အသဲကွဲရောဂါ အသံဖိုင် နားဆင်ခံစားကြသူများ၏ ရင်ဖွင့်သံများ......အမှတ် (၂)
‘ပွင့်ဦး’ က ကြွေလွင့်ခဲ့ပေမယ့် ပွင့်သစ် ဆိုတာ ရင်ထဲမှာ ဖူးပွင့်နိုင်သေးတာပါပဲလေ။
(ပွင့်ဦး၊ ရေး-ဂီတနက်သန် ကိုစောညိန်း၊ ဆို- မောင်မောင်ညွန့်)
ဘ၀သံသရာ အဆက်ဆက် မပျက်တမ်း ပေါင်းရစေသား လို့ ဆုတွေ ပန်ရွယ်ခဲ့ကြပေမယ့် အကြောင်းကံတွေ ဖန်လာတော့လည်း ရွေ့ပြောင်းလို့ နှောင်းခဲ့ကြရပြန်တယ်။
(သံသရာတကွေ့ဝယ်-ကိုတင်ထွဋ်)
ညို
‘ကိုးခွင်တိုင်းလည်း ဆိုင်း၍ညို။
မိုးပြင်ဝိုင်းလည်း မှိုင်း၍ညို။
ပတ်ဝန်းကျင် မျှော်ကာကြည့် မှိုင်းရီရီ့ညို။
သို့ကတဲ
ချစ်သည်းက မငြင်ငြို
ဘာကိုမှ မှုမထား။
ညိုရုံ ကပါဘု
ဘုံဘ၀ အဇဋာက
မိုးဒေ၀ါ ကိုယ်တိုင်ဆင်းစေတော့
သက်နှင်းမောင် နေခြည်လဲ့မှာ
ခိုတဲ့ခါ တမေ မွေ့မှာပေါ့
ရွံ့ရမှာလား။’
ငွေတာရီ (၁၉၂၅-၁၉၅၈)
(ယဉ်ညို၊ မောင်သိန်းဝင်း)
(စိမ်းလဲ့ညို၊ မောင်မောင်ကြီး)
‘ညို’လို့ ချစ်စနိုးခေါ်ရတဲ့ ‘ယဉ်ညို’၊ တခါတလေလည်း ‘စိမ်းလဲ့ညို’ ။ သူနဲ့ စပြီးတွေ့ရတုန်းက
‘မျက်လုံးချင်း စကားပြောနေပြီ’ နဲ့ စ ခဲ့ရတာပေါ့။
(မျက်လုံးချင်း စကားပြောနေပြီ၊ မောင်သိန်းဝင်း)
သည့်နောက်တော့ ‘ချစ်အရိပ်’ ရဲ့ ပန်းချီကားချပ်ကလေးကို နှစ်ဦးသားမမေ့နိုင်ကြတော့ပါ။
(ချစ်အရိပ်၊ စန္ဒယား ချစ်ဆွေ)
မိုးတွေ သည်းသည်းမည်းမည်းစွေနေတုန်းက ထီးကလေးတစင်းအောက်မှာ မလုံ့တလုံ အတူတူဆောင်းခဲ့ကြရတာကလေးနဲ့ ဘ၀ခရီးကို အစပျိုးခဲ့ကြရတာပေါ့။
(ထီးကလေး နှစ်ကိုယ်ယှဉ်၊ သန်းမြတ်စိုး)
‘ညို’ နဲ့ တွေ့ရ ကတည်းက လွမ်းရိပ်တွေလည်း မဝေတော့ပြီလေ။ တကယ်တော့ ‘ညို’ က ခြောက်သွေ့ လောင်ကျွမ်းနေခဲ့တဲ့ ကျနော့်ရဲ့ နွေကန္တာဦး နွေလည် ခရီးမှာ တွေ့လိုက်ရတဲ့ ‘စမ်းရေ’ ပမာပါပဲလေ။
(စမ်းရေ၊ ကိုတင်ဝင်း)