ပညာရှိစကား ပညာရှိမှနားလည်
မင်းယုခိုင်(မင်းကုန်း) သံလယ်ကြီး
အပ္ပမာဒ အတွဲ(၉) အမှတ်(၁)
ပညာရှိဟူသည် အလွတ်မဲ့စကား မဆိုတတ်၊ ဥာဏ်ပညာဖြင့်
ဆင်ခြင်၍ ပြောဆိုတတ်သည်ချည်းသာ ဖြစ်ပေသည်။ ပညာရှိပြော
သည့် စကားတိုင်းတွင် လေးနက်သော အဓိပ္ပါယ်များ ပါဝင်နေတတ်၏။
သို့ဖြင့် ပညာရှိတို့သည် ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ကောင်းကျိုးကို
ဤသို့ လေးနက်၍ ကောင်းကျိုးဖြစ်စေတတ်သော ပညာရှိ
စကားကို အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုးကို ဝေဖန်
ပိုင်းခြားနိုင်စွမ်းရှိသောဥဏ်ပညာနှင့် ပြည့်စုံသူ”ပညာရှိ”
သူတော်ကောင်းမှသာလျှင် နားလည်နိုင်မည်ဖြစ်သကဲ့သို့
လိုက်နာကျင့်သုံးနိုင်မည် ဖြစ်ပေသည်။
အင်းဝခေတ်၊ စစ်ကိုင်းမြို.တည် သာလွန်မင်းတရားကြီး
လက်ထက်ဖြစ်၏။ ထိုမင်းလက်ထက် သာသနာပိုင် ဆရာတော်
မှာ တောင်ဖီလာဆရာတော်ပင်ဖြစ်၏။ ဆရာတော်သည် အခြွေအရံ
အသင်းအပင်းနှင့် ပစ္စည်းလေးပါးပေါများသည်။
တစ်ခါသော် ဆရာတော်သည် နောက်ပါများနှင့် ရွှေစက်တော်
ဘုရားဖူးပြီးအပြန်တွင် မိမိနှင့်စာသင်ဖက် သက်တူဝါတူသူငယ်ချင်း
ဖြစ်သော ပခန်းရွှေဥမင်တောရ ကျောင်းဆရာတော်ထံသို့ ၀င်၏။
ရွှေဥမင်တောရကျောင်းဆရာတော်သည်လည်း သူငယ်ချင်း
မင်းဆရာကြွလာသည်ကိုသိလျှင် မိမိ၏ကျောင်းခြံဝမှ
ဆီး၍ကြိုဆိုနေလေသည်။
ဆရာတော်နှစ်ပါးတွေ့ဆုံကြလျှင် အားရ၀မ်းသာနှုတ်ဆက်
ပြောဆိုကြလျက် ကျောင်းဆီသို့”အရှင်ဘုရား ရှေ.ကကြွပါ” ဟု
ရွှေဥမင်ဆရာတော်က လျှောက်သည်တွင် တောင်ဖီလာဆရာတော်
ကလည်း”အရှင်ဘုရားသာ ရှေ.ကကြွပါ” ဟု ပြန်လျှောက်လေ၏။
ဤသို့ဖြင့် ဆရာတော်နှစ်ပါးသည် တစ်ပါးနှင့်တစ်ပါး ကြည်ညို
လေးခန့်သောအားဖြင့် အပြန်အလှန်ဦးစားပေးပြီး ”အရှင်ဘုရား
ရှေ.ကကြွပါ။ တစ်ပါးကလည်း အရှင်ဘုရား ရှေ.ကကြွပါ” ဟု
လျှောက်ထားပြောဆိုနေကြခြင်းကို ကြည့်လျှင် ဘာမျှအရေးအရာ
မဟုတ်ဟု ထင်မြင်ဖွယ်ရှိသော်လည်း ဆရာတော်နှစ်ပါးသည်
ငယ်သူငယ်ချင်းစာသင်သားများဖြစ်လင့်ကစား၊ အခြေအနေနှင့်
