ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, March 19, 2013

တပတ်အတွင်းနာခဲ့ရသောတရားတော်များ (မတ်လ ဒုတိယပတ် - ၂၀၁၃)

ယဉ်သင်းအိ ဓမ္မရိပ်သာ မိသားစု ၂၀၁၃ မတ်လ ဒုတိယပတ်မှာ နာဖြစ်ခဲ့တဲ့ တရားတော်များကတော့

ဓမ္မမိတ်ဆွေ တစ်ဦးဖြစ်တဲ့ နယူးယောက်မှ ကိုဝင်းမော် ရဲ့ လက်ရွေးစင်  ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော တရား ၁၉ပုဒ် ကို ဓမ္မမိတ်ဆွေတို့နှင့်မျှဝေလိုပါတယ်။
ပေးပို့မျှဝေသော ကိုဝင်းမော်အား အထူးကျေးဇူးတင်ရှိပါတယ်။

ကိုဝင်းမော် ရဲ့ လက်ရွေးစင်  ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော တရား ၁၉ပုဒ် 




------------------------------------------------------------------------------------

Thursday, August 23, 2012

ပဲလှော်ကြားကဆား


ပဲလှော်ကြားကဆား

စိုးဝင်း

          တလောက အင်္ဂလန်မှာ ဆရာဝန်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆီက အရေးတကြီး ဖုန်းခေါ်လာပါတယ်။ ရန်ကုန်က သူ့မိသားစုဝင်တစ်ယောက် အထူးကုဆေးခန်းကြီးတစ်ခုမှာ မမျှော်လင့်ပဲ ဖိတ်စင်သွားရတဲ့အတွက် အကျိုးအကြောင်း မေးမြန်းချင်ပုံရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲလိုအချိန်မျိုးရောက်နေတော့မှ ကိုယ့်ဆီက အကြံဥာဏ်လာတောင်းရင် ဘာမှန်းမသိ ညာမှန်းမသိ ထင်ရာမြင်ရာတွေ စွတ်ရွတ်ပြီး မပြောမိဖို့ အရမ်းသတိထားပါတယ်။ များသောအားဖြင့်  မေးသူဘက်မှာ ကြိုတင်ထင်မြင်ထားတဲ့ အဖြေတွေ ရှိနှင့်ပြီးသားဖြစ်သလို၊ ကိုယ့်ဘက်မှာလည်း အမှန်တရားကို ဒုတိယနေရာမှာထားပြီး သူတို့အတွက် စိတ်ဖြေသာမယ့် သက်သာရာရမယ့် စကားလုံးမျိုးကို အရင် ရွေးပြီး ပြောပေးပါတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့ခမျာ ခံစားချက်တွေက အရမ်းပြင်းထန်နေတဲ့အခါ အမှန်ကို အမှန်အတိုင်း မြင်နိုင်ဖို့ နည်းနည်းများ ခက်နေမလားလို့ ထင်တဲ့အတွက်ပါ။

Monday, May 7, 2012

နိဗ္ဗာန်ဆိုတာ


နိဗ္ဗာန်´ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲ သကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်၎င်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍၎င်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် `နိဗ္ဗာန်´ ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။


နိဗ္ဗာန် သည် အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ပါတယ်။ ယင်း အစစ်အမှန်တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များကြားတွင်ပါ စိတ်ဝင်စားစရာ

ကဆုန်လပြည့်နေ့နှင့် ဆက်စပ်၍

ဝင်းနီအောင်
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်ကို မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပြီး မဟာ သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် အာသဝေါတရားတို့ အလုံးစုံကင်းစင်၍ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဘုရားအဖြစ် ရောက်တော်မူပြီးသည့်နောက် ၄၅ ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူပြီး သက်တော် (၈၀) အရွယ် မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင် တော်မူခဲ့ပါသည်။
သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားသည် မိမိတစ်ဦးတည်းလွတ်မြောက်ရာ နိဗ္ဗာန်ချမ်းသာကိုရယူနိုင်ပါလျက် သံသရာဆင်းရဲ ဒုက္ခဝဲထဲ တွင် နစ်မွန်းနေကြကုန်သော သတ္တဝါဝေနေယျအပေါင်းတို့ကို ကယ်တင်လိုသည့် မဟာဂရုဏာတော်ကြောင့်

Saturday, March 3, 2012

ရွှေတိဂုံ စေတီတော်ကြီး အောက်မှ အံ့မခန်း ဆံတော်တွင်း (ကျီးမနိုးတင်ဝင်း)



