို့တဲ့ ရန်သူကြီးတစ်ပါးပင် ဖြစ်ပါတော့တယ်။

၇။ သစ္စာပါရမီ = Perfection of Truth သိလျက်နှင့် မရိုးသားသောစိတ်ဖြင့် သူ့အကျိုးမဲ့အောင် မမှန်စကားမပြောမှ၊ မိမိ၏ရာထူးအာဏာ၊ စီးပွါးဥစ္စာ၊ ဂုဏ်ပါဝါကို မငဲ့ပဲ မှန်သော၊ အကျိုးရှိသော၊ ရိုးသားသော၊ ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောနိုင်မှ လူသားတို့ယုံကြည်စိတ်ချ အားကိုးလောက်သော၊ လူတွေကို လမ်းလွဲသို့မပို့သော ခေါင်းဆောင်ကောင်းတစ်ယောက်၊ လူသားကောင်းတစ်ယောက် ဖြစ်မည်ဟု ဗုဒ္ဓမိန့်ဆိုပါသည်။ ချစ်ခြင်းကြောင့် ဘက်လိုက်သောစကား၊ မုန်းခြင်းကြောင့် ဖိနှိပ်သောစကား၊ ကြောက်ခြင်းကြောင့် မရိုးသားသောစကား၊ တွေဝေခြင်းကြောင့် မှားယွင်းသောစကားတို့ကို မပြောမိစေရန်၊ နှစ်ခွစကားမဆိုကြားဖို့ မြတ်ဗုဒ္ဓက အစဉ်သဖြင့် တိုက်တွန်းပါတယ်။ သစ္စာပါရမီသည် ခေါင်းဆောင်တို့၏ ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။ နေလနှင့် နက္ခတ်တာရာတို့သည် ဥတုသုံးပါးလုံး သူတို့သွားနေကျ လမ်းကြောင်းမှ ဘယ်လမ်းကြောင်းသို့မှ မပြောင်း၊ သွားမြဲလမ်းကြောင်းအတိုင်း သွားနေသကဲ့သို့ ကျွန်ုပ်တို့ခေါင်းဆောင်အားလုံး လူသားတွေကို သစ္စာလမ်းကြောင်းကပဲ ခေါင်းဆောင်ခေါ်သွားသင့်ပါတယ်။

၈။ အဓိဋ္ဌာနပါရမီ = Perfection of Resolution ကျွန်ုပ်တို့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်တယ်ဆိုလျှင် ကျောက်ထဲမှာစိုက်သော ကျောက်တိုင်သည် လေပြင်းမုန်တိုင်းမည်သို့ပင် တိုက်ခတ်စေကာမူ ယိမ်းယိုင်တုန်လှုပ်ခြင်း မရှိသလို လာဘ၊ အလာဘ၊ ပိယ၊ အပ္ပိယ မုန်တိုင်းများ တိုက်ခတ်ခြင်းဟူသော အကြောင်းကြောင့် မပြောင်းမလဲ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သော စိတ်ထားရှိကြဖို့ လိုပါတယ်။ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သောစိတ်ထားသည် ဘ၀နှင့် ဘ၀၏ လုပ်ဆောင်ချက်များ Perfect ဖြစ်ရေးအတွက် အရေးပါသော အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။

၉။ မေတ္တာပါရမီ = Perfection of Loving kindness မေတ္တာဆိုတာ ယောက်ျား၊ မိန်းမ နှစ်ဦးသားတို့ ချစ်ကြတာမျိုးကို တကယ်ဆိုလိုတာ မဟုတ်ပါဘူး။ အဘိဓမ္မာမှာ မေတ္တာဆိုတာ အဒေါသကို ပြောပါတယ်။ ဒေါသဆိုတာက အဖျက်ဓာတ်ဖြစ်ပါတယ်။ အဒေါသဆိုတာက Constructive Element, Peaceful Element ဖြစ်ပါတယ်။ ရေနဲ့တူတဲ့ အကျင့်ပါ။ လူကောင်း၊ လူဆိုးနှစ်ယောက်စလုံးကို အေးချမ်းအောင် ဆောင်ရွက်ပေးလိုတဲ့စိတ်ပါ။ ရေဟာ ဘယ်တိုင်းပြည်က ဘယ်ရေပဲဖြစ်ဖြစ် လူတိုင်းကိုအေးချမ်းစေပါတယ်။ မေတ္တာဆိုတာ ရန်သူနှင့် မိတ်ဆွေနှစ်ယောက်လုံးရဲ့ အပေါ်မှာ ကောင်းကျိုးချမ်းသာ ဖြစ်စေချင်တဲ့ စိတ်မျိုးဖြစ်ပါတယ်။ ရင်ခွင်ပိုက်ထားသည့် ကလေးသည် အမေ့ရင်ခွင်မှာ ကျင်ကြီး ကျင်ငယ်စွန့်ပေမယ့် အမေသည် ထိုသားငယ်ကို အပြစ်မယူ၊ အတိုင်းမရှိ ကောင်ကျိုးလိုလားသော စိတ်ဓာတ်ဖြင့် တသားတည်းတညီတည်း အေးချမ်းစေချင်တဲ့ စိတ်ဖြစ်ပါတယ်။ ဒေါသ၊ အာဃာတ၊ ပဋိဃတို့ကို ငြိမ်းအောင်ကျင့်ရတဲ့ ကျင့်စဉ်မျိုးဖြစ်လို့ Way of Peace ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကောင်းမြင်ဝါဒ ဖြစ်ပါတယ်။