အချိန်အခါကိုလိုက်၍ တစ်ပါးနှင့်တစ်ပါး နေရာပေးခြင်း၊ လေးစားခြင်း၊
ကြည်ညိုခြင်းစသည့် အမူအရာလက္ခဏာတို့သည် နှစ်ပါးစလုံးပင်
ပညာနှင့်ပြည့်စုံသော သူတော်ကောင်းများဖြစ်နေသည်ကို ကြည့်တတ်၊
မြင်တတ်၊ ဆင်ခြင်တတ်မှသာလျှင် ကြည်ညိုတတ်မည်ဖြစ်ပေသည်။
ဤသို့ဖြစ်နေစင် ရွှေဥမင်ဆရာတော်က”အရှင်ဘုရားက
ဒီနေရာမှာ မင်းဆရာဖြစ်၍ ဂုဏ်အားဖြင့် သာလွန်နေပါတယ်ဘုရား၊
ပြီးတော့ ဧည့်သည်ဖြစ်နေခြင်းကြောင့်ဧည့်သည်ကို အိမ်ရှင်က
ဦးစားပေးဂါရ၀ပြုရမှာ ဓမ္မတာဖြစ်သည့်အတွက် အရှင်ဘုရားကသာ
ရှေ.ကကြွသင့်ပါသည်ဘုရား” ဟု လျှောက်ထားရာ၊ တောင်ဖီလာ
ဆရာတော်လည်း မငြင်းသာတော့ဘဲ ရှေ.ကကြွရလေတော့၏။
ကျောင်းပေါ်သို့ ရောက်လျှင် တောင်ဖီလာဆရာတော်သည်
အခြေအနေကိုအကဲခတ်ကြည့်မိ၏။ ကျောင်းပရိဘောဂပစ္စည်းများ
အခြေအနေကိုအကဲခတ်ကြည့်မိ၏။ ကျောင်းပရိဘောဂပစ္စည်းများ
ဖြစ်သော ဗီရို၊ သေတ္တာစသည် ဘာတစ်ခုမျှမရှိ၊ ရေနံဆီမီးခွက်ကြီး
တစ်ခု၊ အုန်းမှုတ်ခွက် စွပ်ထားသော မြေရေတကောင်းတစ်ခုနှင့်
ပေစာရွက်များသာတွေ့ရလေသည်။
ရွှေဥမင်ဆရာတော်သည် အညာဖျင်ကြမ်း သင်္ကန်းကြီးကို
ဝတ်ရုံလျက် ကပ္ပိယတစ်ဦးနှင့် တောကျောင်းတွင် စာပေကျမ်းဂန်
များပြုစုရေးသားခြင်း၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်းစသည်ဖြင့်
ခေါင်းခေါင်းပါးပါး သီတင်းသုံးနေထိုင်လျက် ရှိပေသည်။
တောင်ဖီလာဆရာတော်သည် ရွှေဥမင်ဆရာတော်အား
ရုတ်တရက်စကားစမေးလိုက်သည်မှာ-
“အရှင်ဘုရား၊ တောထဲ မှာ တစ်ပါးတည်းနေတာ
မကြောက်ဘူးလား”
ဤတွင် ရွှေဥမင်ဆရာတော်က “မှန်လှပါ၊ ကြောက်၍ပင်
တစ်ပါးတည်းနေခြင်း ဖြစ်ပါတယ်ဘုရား” ဟု ဖြေကြားလျှောက်ထား
လိုက်လေလျှင် တောင်ဖီလာဆရာတော်သည် ဘာမျှမပြောတော့ဘဲ၊
ရွှေဥမင်ဆရာတော် ပြုစုရေးသားနေသော ပေစာများကိုကောက်ကိုင်
ဖတ်ကြည့်နေလေ၏။ တောင်ဖီလာဆရာတော်သည် ရွှေဥမင်ဆရာ
တော် ရေးသားပြုစုထားသော “၀ိနယ” ကျမ်းကို တွေ့ရှိ၍
ဖတ်ကြည့်ပြီးလျှင် အောက်ပါအတိုင်း မိန့်ကြားလေသည်။
“အိမ်း…ငါ့အရှင်ရေးတဲ့ကျမ်းက တပည့်တော်ရေးတဲ့ ကျမ်း
