ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, October 19, 2010

ကျွန်တော်နဲ့ ဒေါက်တာဘွဲ့ ရ ဗေဒင်ဆရာကြီး ၂ ဦး


ကျွန်တော်နဲ့ ဒေါက်တာဘွဲ့ ရ ဗေဒင်ဆရာကြီး ၂ ဦး
အလင်းစေတမန် 











မြန်မာနိုင်ငံမှ အိန္ဒိယက ချီးမြှင့်သည့် ဗေဒင်ဒေါက်တာဘွဲ့ ရ ပညာရှင် ၂ ဦး၏ စာပေ လေ့လာမှုအား၊ စာဖတ်ပုံကို လူငယ်များ သိရှိနိုင်စေရန် ရေးရခြင်းဖြစ်သည်။

ကျွန်တော် alinnsaytaman နှင့်
ဒေါက်တာဘွဲ့ ရဆရာကြီး ၂ ဦးဖြစ်သော ဆရာ ဒေါက်တာ မင်းသိင်္ခ (ကွယ်လွန်) နှင့် ဒေါက်တာဒဂုန် တို့ ၁၉၉၅ ခုနှစ်ဝန်းကျင် လောက်က မမျှော်လင့်ဘဲ တွေ့ ရှိခဲ့ကြသည်။ ထိုအချိန်က ဆရာကြီး မင်းသိင်္ခသည်လည်း အလုပ်အလွန်များသဖြင့် တွေ့ ရန်မလွယ်သောအချိန်ဖြစ်သည်။ ဆရာဒေါက်တာဒဂုန် သည်လည်း စာအုပ်ထုတ်ဝေရေးကိစ္စ၊ အခြားခြားသော ကိစ္စများဖြင့် အလုပ်ရှုပ်နေသော အချိန်ဖြစ်သည်။ ထိုဆရာကြီး ၂ ဦးကို တစ်နေရာထဲအတူတကွတွေ့ ဖို့ရာ အလွန်ခက်ခဲ သော အချိန်ဖြစ်သည်။ ထိုသို့အခက်အခဲများကြားက ကျွန်တော်တို့ ၃ ဦးဆုံတွေ့ ခဲ့ကြသည်။ ထိုအချိန်က ကျွန်တော့်အသက် ၂၀ ကျော်ပါ၊ ဆရာဒဂုန် က ၅၀ ကျော်၊ ဆရာမင်းသိင်္ခက ၆၀ နီးပါးရှိပြီဖြစ်သည်။ ကျွန်တော့်ကို ဆရာ ဒေါက်တာဒဂုန်မှ သူ့သားအရွယ်သာရှိသဖြင့် သားဟုခေါ်ပါသည်။ ဆရာ ဒေါက်တာမင်းသိင်္ခက ကျွန်တော့် ကို မောင်ရင်ဟု ခေါ်ပါသည်။
ထိုသို့ဆုံရာစကားဝိုင်းတွင် ဆရာမင်းသိင်္ခမှ ကျွန်တော့်အား " မောင်ရင့်ကို ဆရာတစ်ခု မေးချင်တယ် မောင်ရင်တစ်နေ့ စာဘယ်လောက်ဖတ်သလဲ၊ ဘယ်နှစ် အုပ်ဖတ်ဖြစ်သလဲ " ကျွန်တော် " ကျွန်တော် အနည်းဆုံး ၁ အုပ်လောက်ကို ၄၊ ၅ နာ၇ီလောက်တော့ ဖတ်ဖြစ်တယ် ဆရာ " ဆရာမင်းသိင်္ခ  " နည်းတာပေါ့ မောင်ရင်ရ၊ ဆရာမင်းကို ဆရာလုပ်တာမဟုတ်ဘူး၊ ဆရာမင်းတို့ အရွယ်ကဆို တစ်နေ့ ၃ အုပ်၊ ၄ အုပ်လောက်ကို တစ်နေကုန် အားတဲ့ အချိန်တိုင်းဖတ်တာ။ ငယ်တုန်း မျက်စိကောင်းတုန်း စာများများဖတ်ပါ၊ ဆရာအခု စာရေးနိုင်တာ ငယ်ငယ်က စာဖတ်အားကောင်းခဲ့လို့ကွ " ဟု ပြောခဲ့သည်။ ဆရာမင်းသိင်္ခမှ ဆက်ပြောပါသည် " ငါအခုအချိန်အထိ  အိပ်ခါနီး အချိန်အထိ စာဖတ်တုန်းပဲ၊ " ဟုပြောသည်။ ဆရာဒဂုန်မှ " သား မင်းတို့ လူငယ်တွေက စာဖတ်ရင် ရွေးဖတ်တာများတယ်၊ ကိုယ်ကြိုက်တာ၊ ကိုယ်နဲ့အယူအဆတူတာတွေကြီး ဖတ်ကြတယ် အဲဒါမှားတယ်၊ စာမှန်ရင် အကုန် ဖတ်ရတယ်၊ မှားရင်ဘာကြောင့် ဒီစာမှား သလဲအဲဒါမှသိမှာ၊ အယူအဆမတူရင် ဘာကြောင့်မတူသလဲဆိုတာ သိရမှာ၊ ကိုယ်ကြိုက် ရင် အဲဒီစာကို အကြိမ်ကြိမ်ပြန်ဖတ်၊ မကြိုက်ရင် ၁ ခေါက်ဖတ်ပြီတော့ထားလိုက်ပေါ့ " လို့ ပြောပြပါသည်။ ဆရာမင်းသိင်္ခက " ဟုတ်တယ် ကိုယ်ဆို အဲဒီစာအုပ်ကို ကြိုက်ရင် ၁၀ ခေါက်ထက်မနည်း အလွတ်ရအောင်ကို ဖတ်တာကွ " ဟုပြောပြခဲ့သည်။ ဆရာကြီး ၂ ယောက်လုံးက  " ငါတို့စာဖတ်ရင် ဗလာစာအုပ်တစ်အုပ် ဘေးမှာချထားတယ်ကွ ငါတို့ကြိုက်တာ၊ မသိတာကိုတွေ့ ပြီဆို ဗလာစာအုပ်ထဲ ရေးမှတ်ထားလိုက်တယ်၊ မင်းတို့ခေတ်ကတော့အဲဒီလိုမဟုတ်ဘူး ဖတ်ပြီတာနဲ့ မေ့ပြစ်လိုက်တာပဲ၊ နောက်ပြီ မင်းတို့ခေတ်မှာကွာ ဖတ်ချင်တာကို အလွယ်တကူ ၀ယ်ဖတ်လို့ရတယ် ငါတို့ခေတ်တုန်းက စာဖတ်ချင်ရင် စာကြည့်တိုက်သွားကို လွယ်အိတ် တစ်လုံးနဲ့ သွားပြီ စာဖတ်ရတယ်၊ အရမ်းကြိုက်မှ ၀ယ်ကြတာ၊ ငါတို့ရတဲ့ ပိုက်ဆံဟာ စာအုပ်ဖိုးနဲ့တင် ကုန်တာပဲ၊ အဲ.... စာအုပ် မ၀ယ်နိုင်သေးရင် ကိုယ်ကြိုက်တာကို ဗလာစာအုပ်ထဲမှတ်ထားလိုက်တယ် " ဟု ပြောပြသည်။  ရသမျှ ပိုက်ဆံကို အစားဝယ်မစားဘဲ စာအုပ်ကိုဝယ်စုခဲ့ကြသည့် ပညာရှင်ကြီး များဖြစ်သည်။ ဆရာကြီးတို့၏ စာဖတ်အား၊ စာဖတ်ပုံ၊ စာပေကိုတန်ဖိုးထားပုံကို လူငယ်များ အတုယူ နိုင်ရန် ရှင်းပြခဲ့ခြင်းဖြစ်သည်။

