ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးဧ။်ညွှန်ပြတော်မူလေ.ရှိသော ဓမ္မလမ်းစဉ်
ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီး ၁) ဘုရားအဆုံးအမဖြစ်တဲ. ပိဋကသုံးပုံအကုန်လုံးဟာ ဆင်းရဲမှလွတ်မှုတခုဖြစ်၍ နည်းတွေများ
သော်လည်း အားလုံးအတူတူပါပဲ။ အကုန်လုံးလိုက်ပြီးလုပ်စရာမလိုပါဘူး။ အများကြီးထဲက
ကြိုက်တာတခုခုကို ၀ီရိယ မှန်မှန်နှင်. သန်သန်လုပ်ဖို. အရေးကြီးတယ်။
၂) စရဏနှင်.ဝိဇ္ဇာ တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်၊ တချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာဟာ
ဒါပဲရှိတယ်။
၃) ဘုရားစကား၊ ဆရာစကား၊ တထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနှိမ်ချ၊ ခန္တီနှင်. မေတ္တာ
များများထားပြီးလုပ်ရတယ်။
၎) ဝိပဿနာဆိုတာ ထင်းရှားရှိတဲ.တရားကို မြင်အောင်ရှုမှတ်ခြင်းပင်ဖြစ်တယ်၊ ထင်ရှားရှိတယ်.
တရားကို မြင်အောင်မရှုနိုင်ရင် ဝိပဿနာမဖြစ်ဘူး။
၅) ထင်ရှားရှိတယ်.တရားဆိုတာ တခြားမှာသွား၍ရှာရတာမျိုးမဟုတ်၊ ရှောင်မရ၊ တိမ်းမရ မမြင်ချင်
၍မနေရအောင် ကိုယ်မှာအမြဲထင်ရှားရှိနေတဲ. ရုပ်နာမ်တရားတွေဖြစ်ပါတယ်။
၆) ကိုယ်မှာအမြဲထင်ရှားရှိတဲ. ရုပ်နာမ်တရားတွေထဲမှာ လူတိုင်းနားလည်လွယ်ကူတာဟာ
အာနာပါန=ထွက်လေ၀င်လေရှုမှတ်မှု ဖြစ်ပါတယ်။
၇) ထွက်လေ၀င်လေဆိုတာ အမိဝမ်းမှမွေးကတည်းက သေသည်အထိ အမြဲမပြတ်တရစပ်ရှိနေတဲ.
တရားသဘောဖြစ်ပါတယ်။ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေ
ရင်းလဲရှိနေပါတယ်။
၈) ထွက်လေ၀င်လေအမြဲမပြတ်ရှိနေသော်လဲ အမှတ်တမဲ.နေကြ၍ သတိမမူဂူမမြင် ဖြစ်နေကြတယ်။
သတိမူရင်မြူကိုတောင်မြင်ရတယ် ဆိုတာလို ဂရုစိုက်ပြီး၊ ကြည်.ရှုနေမှရှိမှန်းသိကြတယ်။
၉) "ကြည်".ဆိုရာမှာ ဝိပဿနာဖြစ်ဖို.ရာအတွက် ထွက်လေ၀င်လေ ထိရာနှာဖျားနှာဝမှာ ၀င်တိုင်း
ထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင်.တထိတည်းထိနေတာကို တသိတည်းသိနေအောင်၊ တရစပ်သိ
မြင်အောင်ကြည်.ရှုနေရမယ်။ အိမ်အမိုးကိုစပ်အောင်ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ်ကိုခံနိုင်တယ်။
(၂၄-နာရီတစပ်တည်းရပါစေ)
၁၀) တရက် ၂၄-နာရီတစပ်လောက်ရလျှင် အလွန်သိသာပါတယ်။(နိသဇ်ဓုတင်ဆောင်)။
ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင်မဆုံးမဘူး၊ ချမ်းသာဖို.ချည်းပဲ။ ဘုရားလက်ထက်ကနိသဇ်ဆောင်
ပုဂ္ဂိုလ်များသည် ပိုပြီးအသက်ရှည်ကျန်းမာကြတယ်။ အိပ်ချင်လို.အိပ်လျှင် တသံသရာလုံးနိုးတော့မှာ
မဟုတ်တောဘူး။ အိပ်ချင်လျှင်မအိပ်ချင်တဲ.နေရာရှိတယ်၊ အဲဒီကိုရောက်အောင်သွား။
၁၁) ထိတာကိုသိနေလျှင် သိက္ခါသုံးပါး၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက်္ခိယတရား(၃၇)ပါး၊ ပိဋက