၁၀။ ဥမေက္ခာပါရမီ = Perfection of Equilibrium စိတ်ဓာတ်ရဲ့ ဟန်ချက်ညီမှုပါပဲ။ ဘာသာရေးမှာပဲဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ လူမှုရေးမှာဖြစ်စေ၊ ရ+မရ၊ အောင်မြင်+မအောင်မြင်၊ ချီးမွမ်း+ကဲ့ရဲ့ စတဲ့ နှစ်ခုတွဲရှိနေကြတဲ့ လူ့ဘ၀၏ သဘာဝတွေမှာ ဘယ်ဘက်ကိုမှ ဘက်မလိုက်ပဲ မက်မောခြင်းလည်းမရှိ၊ စိတ်ပျက်ခြင်းလည်းမရှိ၊ ဟိုဘက်ဒီဘက် အစွန်းမထွက်ပဲ မျှတညီညွှတ်သော စိတ်အလယ်ကသွားရတဲ့ ကျင့်စဉ်မျိုးဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် လိုအပ်တဲ့ ကျင့်စဉ်တစ်ရပ်ဖြစ်ပါတယ်။ The mind of equanimity, that is without fear and favor and evenly balanced ဖြစ်ပါတယ်။

7DAY NEWS journal မှ ထုတ်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။

Friday, October 22, 2010

ဆရာတော်ကြီး၏ မိန့်မှာစကား (03.10.2010 Singapore) တရားလက်ဆောင်

-နှစ်၁၀၀ အတွင်း တို့တတွေ အားလုံး သွားကြရတော့မယ် ။တို့တတွေ ဘာတွေထားခဲ့ကြမှာလဲ။
- တို့တတွေ ဘာတွေယူသွားကြမှာလဲ ။
-အပြစ်လုပ်ခဲ့သူတွေကလည်း အချိန်မီ တောင်းပန်ရမယ်။ဝန်ခံရမယ်။ ရိုး သားရမယ်။
အပြစ်အလုပ်ခံရသူဖက်ကလည်း မေတ္တာဖြင့် ခွင့်လွတ်ရမယ်။ ကြေအေးရမယ်။ အပြစ်ကိုမေ့ပြစ်ရမယ်။ မေတ္တာ ဂရုဏာ နဲ့ ပညာ အညီအမျှထားပြီး လောကအကျိုး ဓမ္မအကျိုး ကိုမပြတ်ဆောင်ရွက်ဖို့က သီတဂူရဲ. ဆောင်ရွက်ချက် နဲ. ရည်ရွယ်ချက်လမ်းစဉ်။
တို့ဒကာ၊ ဒကာမတွေအားလုံး မေတ္တာဂရုဏာ နဲ့ ပညာ အညီအမျှထားပြီး လောကအကျိုး ဓမ္မအကျိုး ကြိုးစားဆောင်ရွက်ကြပါ။

(သီတဂူဆရာတော်ကြီး)

Wednesday, October 20, 2010

သီဟိုဠ်ရောက် မြန်မာ့ရင်သွေးငယ် ကိုရင်လေးများနှင့် သီလရှင်လေးများ ၏ နောက်ဆက်တွဲသတင်း

(http://www.sitagucenter.org/ မှတဆင့်ကူးယူဖေါ်ပြပါသည်။)
   သီဟိုဠ်ပြန် မြန်မာ့ရင်သွေးငယ် ကိုရင်လေးများနှင့် သီလရှင်လေးများ ၃၅-ယောက်တို့သည် ပထမအုပ်စုအနေဖြင့် Oct. 19 (အင်္ဂါနေ့)၊ Malaysia MH 740 လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁း၁၅ မိနစ်အချိန်တွင် ရောက်ရှိလာခဲ့ကြသည်။ သီတဂူသာသနာပြုအဖွဲ့က

Friday, June 4, 2010

သီတဂူဆရာတော် အရှင်ဉာဏိဿရ ၏ တောင်ဖီလာဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိ နှင့် နောက်ဘဝဆုတောင်းတရားတော်...

