ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, November 28, 2010

ပုံပြင်ရိုးရိုးကလေးတပုဒ် မှ ဂန္တဝင်မှတ်တိုင်တခုသို့

ပုံပြင်ရိုးရိုးကလေးတပုဒ် မှ ဂန္တဝင်မှတ်တိုင်တခုသို့

မုဒုံမြို့မှာနေတဲ့ ဦးမြင့်ဦး+ဒေါ်ပြုံးကြည် တို့ရဲ့သား ကိုထက်နေလင်းဦး နှင့် ရန်ကုန်မြို့မှာနေတဲ့ ဦးတင်ဝင်း+ဒေါ်ခင်မေညွန့် တို့ရဲ့သမီး မကြည်သာအေးချမ်း တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ချစ်ခြင်းမေတ္တာတရားကို အခြေခံပြီး လူသားဆန်စွာ အတူတူလက်တွဲ ရင်ဆိုင်ကျော်ဖြတ်သွားနိုင်မယ်
လို့ မျှော်လင့်ချက်နဲ့ လူကြီးစုံရာမှာ နိုဝင်ဘာ ၂၆ ရက် သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် ထိမ်းမြား လက်ထပ်ခဲ့ပြီးသည့်နောက် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နေအိမ်သို့မပြန်ခင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လာရောက်၍ မင်္ဂလာပေါ် မင်္ဂလာထပ်သည့် အနေဖြင့် နာရေးလမ်းကြောင်းကို ကုသိုလ်ဖြစ်လာရောက်ကာ မင်္ဂလာဇနီးမောင်နှံ တို့သည် နိဗ္ဗာန်ယာဉ်အား ကိုယ်တိုင် လာရောက်မောင်းနှင်ကြသည်။




အနော်မာ ၃ လမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာနေ ကွယ်လွန်သူ ဒေါ်အုံးမြင့် အသက် ၈၂ နှစ်၏ ရုပ်ခန္ဓာအား ကိုထက်နေလင်းဦး နှင့် ဇနီး မကြည်သာအေးချမ်း တို့ ဇနီးမောင်နှံသည် ကိုယ်တိုင်ကိုယ်ကျ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ပိုးကာ ရေဝေး သုဿန်သို့ မောင်းနှင်ပြီး သင်္ဂြိုဟ်ပေးခဲ့ပါသည်။


ကိုထက်နေလင်းဦး နှင့် ဇနီး မကြည်သာအေးချမ်း တို့ဇနီးမောင်နှံသည် နိုဝင်ဘာ ၂၆ ရက် သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာပွဲအခမ်းအနား ပြီးစီးသွားပြီး သည့်နောက် ၂၉. ၁၁. ၂၀၁၀ (တနင်္လာနေ့) မင်းကွန်းတိပိဋက ကျောင်းတိုက်၌ မင်္ဂလာဆွမ်းကျွေး အခမ်းအနားရှိသော်ငြားလည်း ယနေ့ ၂၇. ၁၁. ၂၀၁၀ (စနေနေ့)တွင် မအားမလပ်သည့်ကြားမှ ကုသိုလ်ရေးကိစ္စကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးဆပ် သွားခြင်းသည် မင်္ဂလာဆွမ်းကျွေးဖိတ်စာတွင် ရိုက်နှိပ်ထားသော ပုံပြင်ရိုးရိုးလေးတပုဒ်မှ ဂန္တဝင်မှတ်တိုင်တခု စိုက်ထူခဲ့နိုင်ပြီ ဖြစ်ပါသည်။
from... www.moemaka.com 

မာတိကာ


statistics

web tracker