ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Wednesday, July 27, 2011

အဆိပ်

ဆရာထင်လင်း .ဘာသာပြန်-အဆိပ်.


မေမေချစ်သောသားသား နဲ့ မီးမီးရေ
မေမေ ငယ်ငယ် ကနှစ်သက်ခဲ့ဘူးတဲ့ဝတ္ထု တစ်ပုဒ်ကို ပြန်လည်သတိရမိပါတယ်..။ ကမ္ဘာကျော် စကော့တလန် လူမျိုး ဆရာဝန် စာရေးဆရာ အေဂျေခရိုနင် A.J Cronin ရေးတာပါ။ အေ ဂျေ ခရိုနင် ရေး တဲ့ထဲက ဆို ဆရာမောင်ထွန်းသူ ဘာသာပြန် ပြီးအမျိုးသားစာပေဆုရခဲ့တဲ့ *ရဲတိုက်*ဝတ္ထုကိုတော့ လူသိများကြပါတယ်..။
 ဒီ Judas Tree ဆိုတဲ့ ဝတ္ထုကတော့ ဆရာထင်လင်း က *အဆိပ်* ဆိုတဲ့နာမည် နဲ့ ဘာသာပြန် ဘူးပါ တယ်..။ အေဂျေခရိုနင် က ဒီဝတ္ထုကို ၁၉၆၁ မှာရေးခဲ့တာဖြစ်ပါတယ်..။ ၁၉၇၅ လောက်မှာ အိန္ဒိယ ရုပ်ရှင်မင်းသမီး ရှမီလာတဂိုး နဲ့
ဆန်ဂျေးကူးမားတို့ က ရုပ်ရှင်အဖြစ်တင်ဆက်ခဲ့ဘူးပါတယ်..။
အင်္ဂလိပ်နာမည် က Judas tree ဖြစ်ပြီး မြန်မာ ဘာသာပြန်နာမည် ကဘာလို့ အဆိပ် ဖြစ်နေတာလည်း လို့ ကလေးတို့ကမေးချင်မေး မယ်။ ဇာတ်လမ်းလေး ကိုဆက်ပြောရင် ရှင်းသွားပါလိမ့်မယ်။
ရဲတိုက်နဲ့ အဆိပ် ဝတ္ထု မှာပါတဲ့ ဇာတ်လိုက် နှစ်ဦးလုံး က ဆရာဝန် တွေဖြစ်ပေမဲ့ ဘဝတန်ဘိုး ချင်း ကတာ့ ခြားနားလို့ နေပါတယ်။ ဒီ*အဆိပ်* ဝတ္ထုမှာပါတဲ့ ဆရာဝန်က Dr. David Moray ဒေါက်တာ ဒေးဗစ်မိုရေး တဲ့..။ငယ်ရွယ်နုပျိုပြီး ရည်မှန်းချက်တွေနဲ့ တက်ကြွခဲ့ပေမဲ့ အကောင်အထည်ဖေါ်တဲ့အခါ  စိတ်ဓာတ်အင်အား ချိနဲ့ တဲ့ဆရာဝန် တစ်ဦးပေါ့လေ…။ ဆရာဝန် ဖြစ်ဘို့ ကျောင်းတက်ရစဉ်မှာ ထာဝစဉ်ဖေးမကူညီ ပေး တဲ့ ငယ်ချစ်ဦး ချစ်သူ တစ်ဦးရှိခဲ့တယ်..။ မေရီဒေါက်ဂလပ်စ် တဲ့..။ ငယ်သံယောဇဉ်ကြီးကြတာမို့ ဆရာဝန်ဖြစ် တဲ့အခါ လက်ထပ်ပါ့မယ်လို့ ကတိကဝတ် ပြုခဲ့ကြ ပါတယ်..။
ဒါပေမဲ့ကျောင်း ပြီးလို့ ဆရာဝန်ဖြစ်ချိန် မှာ ဒေးဗစ် မှာ အဆုတ်ရောဂါရလာလို့ ဆရာဝန်က ပင်လယ်လေ ရှူ ရမယ် လို့ အကြံပေးတာနဲ့ သူဟာ လက်မထပ်ဖြစ်တော့ ပဲ အိန္ဒိယ သွားမဲ့ ပင်လယ်ကူး သင်္ဘော မှာလိုက်ပါပြီး သင်္ဘော ဆရာဝန် အဖြစ်အမှု ထမ်းခဲ့ပါတယ်။