ဒါကြောင့်ကျွန်တော်ထင်ပါသည် ဆရာကြီးတို့၏ စာဖတ်အားကောင်းခြင်းကြောင့် ဆရာမင်းသိင်္ခသည် မြန်မာမင်း ၁၂၂ ပါး၏ ကံကြမ္မာ ဆိုသော စာတမ်းနှင့် ဆရာ၏ ၇ ရက်သားသမီးများအတွက် အခမဲ့ယတြာခြေပေးခြင်း လုပ်ဆောင်ချက်များကြောင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ဆရာဒဂုန်သည် စာတမ်း ၅ စောင်တင်သွင်းကာ ထိုစာတမ်း များကြောင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။  ထို ၅ ကျမ်းလုံးသည် အိန္ဒိယ နက္ခတ် ဗေဒင် လောကတွင် မရှိဘဲ မြန်မာနိုင်ငံ၌သာရှိသည့် ဗေဒင်ပညာရပ်များ ဖြစ်သည်။ ထို ဒေါက်တာဘွဲ့ ရဆရာကြီးနှစ်ဦး ရေးသားခဲ့သည့် စာပေများမှာ အလွန်များပါသည်။ ထိုဆရာကြီးများ၏ စာပေများကို ဖတ်ကြည့်ခြင်းဖြင့် ထိုဆရာကြီးများသည် ငယ်စဉ်က မည်မျှစာဖတ်ခဲ့သည်ကို လေ့လာ၊ သိရှိနိုင်မည် ဖြစ်သည်။


အလင်းစေတမန်   
(http://alinnsaytaman.multiply.com)မှတဆင့်ကုးယူဖေါ်ပြပါသည်။

မာတိကာ


statistics

web tracker