ထက်ပြည့်စုံတယ်၊ ကျစ်လျစ်မှုလည်း ရှိတယ်။ ပို၍လည်း
ကောင်းတယ်။ ဒါကြောင့် ကျမ်းနှစ်ဆူရှိလျှင် နောင်လူတို့အတွက်
ဘယ်ကျမ်းလိုက်ရမှန်းမသိ၊ ဒွိဟဖြစ်ဖွယ်ရှိတယ်။ တပည့်တော်ရေးတဲ့
ကျမ်းကို ရွှေစည်းခုံစေတီတော်မှာ ဆီမီးအဖြစ် ပူဇော်မယ်” ဟု
မိန့်တော်မူလေ၏။
မည်သူမဆို မိမိအပတ်တကုတ်ရေးသားထားသော စာပေကို
အမြတ်တနိုးတန်ဖိုးထားတတ်ကြသူချည်း ဖြစ်သည်။ တောင်ဖီလာ
အမြတ်တနိုးတန်ဖိုးထားတတ်ကြသူချည်း ဖြစ်သည်။ တောင်ဖီလာ
ဆရာတော်ကဲ့သို့ ဆီးမီးအဖြစ်ပူဇော်ပစ်မည်ဆိုသည်မှာ အာဂသတ္တိ
မဟုတ်၊ ခက်ခဲလှသော အရာပင်တည်း။
တောင်ဖီလာဆရာတော်သည် ရွှေဥမင်ဆရာတော်အား
သင်္ကန်းတစ်စုံလှူရာတွင်လည်း ရွှေဥမင်ဆရာတော်က လက်နှစ်ဖက်
သင်္ကန်းတစ်စုံလှူရာတွင်လည်း ရွှေဥမင်ဆရာတော်က လက်နှစ်ဖက်
ဖြင့် ခံယူပြီး “ရွှေစည်းခုံကို လှူပါ၏” ဟုဆိုကာ အခြားတစ်ဖက်တွင်
ချထားလိုက်ရာ၊ အနားရှိကပ္ပိယကြီးမှာ မျက်နှာပျက်၍နေလေတော့၏။
“ဆရာတော်နှယ် ဘယ်နှယ်ပြောလိုက်ပါလိမ့်” ဟု ကပ္ပိယကြီး
စိတ်ထဲ တွေးနေလေသည်။
တောင်ဖီလာဆရာတော်သည် ဘုရားဝတ်ဖြည့်ပြီး ပြန်အကြွ
တွင်လည်း ဆရာတော်နှစ်ပါးမှာ တစ်ပါးနှင့်တစ်ပါး “ သူရှေ.ကကြွ၊
ငါရှေ.ကကြွ” နှင့် အပြန်အလှန်လေးစားခြင်း ၀တ်ပြုနေကြသည်မှာ
လည်း ကြည်ညိုဖွယ်ပင် ဖြစ်ပေတော့သည်။
တောင်ဖီလာဆရာတော်သည် မင်းဆရာဟူ၍ ပလွှားခြင်းမရှိ၊
အထူးတလည်နေရာယူ ဂရုပြုခံခြင်းမရှိ၊ ရိုးစင်းပွင့်လင်းစွာဆက်ဆံ
တတ်လေသည်။ ဆရာတော်ကြီးနှစ်ပါးသည် တစ်ပါးနှင့်တစ်ပါး ရင်းနှီး
ချစ်ခင်စွာဖြင့် ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေဆိုသကဲ့သို့ ရှိကြ
သည်မှာ အတုယူဖွယ်၊ ကြည်ညိုလေးမြတ်ဖွယ်ကောင်းသော
ပညာရှိသူတော်ကောင်းများ ပီသလှပေတော့သည်။
တောင်ဖီလာဆရာတော် ပြန်ကြွသွားလေလျှင်
ကပ္ပိယကြီးသည် ရွှေဥမင်ဆရာတော်အနားချဉ်းကပ်ကာ
အပြစ်တင်စကားလျှောက်ထား လာလေသည်။
ကပ္ပိယကြီးသည် ရွှေဥမင်ဆရာတော်အနားချဉ်းကပ်ကာ
အပြစ်တင်စကားလျှောက်ထား
“ဆရာတော်နှယ်၊ တပည့်တော်ဖြင့် ဟိုဆရာတော်ကို အားနာ
လိုက်တာ မပြောပါနဲ့တော့။ ဟို….ဆရာတော်က တောထဲမှာ တစ်ပါး