သင်္ဘောပေါ်မှာ စီနင်း လိုက်ပါတဲ့ လူကုံထံမိသားစုတွေ နဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါ ငယ်ငယ် က ဆင်းရဲချို့တဲ့ခဲ့ တဲ့ ဒေးဗစ် ဟာ ယိမ်းယိုင် စီးမျော ခဲ့ပါတယ်..။ တောနယ်ကျေးလက်မှာတောသူ ရိုးရိုးလေးတစ်ယောက်ကိုလ က်ထပ်ပြီး ဘဝကို ဆင်းဆင်းရဲရဲ မဖြစ်သန်းလိုတော့ဘူး။ ဆန်းပြားစွာ ချမ်းသာ ချင်စိတ်တွေဖြစ်တဲ့အခါ ထိန်းသိမ်းရမဲ့ ယောင်္ကျားကတိ ဆိုတာကို လွယ်လွယ်နဲ့ ချိုးဖဲ့ဖျက်စီး ခဲ့ပါတယ်။
မေမေ စိတ်ထဲမှာ မြင်ယောင် မှတ်မိ နေတဲ့ ပုံရိပ်လေးကတော့ မေရီရေးပို့ထား တဲ့ စာတစ်ထပ်ကြီး ကို လုံးဝ ဖောက်မဖတ်ပဲ အိန္ဒိယ ရောက်တော့ မြစ်တစ်ခုရဲ့ တံတားထက်ကနေ ဆွဲဆုတ် လွှင့် ပစ်လိုက်တာပါ..။ အဲဒီနေရာမှာ မေမေ ကမေရီ့ကို သနားလို့ မျက်ရည်ဝဲမိခဲ့သေးတယ်။ တစ်ချိန်က ငယ်သံယောဇဉ် နဲ့ ကျေးဇူးတရားကို လွယ်လွယ်ချေဖျက်ခဲ့တယ်..။
သဘောင်္ပေါ်မှာပါလာတဲ့ လူကုံထံ မိသားစု မှာ ဒေါရစ်စ်ဆိုတဲ့ သမီးလေးတစ်ယောက်ပါလာခဲ့တယ်..။သူတို့က ဆေးကုမ္ပဏီ ပိုင်ရှင်တွေပါ..။ ဝတ္တုရေးတဲအချိန် ၁၉၅၇-၆၁ လောက်မှာ သာလီဒိုမိုက် ဆိုတဲ့ဆေး ဆေးကုမ္ပဏီတစ်ချို့ ရဲ့ငွေမျက်နှာသာကြည့်ပြီး မဆင်မခြင် ထုတ်လုပ်ရောင်းချ ခဲ့တဲ့ ဂျာမန် ဆေးကုမ္ပဏီကို လည်း အေဂျေခရိုနင်က စိတ်နာနာနဲ့ဝေဖန် ပြောဆို ချင်ပုံရပါတယ်..။
အစမှာတော့ သာလီဒိုမိုက် ကိုစိတ်ငြိမ်ဆေးအနေနဲ့ ထုတ်လုပ်ရောင်းချကြတာဖြစ်ပါတယ်..။ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ သုံးစွဲကြ တဲ့အခါ သန္ဓေသားကြီးထွား မှုကို နှောက်ယှက် တဲ့ဘေးထွက်ဆိုးကျိုး တွေကြုံ ရတာပေါ့လေ..။
