ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Thursday, April 7, 2011

ယုံချင်ယုံ မယုံချင်နေ Believe it , or not.

ယုံချင်ယုံ မယုံချင်နေ

ဦးဝင်းမောင် မှ မြစိမ်းရောင် ဆရာတော်ဘုရားကြီးသို့ ၂၆-၂-၂၀၁၁ နံနက် ၉း၁၀ အချိန်လျှောက် ထား ချက်  
ဆရာတော်ဘုရား တပည့်တော်အား ကမ္ဘာစောင့်နတ်၊ သာသနာစောင့်နတ်များမှ လာရောက်နှိုးဆော်တိုက် တွန်း မှုကြောင့် ဆရာတော်အားလာရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဘုရား။
၂၀၁၁ ခု မတ်လလယ်လောက်မှစ၍ ငလျင်များစတင် လှုပ်ရှားမှာဖြစ်ကြောင်း၊ အဓိက အနေနှင့် စစ်ကိုင်း၊ တောင်ငူ၊ ပဲခူး စသည့်မြို့များဖြစ်ကြောင်း၊ တန်ခိုးကြီးဘုရား စေတီများ မပျက်စီးစေရန်
သာသနာစောင့် နတ်မင်းများအား စောင့်ကြပ်စေခဲ့ကြောင်း၊ မြန်မာပြည်ရှိရဟန်းရှင်လူများ မထိခိုက်မပျက်စီးစေရန် တိုင်းနယ်များရှိ မြို့ကြီးများသို့ မိမိအားစေလွှတ်၍ အစီအမံများကို ဆောင်ရွက်ခိုင်းကြောင်း၊ မိမိလုပ်ဆောင် သည့်နေရာမြို့များမှ မြေထက်သို့(၄)မိုင် မြေပေါ်သို့ ဗဟိုချက်မှ (၃၉၀)မိုင် အန္တရာယ် ကင်းသက်ရောက် စေပါကြောင်း။ မြန်မာပြည်ကြီးအန္တရာယ်မှကင်းဝေးစေရန် ဆရာတော်၊သံဃာတော်များမှ မြန်မာနိုင်ငံ နယ်နမိတ်တစ်လျှောက် လေယာဉ်ဖြင့် ပဋ္ဌာန်း၊ ပရိတ်၊ မေတ္တာများ ရွတ်ဖတ်သရဇယ်ပါက ၂၀ ပုံ ၁ပုံခန့် သာ အန္တရာယ်ကျရောက်စေမှာဖြစ်သည့်အတွက် ဆရာတော် ဘုရားအားလျှောက်ထားပါကြောင်း၊ ၂၀၁၁ ဧပြီလတွင် မြောင်းမြ၊ ပုသိမ်၊ ဖျာပုံစသည့်မြို့များမှာ မထင်မှတ်ဘဲ ရေကြိးနိုင်ပါကြောင်း၊ ၂၀၁၂ ခု ဒီဇင်ဘာလမှ ၂၀၁၃ ခုနှစ်မတ်လအထိ ကာလသည် အလွန်အရေးကြီးပါကြောင်း၊ နေနှင့်ကမ္ဘာကြားသို့ ဂြိုဟ်ကြီးတစ်လုံး ဖြတ်သန်းမှာဖြစ်ပါကြောင်း ၊ ၄င်းဂြိုဟ်သည် အပူရှိန်ပြင်းထန်လွန်းသောကြောင့် ကမ္ဘာကြီးသည် ငလျင်လှုပ်၊ မီးတောင်များပေါက်ကွဲပြီး ပြင်းထန်သောဘေးအန္တရာယ်များကြောင့်ကမ္ဘာပေါ်ရှိ လူသန်းပေါင်း(၆၀၀၀)အနက် သန်း(၃၀၀၀) ကျော်(၄၀၀၀)ခန့် သေကြေပျက်စီး မှာဖြစ်ကြောင်း၊ ဤကာလတွင် လူများ သီလသမာဓိ တည်ဆောက်ပြီး သတ်သတ်လွတ်စားလျှင်ပိုမို သင့်လျော် မည်ဖြစ်ပါကြောင်း၊ မြန်မာ၊ သီရီလင်္ကာ၊ နီပေါ၊ယိုးဒယား စသည်(၄)နိုင်ငံသာ သက်သာရာ ရမည်ဖြစ် ပါကြောင်း၊ တပည့်တော် ပုသိမ်၌ လုပ်ငန်းလုပ်ဆောင်နေစဉ် ဦးအောင်မြင့်ဆိုသူ လူတစ်ဥိးရောက်ရှိလာပြီး ဘိုးတော်အောင်မင်းခေါင်မှ ၄င်းအား မြစိမ်းရောင်ဆရာတော် ဘုရားသို့ လျှောက်ထားရန် ခိုင်းပါကြောင်း၊ မြစိမ်းတောင်ရှိ အဆောက်အဦးများ ခိုင်ခန့်စွာ တည်ဆောက်ထားရန် ဆန် ဆီ ဆား ဆေး များစုဆောင်း ထားရန် လျှောက်ထားခိုင်းကြောင်း၊ ယခုသူမလာခင်တပည့်တော်မှ ကြိုတင်လျှောက် ထားခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၃ ခု ဖေဖေါ်ဝါရီ ၁၄၊၁၅၊၁၆ ရက်များမှာ ကမ္ဘာကြီးသည် လည်ပတ်မှုရပ်ဆိုင်းပြီး အမှောင်ကျမည်ဖြစ်ပါကြောင်းစသည်ဖြင့်လျှောက်ထားပါသည်။