ကျမ်းပေါင်း(၂၂)ကျမ်းပြု၊ ဘုရားဆုပန်၊ ရွှေစက်တော် ကိုရှာဖွေတွေ့ရှိခဲ့သော....
ဘွဲ့မည် (၈) ခု ရ.......
(၁)ရှင်မုလိန္ဒဃောသ၊ (၂)ဥပါလိ၊ (၃)တိပိဋကလင်္ကာရ၊ (၄)မဟာတိပိဋကလင်္ကာရ
(၅)သာမဏေကျော်၊ (၆)ပဉ္ဖ္ဖင်းကျော်၊ (၇)ဓားမကူးဆရာတော်၊(၈)တောင်ဖီလာဆရာတော်
ကျော်လေးဝ အမည်ရသည့် ..........
(၁) ပြည် သာမဏေကျော်၊ (၂) ပြည် ပဉ္ဖ္ဖင်းကျော်၊
(၃)တိပိဋကလင်္ကာရအကျော်၊ (၄)တောင်ဖီလာပုဂ္ဂိုလ်ကျော်
"တောင်ဖီလာဆရာတော်ဘုရားကြီး" ၏ ထေရုပ္ပတ္တိ နှင့် ကြည်ညိုလေးစားဘွယ်ကောင်းလှသော....နောက်ဘဝဆုတောင်းတရားတော်...
အပိုင်း (တစ်)


အပိုင်း (နှစ်)

Thursday, May 20, 2010

သီတဂူဆရာတော် အရှင်ဉာဏိဿရ

  1. နောက်ဆုံးဆယ်လမြတ် ဗုဒ္ဓ (၂၇-၁၂-၁၉၇၇)
  2. နောက်ဆုံးဆယ်လမြတ် ဗုဒ္ဓ (၂၇-၁၂-၁၉၇၇) 
  3. မာတာပီတုဥပဋ္ဌာနံ (၂၄-၄-၁၉၈၀) (၁၃၄၂ကဆုန်လဆန်း ၁၁ရက်ည)  
  4. မာတာပီတုဥပဋ္ဌာနံ (၂၄-၄-၁၉၈၀) (၁၃၄၂ကဆုန်လဆန်း ၁၁ရက်ည) 
  5. မာတာပီတုဥပဋ္ဌာနံ (၂၄-၄-၁၉၈၀) (၁၃၄၂ကဆုန်လဆန်း ၁၁ရက်ည)
  6. အာရတီိရတီပါပါ (၂-၅-၁၉၈၀) (၁၃၄၂ ကဆုန်လပြည်.ကျော်၎ရက်ည)   
  7. အာရတီိရတီပါပါ (၂-၅-၁၉၈၀) (၁၃၄၂ ကဆုန်လပြည်.ကျော်၎ရက်ည)        
  8.  ခေမံ မင်္ဂလာ (၅-၇-၁၉၈၀) (၁၃၄၂ ပထမ၀ါဆိုလပြည့်ကျော်၈ရက်) 
  9.  ခေမံ မင်္ဂလာ (၅-၇-၁၉၈၀) (၁၃၄၂ ပထမ၀ါဆိုလပြည့်ကျော်၈ရက်)
  10. ခေမံ မင်္ဂလာ (၅-၇-၁၉၈၀) (၁၃၄၂ ပထမ၀ါဆိုလပြည့်ကျော်၈ရက်) 
  11. ခေမံ မင်္ဂလာ (၅-၇-၁၉၈၀) (၁၃၄၂ ပထမ၀ါဆိုလပြည့်ကျော်၈ရက်) 
  12. ခန္တီ မင်္ဂလာ (၇-၆-၁၉၈၀) (၁၃၄၂နယုန်လပြည်.ကျော်၁၀ရက်ည) 
  13. ခန္တီ မင်္ဂလာ (၇-၆-၁၉၈၀) (၁၃၄၂နယုန်လပြည်.ကျော်၁၀ရက်ည) 
  14. ခန္တီ မင်္ဂလာ (၇-၆-၁၉၈၀) (၁၃၄၂နယုန်လပြည်.ကျော်၁၀ရက်ည)  
  15. ကတညုတာ မင်္ဂလာ (၅-၆-၁၉၈၀) (၁၃၄၂နယုန်လပြည်.ကျော်၈ရက်ည)  
  16. ကတညုတာ မင်္ဂလာ (၅-၆-၁၉၈၀) (၁၃၄၂နယုန်လပြည်.ကျော်၈ရက်ည)
  17. Nakulamātā(1 of 2) 
  18. Nakulamātā(2 of 2)
  19. ဝေလာမ သုတ္တန် (၁၀-၁-၁၉၇၈)  
  20. ဝေလာမ သုတ္တန် (၁၀-၁-၁၉၇၈) 
  21. ကဏှဆုတောင်း (၉-၆-၂၀၀၁ Singapore)
  22. ကဏှဆုတောင်း (၉-၆-၂၀၀၁ Singapore)
  23. ကပ်ကြီးသုံးပါးတရား (၁၉-၁၂-၁၉၇၉) (၁၃၄၁ပြာသိုလဆန်း ၂ရက်) 
  24. ကပ်ကြီးသုံးပါးတရား (၁၉-၁၂-၁၉၇၉) (၁၃၄၁ပြာသိုလဆန်း ၂ရက်) 
  25. သီတဂူဆရာတော် အရှင်ဉာဏိဿရ ၏ တောင်ဖီလာဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိ နှင့် နောက်ဘဝဆုတောင်းတရားတော်....

    မာတိကာ


    statistics

    web tracker