ယဉ်သင်းအိ
သင်ဘယ်အချိန်သေမည်လဲ။ The countdown to the Death
ကျွန်တော်တို့ ဘုရားရှင်က ဤသို့ မိန့်ဆိုတော်မူခဲ့၏။
အဇ္ဇေ၀ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန ၊ မဟာသေနေန မစ္စုနာ။နက်ဖြန်မရွေ့ ယခုနေ၌့ပင်၊
ကိလေသာအမှိုက် မီးဖြင့်တိုက်သို့၊
လောင်မြိုက်ဖို့ရန် အဖန်ဖန်အားထုတ်မှုကို
မနားမနေပြုသင့်ပေ၏။
ယနေ့မှနောက် နက်ဖြန်ရောက်မှ သေရမည်ကို၊
နတ်နှင့်လူဝယ် အဘယ်သူတစ်ယောက်သည်၊
ကောင်းစွာပိုင်ပိုင် သိနိုင်ပါအံ့နည်း။
ထိုကဲ့သို့သာ အခါခါဖြင့် မှန်စွာပုံသေ တွေးသင့်ပေ၏။
တွင်းပနှစ်တန် ရောဂါဒဏ်ဖြင့်၊ ဘေးရန်ပတ်လည် များသောစစ်သည်ရှိသော၊
သုံးဆယ့် တစ်ဘုံ အကုန်ချေနင်း ထိုသေမင်းနှင့်၊
ကိုယ်ကသာအောင် ညှာတာ အောင်ဟု၊
လက်ဆောင်ချော့မြူ တိုက်၍ယူခြင်းသည်၊
မရှိ ဧကန် အမှန်ပင်ဖြစ်ပါပေတော့သည်တကား။...............
ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း ဤသို့ ဟောကြားတော်မူခဲ့၏။
ငါသည် မုချသေရမည်၊
အချိန်ပိုင်းသာလိုတော့သည်။
အသေမဦးခင် ဉာဏ်ဦးအောင်
ဝိပဿနာတရား ကြိုးစားအားထုတ်မှ တော်တော့မည်။.........
"အချိန်ပိုင်း" ...တဲ့.....
ဘယ်တော့လဲ....
ဘယ်လောက်ကြာတဲ့အချိန်ပိုင်းလဲ...
မိတ်ဆွေသိလိုပါသလား။
မိတ်ဆွေရဲ့  ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး..ခန့်မှန်းချေတွက်ပေးနိုင်ပါပြီ။....
ဒီမှာ..ဘယ်လိုတွက်ချက်ရမလဲဆိုတာ....
........ကြိုတင်ပြီးပြောထားပါရဲ့ ....
တွက်ကြည့်ပြီး စိတ်ဓာတ်တော့ ကျ မသွားပါနဲ့။...
ပြင်သင့်တာပြင်ပြီး...အချိန်ဆွဲထားလို့ရပါတယ်။
ကဲ့...တွက်ကြည့်ရအောင်လေ.....
Click here ..... “Check Your Death Clock”
(သင်၏ Body Mass Index ကိုအရင် တွက်ပါ။)