အဲဒီတုံးက ခြေလက်မပါတဲ့ ငါးလိုလို ကိုယ်လုံး နဲ့ သန္ဓေသားတွေ မွေးဖွားခဲ့ကြ တာဟာကြောက်ခမန်း လိလိမှားယွင်း မှုကြီး တွေပါ..။ဒီတော့ သူ့ဝတ္ထု ထဲက ငွေမက်တဲ့ ဆရာဝန်ကိုဆေးကုမ္ပဏီ ပိုင်ရှင်နဲ့ တွေ့ဆုံစေလိုက်တာနဲ့ တူပါတယ်..။ ချမ်းသာချင်တဲ့ဒေးဗစ်ဟာ  လူချမ်းသာသမီး ဒေါရစ်ကို သဘောကျခဲ့တယ်။ နောက် လက်ထပ် ယူလိုက်ပါတယ်။ ဆွစ်ဇာလန်လိုနေရာမျိုးမှာ အိမ်အကောင်းစားနဲ့ နေရတယ်..ချမ်း သာလာတာပေါ့လေ..။အဲဒီဒေါရစ် စိတ်ရင့်ကျက် ပြည့်ဝ မူမှန်သူမဟုတ်တာကို ယူပြီးမကြာခင်မှာပဲသိလေတော့ ခဏသာပေါင်းပြီး စွန်ပစ်ခဲ့ပြန်ပါတယ်..။
ဆွစ်ဇာလန် မှာချမ်းသာသုခတွေ ခံစားနေတဲ့ဒေါက်တာဒေးဗစ် ဟာ မကြ ခဏတော့မေရီ့ ရဲ့ အရိပ်တွေ ကချောက်အိပ်မက်လိုပါ။ အမြဲချောက်လှန့်ခံ နေရတာ။ အစ ပိုင်း မှာ ပြန်သွားပြီးသူ့အမှားကို ကုစားချင်ပေမဲ့ ဆုံးဖြတ်ချက် ခိုင်မာ တဲ့ စိတ်ခွန်အား မရှိရှာဘူး။ တကယ်မွေးရပ်မြေ စကော့တလန်ကို ပြန်သွားဘို့ ဆုံးဖြတ်တဲ့အချိန်မှာ သိပ်ကိုနောက်ကျခဲ့ပါပြီ..။ မေရီ မရှိတော့ပါဘူး သေဆုံးခဲ့ပါပြီ..။
သူ့ကိုယ်စား မိဘမဲ့တဲ့ သနားစဖွယ် ကေသီ ဆိုတဲ့ သမီးလေးတစ်ယောက်ကို ထားခဲ့ပါတယ်..။ကေသီလေးဟာ ဆင်းရဲရှာပေမဲ့ တောနယ်ကျေးလက်မှာ သူနာပြုဆရာမလေး အနေနဲ့ ရပ်တည်ရရှာပါတယ်။အသက် မွေးဝမ်းကျောင်းဆိုတာ ထက် စေတနာ ဝါသနာ အနစ်နာ နဲ့အတူ လူနာတွေကို ပြုစုစောင့်ရှောက်တာပါ..။ မေရီ့ သံယောဇဉ် နဲ့ ဒေးဗစ်ဟာ  ကေသီ့ကိုချဉ်းကပ်ပြန်ပါတယ်..။ သူ့အပြစ်ကို ပြန်လည် ကုစားလိုတဲ့သဘော လည်းပါ တာပေါ့နော်..။
ကေသီကို ဆွစ်ဇာလန် ကိုခေါ်မယ် ..ပညာတွေသင်ပေးမယ်ပေါ့လေ..။ဒါနဲ့ပဲ ကေသီဆေးကု တဲ့နောက်ကို သူလျှောက်လိုက်ခဲ့ပါတယ်..။ကေသီကို သူလက်ထပ်ခွင့်တောင်းခဲ့ပါတယ်..။ကေသီက တော့ အမေရဲ့ရာဇဝင် ကိုမသိခဲ့ တော့ မယုံ ရဲ ယုံ ရဲပေါ့လေ..။ ဆွစ်ဇာလန်ကို လိုက်ခဲ့ပေမဲ့ သူကပြော ပြပါတယ်..။ သူပညာဆက် မသင်တော့ဘူး။ ဒီသူနာပြုပညာနဲ့ လူသားအကျိုးပြု အလုပ်တွေလုပ်မယ်..။အာဖရိက ကိုသွားမယ် အဲဒီမှာ လူနာတွေ ကို ကူညီမယ်..။ ရှင်လည်း ကျွန်မကိုချစ်ရင် အာဖရိက ကိုလိုက်ပေါ့ တဲ့။ ပျော့ညံ့တဲ့ ဒေးဗစ် ဟာ မွန်မြတ်တဲ့ ဆရာဝန်ဘဝကို ပြန်ရချင်ခဲ့တာပါ..။ သူဒီတခါ ပြန်လည် ရရှိဘို့ကြိုးစားမယ် ဆိုပြီး တစ်ခါ ဆုံးဖြတ်ပြန်ပါတယ်..။