ဆရာတော်ဘုရားကြီးမှ ဒကာကြီး လျှောက်ထားချက်များ ဖြစ်နိုင်ပါကြောင်း ပြန်လည်မိန့်ကြားပါသည်။ ဒကာကြီးလည်း တောင်ပေါ်သို့လှည့်လည်ပြီး အဆောက်အဦးများ ဆောက်ထားသည်ကို လေ့လာကြည့် ရှုနိုင်ရန်နှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား စသည်များ အဆင်သင့် ဆောင်ရွက်ထားပါကြောင်း ပြန်လည် မိန့်ကြား ပါသည်။
ဆရာတော်ကြီးမှ ဆက်လက်၍ ယခု မြန်မာသက္ကရာဇ်ဘယ်လောက်ရှိပြီလဲသိလားဟု မေးသည့်အခါ ၁၃၇၂ ခုရှိပါပြီဘုရားလို့ ဖြေတဲ့အခါ ဒကာတို့ကို တဘောင်တစ်ခု ရွတ်ပြမယ်၊  
၈၁ နဲ့ မတင်းတိမ် ၉၀ ခုကိုအရောက်ချိန် မင်းတို့သိကြသလားမေးပြီး နောင် (၁၀)နှစ်နဲ့ နှစ်(၂၀)ကြာရင် ကမ္ဘာပေါ်မှာအားလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကုန်ပြီး မန္တလေးမြို့အောင်ပင်လယ်ကန်အနီးမှာ ဗုဒ္ဓရာဇာ၊ဗုဒ္ဓစင်္ကြမင်း ပေါ်လာပြီး ကမ္ဘာပေါ်မှာ မင်းတစ်ပါးတည်းသာ အုပ်ချုပ်စိုးစံမှာဖြစ်တယ် လို့မိန့်ကြားပါသည်။

မှတ်ချက်။ ။ ယခုလာရောက်လျှောက်ထားသူ ဦးဝင်းမောင်မှာ၂၀၀၈ ခုနှစ် နာဂစ် မတိုက်ခတ်မီ ၁၀ ရက်ခန့်အလိုတွင် ဆရာတော်အားရန်ကုန်၊ ဧရာဝတီ စသည့်နေရာများတွင် ကြီးမားသော မုန်တိုင်းကြီး တိုက်ခတ်ပြီး လူသိန်းချီသေဆုံးမည်အကြောင်း လျှောက်ထားခဲ့ဖူးသည်။

၁-၃-၂၀၁၁ ခု အင်္ဂါနေ့ နံနက် ၈း၀၀ နာရီအချိန် ဦးဝင်းမောင် မှမိုးဇလပညာရှင် ဒေါက်တာထွန်းလွင် သုံးသပ်ချက်အား ဆက်ကပ်ရာ ဆရာတော်မှ ၂၀၁၂ခုနှစ်သည် အင်မတန်မှ အရေးကြီးကြောင်း၊ ပျက်စီးမှာဖြစ်ကြောင်း မိန့်ကြားသဖြင့် လူအများ ကပ်ဘေးမှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်ရမည်ကို
လျှောက်ထားရာ အန္တရာယ်ဖြစ်ပွါးနိုင်သည့်ရက်များ တွင်ဖယောင်းတိုင်အသေး(၂)တိုင်အား ပူးထွန်း၍ ဘုရား၌ ပူဇော်ပါ၊ သားတော်၊သမီးတော်များ အား ကယ်တင်စောင့်ရှောက်ပါရန်နှင့်
သဗ္မုဗုဒ္ဓေဂါထာတော်အား အချိန်ရလျှင် ရသလို ရွတ်ဖတ် ပူဇော်ရန်မိန့်ကြားပါသည်။

(ဟုတ်မဟုတ်အား ကိုယ်တိုင် ကြုံကြားသိမြင်ခြင်းမရှိပါ၊ လက်ထဲရောက်လာ၍ ထပ်မံဝေငှပါသည်။ ဘုရားတရားသံဃာ ကိုးကွယ်ဆည်းကပ်ရန် တိုက်တွန်းချက်များပါ၍ အကျိုးမယုတ်ဟု ယူဆမိပါ၍ ဝေငှခြင်းဖြစ်ပါသည်။)

မာတိကာ


statistics

web tracker