သုံးပုံအလုံးစုံ တပြိုက်နက်ပါဝင်ပြီးဖြစ်တယ်။
၁၂) ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။
၁၃) တရိပ်ရိပ်နှင်. ထိတိုင်း၊ပျောက်တိုင်း (ရုပ်နာမ်)ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်၍နေခြင်းဖြစ်တယ်။
၁၄) တရိပ်ရိပ်နှင်.နှားဖျားနှာဝမှာ ထိလိုက်ပျောက်လိုက်နေတာကိုသာ တဆက်တည်းသိမြင်အောင်
ကြည်.ရှုနေရင်း ကြာလျှင်ဝိပဿနာ သမာဓိတစထက်တစ တခဏတိုးတက်ပြီး အားကြီးလာတဲ.အခါ
နှာဖျားနှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တရိပ်ရိပ်တရွရွ ဖြစ်နေတာကိုတွေ.ရမယ်။
၁၅) တကိုယ်လုံး တရိပ်ရိပ် အမြဲမပြတ်ဖြစ်ပျက်နေတာကို တွေ.လာရတဲ.အခါ အနိစ္စကို ကောင်းစွာမြင်သောကြောင်. ဒုက္ခနှင်.အနတ္တ ဟာ အလိုလိုထင်မြင်လာပါလိမ်.မယ်၊ ပါးစပ်ကနေဆိုနေ
ဖို.မလိုပါဘူး။ ဝိပဿနာအလုပ်ဟာ ထိမှုကိုကြည်.ရှုနေရုံသာဖြစ်တယ်။ ကြည်.ရှုနေရင်း သိထိုက်
သမျှကို အလိုလို တစ်နေ.ထက်တစ်နေ.တိုးပြီးတိုးပြီးသိလာပါလိမ်.မယ်။
၁၆) အဲဒီလိုတရိပ်ရိပ်နှင်.ထိမှုသိမှုတို.ကို ကြည်.ရှုနေရင်း မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ဆိုက်လာပြီဆိုလျှင်
အလွန်သိသာလှပါတယ်၊ ဘယ်လိုသိသာသလဲဆိုတော. "ရေငတ်၍နေသောသူသည်ရေကို
သောက်ရသည်ရှိသော်ရေငတ်ပြေ"သကဲ.သို.ဖြစ်သွားတော.တယ်။ သူများမေးစရာမလို၊ ကိုယ်တိုင်
သိမယ်။
၁၇) မဂ်ဖိုလ်ဥာဏ်ရောက်ပြီးလို့  ဖလသမာပတ်ကိုဝင်စားချင်လျှင် မိမိလာခဲ.ဖူးတဲ.ဝိပဿနာ
လမ်းကိုပြန်ကြည်.ရတယ်၊ ဖလသမာပတ်ဟာကိုယ်ပိုင်အိမ်နှင်.တူတယ်။
၁၈)ယုံယုံကြည်ကြည် လုံ.လ၀ီရိယရှိရှိနှင်.ထိမှုသိမှုတို့ ကိုသာ တဆက်ထဲဖြစ်အောင်ကြည်.
ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နှင်.၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခုချက်ချင်းပဲချမ်းသာတယ်၊
(အကာလိကော)။

ဆရာတော်လောင်းလျာမှာ အင်းကြင်ပင်ရွာ၊ ဦးလူဖေ၊ ဒေါ်ကြင်နုတို့ မှ ၁၂၅၇ ခုနှစ်၊တပေါင်း
လဆန်း၆ရက်၊ တနင်္လာနေ. နံနက် လေးချက်တီးကျော်တွင် မွေးဖွားခဲ.သည်။
ကျေးလက်တော
ရွာတွင်ကံကပစ်ချခဲ.သော်လည်း ဆရာတော်ကား မင်းဆွေစိုးမျိုးဖြစ်ဧ။်။ ဆရာတော်ဧ။် အဘွား
(ဦးလူဖေဧ။်မိခင်)ကား အိမ်ရှေ့စံမိဖုရား တစ်ပါးဖြစ်ဧ။်။ ခင်ခင်ဟုခေါ်သည်။ ဆရာတော်ဧ။်
အဘိုးဦးကူးကား ဘဏ္ဍ၀န်ဖြစ်သည်။ ယခုအင်းကြင်ပင်မြောက်ဘက် ကျောင်းကြီးဒကာဖြစ်သည်။
၁၂၇၇ ခုနှစ်တွင်ရဟန်းဖြစ်၍ ၁၂၈၀-၈၁ ခုနှစ်များ မ န္တလေးမစိုးရိမ်ဆရာတော် အဘိဓဇ
မဟာရဠဂုရု ထံ ပညာသင်ကြားခဲ.ဧ။်။ ၁၂၈၅ ခုနှစ်အထိ အင်ကြင်းပင်ကျောင်းတွင်ပင် နေပြီး
ထိုနှစ်နယုန်လ၌ တောထွက်တော်မူသည်။
မယ်တော်ကြီး ဒေါ်ကြင်နုမှာ ကျောင်းပွဲ၊ဘုရားပွဲရှိတိုင်း တောင်ဝှေးတစ်ချောင်းဖြင်.ကျောင်းသို.