တည်းနေရတာ မကြောက်ဘူးလားလို့မေးတာကို ကြောက်၍ပင်
တစ်ပါးတည်းနေခြင်းပါဘုရားတဲ့၊ ကတ်သီးကတ်ဖဲ့ပြောလိုက်တာများ
တပည့်တော်ဖြင့် မျက်နှာတောင် မထားတတ်အောင်ပဲ။ ပြီးတော့
ဟိုဆရာတော်က ကိုယ့်ရုံစေချင်လို့ သင်္ကန်းလှူတာကိုလည်း
ကာယကံရှင်ရှေ.မှာပဲ အားမနာ ပါးမနာ ရွှေစည်းခုံကို လှူပါ၏တဲ့။
ကွယ်ရာမှာ ဘယ်လှူလှူပေါ့၊ သူ့ရှေ.မှာ ဒီလိုလုပ်လို့ ဘယ်တော်မလဲ၊
ဆရာတော်နှယ် လုပ်လိုက်ရင် အဲလိုချည်းပဲ…” ကပ္ပိယကြီးက
အပြစ်တင်စကားလျှောက်ထားသည်ကို ရွှေဥမင်ဆရာတော်က-
“အိမ်း…မင်းဘုန်းကြီးကို ငါကောင်းကောင်းဆုံးမလိုက်တာကွ၊
သူ နန်းဦးကျောင်းကို ပြန်ရဲရင်ပြန်ကြည့်ပေါ့” ဟု မိန့်တော်မူ
လိုက်လေသည်။
မှန်ပေသည်၊ ရွှေဥမင်ဆရာတော်၏ အဆုံးအမစကားသည်
နက်ရှိုင်းလှ၏။ တိုရှင်းလိုရင်းနှင့်ထိမိလှပေသည်။ “တပည့်တော်က
တော့ သံသရာဘေးကိုကြောက်လို့ တောထဲမှာ တစ်ပါးတည်းနေခြင်း
ဖြစ်ပါတယ်။ ငါ့အရှင်မှာ သံသရာကို မကြောက်၍ ပစ္စည်းလေးပါးနဲ့
အခြွေအရံတွေကို သာယာတွယ်ငြိနေတယ်” ဟု ဆိုရာရောက်နေပေ
တော့သည်။ ပညာရှိစကား မိုးကြိုးသွားကဲ့သို့ ထက်လည်းထက်၊
နက်လည်းနက်လှပါပေ၏။
တောင်ဖီလာဆရာတော်သည်လည်း နန်းဦးကျောင်းသို့
မပြန်တော့ဘဲ မြို.ရွာနှင့်ဝေးရာတောကျောင်းကလေးဖြင့် ဘာဝနာ
ခန်းဝင်ကာ သူတော်ဓလေ့ ပျော်မွေ့၍နေလေတော့သည်။
“ပညာရှိစကား ပညာရှိမှနားလည်”ဆိုသည့်စကားမှာ
အလွန်မှန်လှပေသည်။ ကပ္ပိယကြီးသည် ရွှေဥမင်ဆရာတော်အား
အနီးကပ်အလုပ်အကြွေးပြုနေသော်လည်း ဆရာတော်၏ သီလ၊
သမာဓိ၊ ပညာ စသည့် ဥာဏ်ပညာအရည်အချင်းကို အကဲခတ်
နားလည်နိုင်ခြင်း မရှိသည်မှာ သိသာထင်ရှားလှပေ၏။
သာသနာပိုင် တောင်ဖီလာဆရာတော်သည်ကား၊ ပညာနှင့်
ပြည့်စုံ၍ ရွှေဥမင်တောရကျောင်းဆရာတော်၏ အဆုံးအမအတိုင်း
နန်းဦးကျောင်းသို့ ပြန်မကြွတော့ဘဲ အရည၀ါသီ တောကိုမှီကာ
ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်နေသည်မှာ ပညာရှိ၍ ပညာရှိ
စကားနားလည် လိုက်နာကျင့်သုံးခြင်းဖြစ်သည်ဟု နားလည်ကြည်ညို
မိပါတော့သတည်း။
.