မန္တလေးသားစစ်စစ်ကြီးပါဗျာ (တခန်းရပ်ပြဇာတ်)
မန္တလေးမြို့တွင် တရုတ်လူမျိုးများ စိုးမိုးထားကာ မန္တလေးသားအစစ် မြန်မာများ အရာမရောက် ဖြစ်နေရသည်ကို သရော် ထားသည့် “မန္တလေးသားစစ်စစ်ကြီးပါဗျာ” တခန်းရပ်ပြဇာတ်အား ကြည့်ရှုသူ ပရိသတ်များက နှစ်ခြိုက်အားပေး ကြကြောင်း သိရသည်။
“ဒီပြဇာတ်ကို ကိုယ့်အမျိုးကိုယ် ချစ်ကြတဲ့သူတွေ စိတ်ဝင်စားကြတယ်။ ပရိသတ်လက်ခံတယ်။ အဓိကကတော့ ခေါင်က မလုံတဲ့ ကိစ္စလို့ ခံစားရတယ်။ တိုင်းတပါးကလူတွေ ကိုယ့်မြန်မာပြည်ထဲ ၀င်လာလို့ရတဲ့ အပေါက်တွေက လုံခြုံအောင် ပိတ်ထားတဲ့သူတွေ အတွက် အရမ်းလုံခြုံပြီး ဖွင့်ထားတဲ့သူတွေအတွက်ကျတော့ ချောချောမောမော ၀င်လို့ရလို့ ဒီလိုဖြစ်လာတာပါပဲ”ဟု မန္တလေးမြို့မှ စာရေးဆရာ ညီပုလေးက ပြောသည်။
အဆိုပါ ပြဇာတ်ကို မန္တလေးမြို့ နှစ် ၁၅၀ ပြည့်အကြိုဖျော်ဖြေပွဲအဖြစ် အော်ပရာပြဇာတ်များ၊ မန္တလေးမြို့တည် နန်းတည် ကဇာတ်ကြီး၊ အငြိမ့်၊ တပင်တိုင်၊ မြို့မ တူရိယာအသင်းကြီး၏ ရွှေမန္တလေး ဂီတအလင်္ကာတေးပဒေသာ စသည်တို့နှင့်အတူ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ၃ ရက်တိုင် ဖျော်ဖြေခဲ့သည်။
Real urbane person of Mandalay from mdymedia on Vimeo.