ခေတ်သစ်အံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရန်အတွက် ကမ္ဘာပေါ်တွင်မူလအတိုင်းနီးပါး ကျန်ရှိနေခဲ့သော အထိမ်းအမှတ် အဆောက်အဦးပေါင်း ၂၀၀ အား New Open World Corporation (NOWC) မှဆန်ကာ တင်ရွေးချယ်ခဲ့သည်။ အဆိုပါ NOWC မှ New7wonders ဖောင်ဒေးရှင်းအား ၂၀၀၁ ခုနှစ်တွင် တည်ထောင် ၍ ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးမှတ်တမ်း အား
ကမ္ဘာ့ပြည်သူများအား မဲပေးရွေးချယ်စေခဲ့သည်။ မဲပေးသောစနစ်အား အင်တာနက်၊တယ်လီဖုန်းလိုင်များမှ
ကမ္ဘာ့ ပြည်သူအများစု၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့သော ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
ကျောက်တုံးများဖြင့်တည်ဆောက်ထား ပြီး။ တည်ဆောက်ချိန်မှာ ၁၉၂၂ နှင့် ၁၉၃၃ အထိ ဆယ်နှစ်ခန့်ကြာမြင့်ခဲ့သည်။
လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများအနက် မဟာရံတံတိုင်းကြီးသည် အရှည်လျားဆုံးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း ၄၀၀၀ ၀န်းကျင်ရှိသည်။ ကြားထဲရှိ မြစ်များ ချောင်းများနှင့် လူမတက်ရောက်နိုင်သော ကျောက်တောင်များကိုဖယ်လိုက်လျှ င် ခန့်မှန်းခြေ မိုင်ပေါင်း ၂၄၀၀ ခန့် တည်ဆောက်ထားခဲ့သည်။ ဘီစီ ၅ ရာစု (ခရစ်မပေါ်မီ နှစ်ပေါင်း ငါးရာ)ခန့်မှ အေဒီ ၁၆ ရာစုအထိ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာအောင် မင်းဆက်များစွာ ဆက်တိုက် အဆင့်ဆင့် ပြုပြင်တည်ဆောက်ခဲ့သော ကြောင့် ခေတ်အဆက်ဆက်၏ ဆောက်လုပ်ရေးပညာများစွာ စုဝေးရာဖြစ်သည်။ မဟာတံတိုင်းကြီးသည် တရုတ်ပြည် မြောက်ပိုင်းတွင်တည်ရှိပြီး မွန်ဂိုကဲ့သို့သော ပြည်ပကျူးကျော်ရန်များမှ ကာကွယ်ရန်ဆောက်လုပ်ခဲ့ခြင်းဖြစ် သည်။ တံတိုင်းကြီး၏ ထင်ရှားသော အစိတ်အပိုင်းအား စတင်တည်ဆောက်ခဲ့သူမှာ ဘီစီ၂၀၀ ခန့်မှ ဧကရာဇ် ရှီဟွမ်တီ (Shi Huang Di) ဖြစ်သည်။ တရုတ် ဒဏ္ဍာရီ ရာဇ၀င်ဇာတ်ကားတော်တော်များများ တွင် ထည့်သွင်းရိုက်ကူးခဲ့သည်။
