ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, September 18, 2011

Heart - Break Syndrome & Related Songs နောက်ဆက်တွဲအလွမ်း.....အမှတ် (၁)

 အသဲကွဲရောဂါ အသံဖိုင်  နားဆင်ခံစားကြသူများ၏ ရင်ဖွင့်သံများ......အမှတ် (၁)

ယဉ်သင်းအိ မဂ္ဂဇင်းမှာ တင်ထားတဲ့ ဆရာ ဦးတင့်ဝေရဲ့  ‘အသဲကွဲရောဂါ’ အသံဖိုင်နဲ့ ကျနော့် ဟီးရိုးတွေ ကိုစိန်ဝင်း၊ ကိုမြသိန်း၊ ကိုတင်ထွဋ် တို့ရဲ့ သီချင်းတွေကို နားထောင်လိုက်ရတော့ တချိန်တုန်းဆီက ဇွဲကပင်တောင်ခြေ ‘ဖါးအံ’ က ငယ်ချစ်ဟောင်း ‘နန်း’ ကို သတိရတယ်ဗျာ။ သံလွင်မြစ်ကြီးခြားသွားလို့ 'ဟိုဖက်ကမ်းက လွမ်းကိန္နရီ' ဖြစ်နေခဲ့တာပဲ ကြာလှပြီကောဗျာ။

၁၉၇ဝ ပတ်ဝန်းကျင်လောက်တုန်းက ‘ဖါးအံ’က ကျနော့်ငယ်သူငယ်ချင်း ရွှေဘိုသားဆီကို သွားလည်တုန်းက
တွေ့ခဲ့ကြရတာ။ နောက်တော့လည်း ကိုတင်ထွဋ် တို့ ကိုမင်းသူ တို့ရဲ့သီချင်းတွေလိုပေါ့ဗျာ။

အခုအချိန်မှာ သိပ်ကိုကြာသွားပြီဆိုတာ့ ဆရာ ဦးတင့်ဝေ ပြောသလိုပဲ တခါတလေ  သတိရမိတာလောက်ပဲ ရှိပါတော့တယ်။ စွဲနေမိတဲ့ သီချင်းကလေးတွေကို ကြားရတဲ့အခါမျိုးဆိုရင်တော့ သတိရမိတာပေါ့ဗျာ။

တခါတလေတော့လည်း စိုင်းဆိုင်မောဝ် ရဲ့ 'ဇရာအိုရဲ့ လွမ်းတေး' ကို ဆိုချင်သလိုလိုပါပဲ။

ဇရာအိုရဲ့ လွမ်းတေး (စိုင်းဆိုင်မောဝ် )
ပုံပမာ (ကိုမင်းသူ)


ငြင်းပယ်မှာစိုးမိတယ် (ကိုသန်းလှိုင်)

ကြာလေဝေးမှာစိုးတယ် (သန်းဖေလေး)                

မာတိကာ


statistics

web tracker