ဆွစ်ဇာလန် က သူတို့ မြို့လေးမှာ သူဟာ  လူထုကိုကြေညာပါတယ်..။ သူ့ အိမ်တွေ စည်းစိမ်တွေကို ဆင်းရဲသားတွေ အတွက် အသုံးပြုမယ် ။ အာဖရိကမှာ စေတနာဆရာဝန် အဖြစ်ရပ်တည်မယ်လို့ တက်တက်ကြွကြွ ကြေညာခဲ့ပါတယ်..။
ဒီရှင်းလင်းပွဲအပြီးမှာ ကေသီဟာ စကော့တလန်ကို ခဏပြန်ပါတယ်..။ပြန်လာရင်အာဖရိကကို သွားကြမယ်ပေါ့လေ..။ အဲဒီ ခဏပြန်တုံးလေးမှာပဲ ဒေးဗစ် ခမျာ အားစမ်းမှုတစ်ခု နဲ့ကြုံရပြန်ပါတယ်..။ ယောင်္ကျားကျမ်းကြေ တဲ့ မြို့စားကတော်ကျ မုဆိုးမ တစ်ဦး ဖြစ်တဲ့ ဖရီဒါ  ပါ..။ အရင်ကတည်း ကမိတ်ဆွေတွေဖြစ်ပြီး ဒေးဗစ် ရဲ့ စည်းစိမ်တွေ ကိုမျက်စိကျ နေတာဖြစ်ပါတယ်..။
သူက ကေသီမရှိတုံး နေ့စဉ်လာပြီး ဆွဲဆောင်သိမ်းသွင်း ပါတယ်..။*ရှင်နော် အာဖရိက ကခြင်တွေက အကြီးကြီးတွေ..။ ငှက်ဖျားက ဘယ်လိုဆိုးတာ။ ညစ်ပတ်တာ ကကမ်းကုန်တယ် ။ ရှင်အိမ် ကငွေထည်ပစ္စည်း တွေ နှမျောစရာ..။ ဒီမှာ မနက်မိုးလင်းရင် နှင်းတွေ ဖုံးနေတဲ့ အဲလ်ပ်တောင်တန်း ကိုမြင်ရင်းနိုးရတာ*.. စသည်ဖြင့်ပေါ့လေ..။ တတိတိ နဲ့ တအိအိ စည်းရုံးလိုက်တာ…ကြာကြာမစည်း ရုံးရပါဘူး ဖရီဒါနောက်ကို ပါပြီး လက်ထပ် ဖြစ်လိုက်ပါတော့ တယ်..။
မှားပြန်ပြီတစ်ခါ..ဒီတစ်ခါလည်း ကေသီရဲ့ စာကို မဖတ်ပြန်ပါဘူး။ စာက ဒီနေ့ပြန်လာမယ် တဲ့..။ လှေခါးအောက်မှာ ရောက်နေတဲ့ ကေသီ ကို ဘယ်လိုစကားလုံးတွေ သူသုံးပြီှး ရှင်းပြရပါမည်နည်း။သူ့ရဲ့ ထမင်းချက်က အကျိုးအကြောင်း ပြော ပြလိုက်တာ အခုပဲလက်ထပ်လိုက်ကြောင်း။ ဖရီဒါကလည်း သေသီကိုမတွေ့ဘို့ တားပါတယ်..။ ညမှောင်ထဲ မှာ ပြေးထွက်သွားတဲ့ကေသီ ရဲ့ကျောပြင်လေး ကို သူမြင်လိုက် ပါတယ်..။