ကိုလိုစီယမ်သည် ဥရောပမှ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေးချယ် ထားသော အီတလီပြည်ရောမမြို့ရှိအားကစားကွ င်းကြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ ကျော်က တည်ဆောက်ခဲ့သည်။ ပရိတ်သတ်ပေါင်း ငါးသောင်းကျော် ဆန့်သော ထိုအားကစားကွင်းတွင် ဂလက်ဒီယေတာ (Gladiators)များ၏ တိုက်ခိုက်ပွဲများ၊ တိရစ္ဆာန်များနှင့် လူများ တိုက်ခိုက်ပွဲများအစရှိသည့် ရက်စက်သောအားကစားပွဲများ ကျင်းပခဲ့သည်။ ဧကရာဇ် ဗက်စပါစီယန်(Vespasian) မှ အေဒီ ၇၀ ၀န်းကျင်(လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်) တွင်တည်ဆောက်ခဲ့သော ထိုအားကစားကွင်း၏ ဒီဇိုင်းမှာ ယခုခေတ်အားကစားကွင်းများ၏ အတုယူစရာဖြစ်ခဲ့သည်။ ကမ္ဘာကျော် Gladiator ဇာတ်ကားနှင့် ဇာတ်ကားအများအပြားတွင် ထည့်သွင်းရိုက်ကူးခဲ့သည်)
ယခုလက်ရှိ ဂျော်ဒန်နိုင်ငံတွင်တည်ရှိသော ပီထရာမြို့ဟောင်းမှာ အာရေဗီယံသဲကန္တာရ အစွန်းတွင်တည်ရှိပြီး နာဘေတီယန်(Nabataean) နိုင်ငံတော်၏ ဘုရင်အာရီတတ်(စ)(Aretas) (ဘီစီ၉-အေဒီ၄၀) လက်ထက်တွင် အဓိက မြို့တော်ဖြစ်ခဲ့သည်။ တည်ဆောက်ချိန်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၁၀၀) ကျော် (ဘီစီ ၁၀၀) ခန့်က ဖြစ်သည်။ မူလက ပီထရာမြို့ဟောင်းကို အနောက်နိုင်ငံများမှ မသိရှိကြပဲ ဆွစ်ရှာဖွေလေ့လာသူJohann Ludwig Burckhardt က ၁၈၁၂ ခုနစ် တွင်တွေ့ရှိရာမှ လူသိများလာသည်။ ပီထရာမြို့ဟောင်းထင်ရှားရခြင်း မှာ ကျောက်နံရံကြီးတွင် ကပ်လျက် တည်ဆောက်ထားသော ၁၃၂ ပေမြင့်သော အနီရောင်ကျောက်ထွင်းနတ်ဘုရားကျောင်းနှင့်တကွ လှပသော ကျောက်တုံး အဆောက်အဦးများကြောင့်ဖြစ်သည်။ ထိုမြို့တော်ဟောင်းတွင် ဥမင်များ၊ ရေချိုးခန်းများနှင့်တကွ လူလေးထောင်ခန့် ဆန့်သော လူထုစည်းဝေးရာခန်းမတစ်ခုရှိသည်။
့ ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများအား ၁၆၃၂ တွင်စတင်ပြီး ၁၅ နှစ်မျှအချိန်ယူတည်ဆောက်ခဲ့ရသည် ။ တန်ဖိုးကြီးမား သော စကျင်ကျောက်များဖြင့်တည်ဆောက်ထားသော စက်လုံးပုံ င်္သချိုင်းဂူကြီးတွင် လှပသောဥယျာဉ်များ၊ မူဆလင်အနုပညာများ ပါဝင်ပြီး၊ ၁၃ထပ်ကျော်မျှမြင့်သော ဗလီမျှော်စင် လေးခုပါဝင်သည်။ တပ်(ခ်ျ)မဟာတည်ဆောက်ပြီး မကြာခင်တွင် ဘုရင်ရှားလ်ဂျဟန်မှာ သားတစ်ယောက်၏ အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။ အိမ်နိမ့်စံဘဝတွင် နေထိုင်စဉ်ကာလတစ်လျှောက်လုံး တပ်(ခ်ျ)မဟာအား အားပြတင်းပေါက်မှ ကြည့်၍ ငေးမောအချိန်ကုန်လွန်စေခဲ့ကြော င်း အချို့ရာဇဝင်များတွင် ဖေါ်ပြထားသည်။ အော်စကာဆုရတဲ့ ကမ္ဘာကျော် အိန္ဒိယဇာတ်ကား slumdog millionaire တွင် ထည့်သွင်းရိုက်ကူးခဲ့သည်။