  1. ရွှေတိဂုံ စေတီတော်ကြီး အောက်မှ အံ့မခန်း ဆံတော်တွင်း

  2. ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ
  3. ဆံတော်ကြိုစေတီ၊ အလံပြစေတီ ( ရွှေတိဂုံ စေတီတော်ကြီးနှင့် အနီးဆုံး ကုန်းမြင့်ပေါ်တွင် တည်ထားသည့် အလံပြ ဘုရားသည် သမိုင်းနောက်ခံအရ ရွှေတိဂုံစေတီတော်ကြီးနှင့် တူညီသကဲ့သို့ သက်တမ်းအရလည်း ရွှေတိဂုံ စေတီတော်ကြီးနှင့် တူညီနေသည့် အလံပြစေတီ )

  4. ရွှေတိဂုံ စေတီတော်

  5. ရွှေတိဂုံ စေတီတော်မြတ် သမိုင်း

ရွှေတိဂုံ စေတီတော်ကြီး အောက်မှ အံ့မခန်း ဆံတော်တွင်း

40658_143508595671100_143357909019502_297501_7388799_a.jpg

ကျွန်ုပ် (ကျီးမနိုးတင်ဝင်း) နှင့် ကျွန်ုပ်မိတ်ဆွေကြီး ဦးရွှေသိန်းတို့သည် ရွှေတိဂုံစေတီတော်ကြီးနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတဆိုင်တွင် လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောရင်း ဦးရွှေသိန်း-က
“ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။ အဲဒီရေတွေက ပင်လယ်ရေ အတက်အကျနဲ့ ဆက်နေတယ်။ ရေပြင်ပေါ်မှာလဲ ဌာပနာတွေတင်ထားတဲ့ ကရဝိက်ရွှေလှေ ရှိတယ်ဗျ”ဟု ပြော၏။

(ကျီး)...ဟုတ်ပါ့မလား ဆရာရယ်.. မယုံနိုင်စရာဘဲ။ မျက်မြင်ကိုယ်တွေ့ တွေ့သူ ရှိလို့လား၊ ဒီအကြောင်းက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောနေကြတာမဟုတ်လား။
ဦးရွှေသိန်းက-ပုံပြင်လဲ မဟုတ်ဘူး၊ ဒဏ္ဍာရီလည်း မဟုတ်ဘူး၊ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်-ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြရင် ယုံမှာလား-ဟု ပြော၏။ 

Wednesday, February 1, 2012

အစိန္တေယျ ပကိဏ္ဏက မဟာနမက္ကာရဘုရားရှိခိုး....(ဆရာတော် အရှင်ပညာဒီပ)

Los Angeles မြို့ မေတ္တာပါရမီကျောင်း ဆရာတော်   အရှင်ပညာဒီပ ရွတ်ဖတ်ပူဇော်သည့်
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏အစိန္တေယျ ပကိဏ္ဏက မဟာနမက္ကာရဘုရားရှိခိုး....





ဓမ္မမိတ်ဆွေ .....ဒေါ်မွှေးမွှေးကြည် မိသားစု မှကျေးဇူးပြုပါသည်။

ဓမ္မလက်ဆောင် တရားတော် ဓာတ်ပုံများ (2)

ရွှေတိဂုံဘုရားစေတီတော်ကြီး ၂၆၀၀ပြည့် ပွဲတော်ကြီး အကြို
....ရွှေတိဂုံဆံတော်ရှင်ဘုရားရှိခိုး ........
ပါဠိတော်မှာ သာသနာပိုင် မောင်းထောင်းဆရာတော်ကြီးရေးသားထားပါသည်။ ရတုမှာ ရေးသူမသိပါ။






ဓမ္မမိတ်ဆွေ ..... ဦးလှထွန်း၊ ဒေါ်လဲ့လဲ့ မိသားစု မှကျေးဇူးပြုပါသည်။

Tuesday, January 31, 2012

ဓမ္မလက်ဆောင် တရားတော် ဓာတ်ပုံများ (1)













ဓမ္မမိတ်ဆွေ ..... ဦးလှထွန်း၊ ဒေါ်လဲ့လဲ့ မိသားစု မှကျေးဇူးပြုပါသည်။

အစိန္တေယျ ပကိဏ္ဏက မဟာနမက္ကာရဘုရားရှိခိုး....

ဆရာဦးသုခ စီစဉ် ခဲ့သော ဒေါ်သင်းသင်းမြတ် ပူဇော်သည့်
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ 
အစိန္တေယျ ပကိဏ္ဏက မဟာနမက္ကာရဘုရားရှိခိုး....

                      

ဓမ္မမိတ်ဆွေ ..... ဦးလှထွန်း၊ ဒေါ်လဲ့လဲ့ မိသားစုမှကျေးဇူးပြုပါသည်။


မာတိကာ


statistics

web tracker