David would never have returned to help her in her mission as a doctor. He needed a woman who would be strong enough to master him. ဆိုတဲ့စကားလုံးလေးကိုတော့မေမေ မှတ်မှတ်ရရရေးလိုက်ချင်ပါတယ်..။ သူဟာကေသီနဲ့ အတူ စေတနာ ဆရာဝန်အဖြစ်ဘယ်တော့မှပြန်လည် ရရှိမှာ မဟုတ်တော့ပါဘူး..။ သူက သူ့ကို လမ်းကြောင်းတစ်ခုလျှောက်ဘို့ ကို ဦးဆောင် နိုင်လောက်အောင် စွမ်းအားရှိတဲ့ မိန်းမမျိုးကို သူလိုချင်ခဲ့တာပါ တဲ့လေ..။
မှောင်ထဲကိုပြေးထွက်သွားတဲ့ကေသီလေးရဲ့ ခံစားချက်ကိုမေမေမေ့ဘူး..။ သစ္စာဖေါက်ခံ ရခြင်း။ရက်စက်ခြင်း လူမဆန်ခြင်း ၊ မျှော်လင့်ချက် ပြိုကွဲ ခြင်း….တွေ နဲ့ သဘောင်္ဆိပ်ကိုဆင်း ခဲ့တာ ။ ရေထဲပြုတ်ကျ သေဆုံးခဲ့ ပါတယ်..။ တမင်တကာ ခုန်ချခဲ့သလား၊ မတော်တဆဖြစ်ခဲ့တာ လားဆိုတာကိုတော့ ကေသီသာ သိပါလိမ့်မယ်။
ကေသီ အလောင်းကို ဆယ်ယူ ခဲ့တဲ့ မြို့ ခံလူထုကတော့ အာဖရိကခရီးစဉ် ကြေညာပွဲရယ်၊ မြို့စားကတော်ကျနဲ့ လက်ထပ်ပွဲ ရယ် ၊ကေသီ့ သေဆုံးမှုရယ် ဟာဆက်စပ်နေမယ် ဆိုတာ မပြော ကြပေမဲ့ ပြောနေကြသလိုပါ..။ မျက်လုံးများစွာ ကိုရင်ဆိုင်ဘို့ ဒေးဗစ်မှာ ခွန်အားမရှိပြန်ပါဘူး။
 မေမေ ပြောချင်တာ က လူမှာ အမှားအမှန်ဆုံး ဖြတ်နိုင်တဲ့  ဦးနှောက်ရှိပါတယ်..။ အပြစ်တစ်ခု လုပ်ထားမိရင် လည်း စိတ်ကဘယ်လို လှည့်စားပြီး အပြစ်မဟုတ်ပါဘူး ငါမှန်ပါတယ် ဆိုပေမဲ့ အပြစ်ဆိုတာသိနေပါတယ်..။ ကုသိုလ် ၊အကုသိုလ် ဆိုတာ သူများကနာမည် လာပေးပြီး ကင်ပွန်းတပ်ပြောဆိုတာ မဟုတ်ပါဘူး။ အရသာကို သိသလို ခံစားသိနဲ့ သိနေရတာမျိုး မဟုတ်လား။ ဆိတ်ကွယ်ရာ လို့ဆိုပေမဲ့လည်း ကိုယ့်ကိုယ်တိုင် ရဲ့ စိတ်က သိနေတာမို့ ဆိတ်ကွယ်ရာမရှိလို့ ဆိုကြတာ ဖြစ်ပါတယ်ကလေးရေ..။ ဘယ်သူမှ အပြစ်မတင်လည်း ကိုယ့်ဖာ သာ ကို တော့ကြိမ်ဖန်များစွာ တင်နေတာပေါ့။