မာချူပီချူး သည် တောင်အမေရိကတိုက် ပီရူးနိုင်ငံတွင်တည်ရှိပြီး ရှေးဟောင်းအင်ကာယဉ်ကျေးမူ့တွင် လူသိများသော မြို့ဟောင်းတစ်ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ ခန့်ရှိ အာယူဘင်ဘာတောင်ထွတ်ပေါ်တွင်တည်ထားသော မြို့တော်ဖြစ်သည်။ အေဒီ ၁၄၀၀ ခန့်က တည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်သာ တည်မြဲခဲ့သည်။ အေဒီ ၁၅၀၀ တွင် စပိန်စစ်တပ်များ၏ ၀င်ရောက်ကျူးကျော်မူ့ကြောင့် ပျက်စီးခဲ့ရသည်။
အေဒီ၇၅၀ မှ ၁၂၀၀ အတွင်းတည်ရှိခဲ့သော Chichén Itzá မြို့သည် ရှေးဟောင်းမာယာ ယဉ်ကျေးမူ့တွင် ဘာသာရေး နှင့်နိုင်ငံရေးအရ အဓိကထင်ရှားသော ဂူပုထိုးမြို့ဖြစ်ခဲ့သည်။ မြို့တော်၏အလယ်ဗဟိုတွင် Kukylkan ပိရမစ်ရှိပြီး အမြင့်ပေပေါင်း ၇၉ ပေမြင့်သည်။ ဘေးပတ်လည်လေးမျက်နှာတွင် မျက်နှာပြင်တစ်ခု၌ လှေကားထစ်ပေါင်း ၉၁ ခုစီပါဝင်ပြီး စုစုပေါင်းအပေါ်ဆုံးတစ်ထစ်အပါ အ၀င် လှေကားထစ်ပေါင်း ၃၆၅ ထစ်ပါဝင်သောကြောင့် လှေကားထစ်များသည် နှစ်တစ်နှစ်တွင်ပါဝင်သော ရက်များအားကိုယ်စားပြုသည်ဟုဆြို ကသည်။
၂၀၁၂ တွင် ကမ္ဘာပျက်မည့် ပြက္ခဒိန် ကိုတွေ့ရှိခဲ့သော ရှေးဟောင်းဒေသအဖြစ် ယနေ့ကမ္ဘာတွင် ကျော်ကြားသည်။
- ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)
- မဟာရံတံတိုင်းကြီး (Great wall of China)
- ကိုလိုစီယမ် (Colosseum in Rome)
- ပီထရာမြို့ဟောင်း (Jordan's ancient city of Petra)
- တပ်(ခ်ျ)မဟာ (India's Taj Mahal)
- အင်ကာမြို့ဟောင်း မာချူပီချူး (The Inca ruins of Machu Picchu of Peru)
- မာယာမြို့တော်ဟောင်း ( The ancient Maya city of Chichén Itzá in Mexico)
ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)
အမြင့်ပေပေါင်း ၁၃၀ ပေရှိသော ခရစ်တော်၏ ရုပ်တုကြီးသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို(Rio de Janerio) မြို့ရှိ ကော်ကိုဗာဒိုတောင်ထိပ်တွင် တည်ရှိသည်။ အလေးချိန်မှာ တန် (၇၀၀) ခန့်ရှိသည်။ကျောက်တုံးများဖြင့်တည်ဆောက်ထား
မဟာတံတိုင်းကြီး (Great wall of China)
လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများအနက် မဟာရံတံတိုင်းကြီးသည် အရှည်လျားဆုံးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း ၄၀၀၀ ၀န်းကျင်ရှိသည်။ ကြားထဲရှိ မြစ်များ ချောင်းများနှင့် လူမတက်ရောက်နိုင်သော ကျောက်တောင်များကိုဖယ်လိုက်လျှ
ကိုလိုစီယမ် (Colosseum in Rome)
ကိုလိုစီယမ်သည် ဥရောပမှ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေးချယ်
ပီထရာမြို့ဟောင်း (Jordan's ancient city of Petra)
ယခုလက်ရှိ ဂျော်ဒန်နိုင်ငံတွင်တည်ရှိသော ပီထရာမြို့ဟောင်းမှာ အာရေဗီယံသဲကန္တာရ အစွန်းတွင်တည်ရှိပြီး နာဘေတီယန်(Nabataean) နိုင်ငံတော်၏ ဘုရင်အာရီတတ်(စ)(Aretas) (ဘီစီ၉-အေဒီ၄၀) လက်ထက်တွင် အဓိက မြို့တော်ဖြစ်ခဲ့သည်။ တည်ဆောက်ချိန်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၁၀၀) ကျော် (ဘီစီ ၁၀၀) ခန့်က ဖြစ်သည်။ မူလက ပီထရာမြို့ဟောင်းကို အနောက်နိုင်ငံများမှ မသိရှိကြပဲ ဆွစ်ရှာဖွေလေ့လာသူJohann Ludwig Burckhardt က ၁၈၁၂ ခုနစ် တွင်တွေ့ရှိရာမှ လူသိများလာသည်။ ပီထရာမြို့ဟောင်းထင်ရှားရခြင်း
တပ်(ခ်ျ)မဟာ (India's Taj Mahal)
အိန္ဒိယနိုင်ငံ အာဂရ(Agra) ပြည်နယ်ရှိ တပ်(ခ်ျ)မဟာ ဂူသချိုင်းမှာ မူဆလင်ဧကရာဇ် ရှားလ်ဂျဟန်(Shah Jahan) မှ ကွယ်လွန်သွားသော သူ၏သစ္စာရှိသော နောက်ဆုံးမိဖုရား မမ်တက်(ဇ)မာဟဲ (Mumtaz mahal) အား သတိရတမ်းတသောအားဖြင့်တည်ဆောက်ခဲအင်ကာမြို့ဟောင်း မာချူပီချူး (The Inca ruins of Machu Picchu of Peru)
မာချူပီချူး သည် တောင်အမေရိကတိုက် ပီရူးနိုင်ငံတွင်တည်ရှိပြီး ရှေးဟောင်းအင်ကာယဉ်ကျေးမူ့တွင် လူသိများသော မြို့ဟောင်းတစ်ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ ခန့်ရှိ အာယူဘင်ဘာတောင်ထွတ်ပေါ်တွင်တည်ထာ
မာယာမြို့တော်ဟောင်း ( The ancient Maya city of Chichén Itzá in Mexico)
အေဒီ၇၅၀ မှ ၁၂၀၀ အတွင်းတည်ရှိခဲ့သော Chichén Itzá မြို့သည် ရှေးဟောင်းမာယာ ယဉ်ကျေးမူ့တွင် ဘာသာရေး နှင့်နိုင်ငံရေးအရ အဓိကထင်ရှားသော ဂူပုထိုးမြို့ဖြစ်ခဲ့သည်။ မြို့တော်၏အလယ်ဗဟိုတွင် Kukylkan ပိရမစ်ရှိပြီး အမြင့်ပေပေါင်း ၇၉ ပေမြင့်သည်။ ဘေးပတ်လည်လေးမျက်နှာတွင် မျက်နှာပြင်တစ်ခု၌ လှေကားထစ်ပေါင်း ၉၁ ခုစီပါဝင်ပြီး စုစုပေါင်းအပေါ်ဆုံးတစ်ထစ်အပါ
၂၀၁၂ တွင် ကမ္ဘာပျက်မည့် ပြက္ခဒိန် ကိုတွေ့ရှိခဲ့သော ရှေးဟောင်းဒေသအဖြစ် ယနေ့ကမ္ဘာတွင် ကျော်ကြားသည်။