ဒီလိုပါပဲ ခရစ်တော် ကို သစ္စာဖေါက်တဲ့ ယုဒ Juda ဆိုတာ ရှိတယ်..။ လူယုံ ဖြစ်ပေမဲ့သစ္စာ မစောင့်သတင်းပေးခဲ့တယ်။ နောက်တော့ ကိုယ့်အပြစ် ရဲ့ စေ့ဆော်တဲ့အရှိန်အစော် နဲ့ မိမိဘာသာအဖြစ်ပေး တဲ့အနေနဲ့ သစိပင်မှာ ကြိုးဆွဲချ သေခဲ့ပါတယ်..။ခရစ်ယာန် ဘာသာဝင်တွေကတော့ ယုဒ သေတဲ့သစ်ပင် “The Tree of Lost Souls” လို့ခေါ်ကြပါတယ်..။ မွန်မြတ်သန့်စင်တဲ့ စိတ်ဝိဉာဉ် ပျောက်ဆုံး တဲ့အပင်လို့ တင်စားတာပေါ့လေ…။ အပူပိုင်းဒေသမှာတော့ဘောစကိုင်းလို အပင်မျိုး နဲ့ တူတယ်လို့ဆရာထင်လင်း ကဆိုပါတယ်..။
နောက်တစ်နေ့ နံနက် မှာတော့ခြံထဲက် Judas လို့ ခေါ်တဲ့ သစ်ပင်-ယုဒသစ်ပင်မှာ လူတစ်ယောက် တန်းလန်းကြီးဖြစ်နေတာ ဒေးဗစ်ရဲ့ ထမင်းချက်က မြင်သတဲ့..။ ဘယ်သူဖြစ်မယ်လို့ကလေးတို့ ထင်ပါသလဲ..။ ဒေါက်တာ ဒေးဗစ်မိုရေး ရဲ့ ကိုယ့်တရားကိုယ်စီရင် သွားတဲ့ ဖြစ်စဉ် ဆိုတာကို မေမေ မပြောလည်း သိမှာပါနော်..။
ဆရာထင်လင်း ကတော့ ဒီဝတ္ထု ကို ဘာသာပြန်တဲ့အခါ ယုဒသစ်ပင် Judas Tree လို့ တိုက်ရိုက် အဓိပ္ပါယ်မယူပဲ အဆိပ်လို့ နာမည် ပေးခဲ့တယ်။ ခံစားချင်တဲ့ လော ဘနဲ့ ရှာဖွေ တဲ့ ကာမဂုဏ်အာရုံ တွေ ဟာ စိတ်ဝိဉာဉ် သန့်စင်ဘို့အတွက် *အဆိပ်အတောက် *တွေ ဖြစ်တယ်လို့ ထောက်ပြချင် ခဲ့တာပါ..။
ဒါကြောင့်မို့ လို့ ကလေးတို့ရေ..လူ့နှလုံးသား ဆိုတာ အသွေး နဲ့ အသားနဲ့ ခံစားတတ်ကြပါတယ်..။ကစားစရာ ပလတ်စတစ်တွေ မဟုတ်ကြပါဘူး။ ကိုယ်ချင်းစာစိတ်နဲ့ ဘယ်သူ့ကိုမှ မလှည့်စားမိဘို့ လွယ်လွယ်ကတိမပေး မိဘို့၊ ကတိတည်ဘို့  သစ္စာရှိဘို့ ဆိုတာ လူ့ကျင့်ဝတ်တွေပါ..။ ကောင်းမွန်မှန် ကန်တဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပြီး စိတ်ဓာတ်ခိုင်ကျည်စွာ တည်တည် တံ့တံ့ ဖြတ်သန်းဘို့လည်းလိုပါတယ်..။
ဒါကြောင့် မေမေ က * ရှင်းသန့်စင်ကြယ်မှုကို ဘယ်လောကစည်းစိမ်နဲ့မှ မလဲလှယ် မိပါစေနဲ့* လို့ ဘဝတစ်သက်တာ သေသေချာချာမှာခဲ့ ချင် လို့ ဒီဝတ္ထုလေးကို ပြန်ပြောပြလိုက် တာပါ ကလေးတို့ရေ..။သစ္စာရှိသောသူများ ဖြစ်ကြပါစေ။

သစ္စာအလင်း

http://drmathitsar.wordpress.com/author/drmathitsar/ မှတဆင့်ကူးယူဖေါ်ပြပါသည်။

မာတိကာ


statistics

web tracker