လာရာ လာတိုင်းပင် ငို၍ပြန်ရဧ။်။ သတင်းအစအနမျှ စုံစမ်းမရသဖြင်. တစ်နှစ်အကြာ သား
သောကဖြင်.ပင် ကွယ်လွန်ရရှာဧ။်။
၁၂၈၅ ခုနှစ်တစ်ဝါ ရွှေဘိုမြို. ပုသိမ်တောရ ဆရာတော်ထံနေ၍ ၀ါကျွတ်လျှင် မင်းဘူး ရွှေစက်
တော်မှစ၍ တောတောင်အနှံ. ကြွရောက်တော်မူသည်။ ထိုနှစ်ကုန်ခါနီးမှာပင် ကျောက်ဆည်
ဝေဘူလတောင်ဝှမ်း အင်္ဂလိပ်သင်္ချိုင်းအနီးရှိ လျှိုမြောင်အကြားတွင် သီတင်းသုံးဧ။်။ ကျောက်
ဂူတစ်ခုလည်းရှိသည်။ တစ်နေ.သောအခါ ဟင်းရွက်ခူး ထင်းခွေသူများက ဂူထဲတွင် မကျန်း
မာ၍ လဲနေသည်ကို တွေ.ရမှာအစ ဆေးဝါးကုသကာ ဆန်စက်သူဌေးဦးပျော.က နေ.ချင်းပြီး
ကျောင်းငယ်တစ်ဆောင် ဆောက်လှူကိုးကွယ်သည်။
ကျောင်းဆောက်လှူရန် လျှောက်သော်လည်း ခုနှစ်ရက်တိုင်တိုင်ခွင်.မပြု ကပ်မိုးကပ်ကာနှစ်ခန်း
ကျောင်းကလေးဆောက်လှူပြီးသော်လည်း အရက်နှစ်ဆယ်ခန်. ကျောင်းဒကာအား စကားမပြော။
တို.များကိစ္စမပြီးခင် လူတွေက ၀ိုင်းအုံလိုက်နေလို. ပုန်းစရာတောင် မရှိတော.ဘူးဟု မိန်.တော်မူဧ။်။
ထိုတောထွက်သော နှစ်၊ လ၊ ပိုင်း အတွင်းတွင်ပင် တတိယအဆင်.အထိပြီးစီးတော်မူဟန်ရှိသည်။
အဲဒါတော. မကြာဘူးဟဲ. ဟူ၍သာ မိန်.တော်မူဧ။်။အနာဂမ်အဖြစ်နှင်.ကား နှစ်ပေါင်းမျာစွာ ကြာလွန်
နေရဟန် တူလေသည်။ အဘိညာဉ် ကိစ္စများလည်းတစ်ပါးတည်း ပြီးပြည်.စုံမူကြောင်း အထောက်အ
ထားများစွာရှိဧ။်။ ထိုအချိန်မှစ၍ ကျိန်းစက်သည်ကိုလည်း မတွေ.ရ။ ရာသီဥတုကြောင်.နှာစေးခြင်းမရှိဟု
ဆိုကြသည်။ ဦပျော.ကား ဘုန်းကြီး ထွက်သွားမည်စိုးသဖြင်. အထူးဂရုစိုက်နေဧ။်။ ၁၂၈၉ ခုနှစ် သတင်း
စကားအရ ခမည်းတော်ရောက်လာဧ။်။ ရဟန်း ပြုပေးပြီးနောက် ခမည်းတော် ဦးပဥွင်းကြီးနှင့်အတူ
အင်ကြင်းပင်သို.ပြန်ကြွရသည်၊ ထိုအချိန်မှစ၍ ကျောက်ဆည်နှင့်အင်ကြင်းပင် ခြောက်လစီ သီတင်း
သုံးသည်။ ၁၃၁၂ ခုနှစ်မှစ၍ ရွှေဘိုတွင် အောင်မြေရိပ်သာ ဖွင့်၍ နှစ်လခန်. သီတင်းသုံးသည်။

ဆရာတော်ကား ဓုတင် တစ်ဆယ့်သုံးပါးကို အခါအားလျော်စွာ ဆောင်တော်မူဧ။်။ အာနာပါနကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားတော်မူပါသည်။ ကျောက်ဆည်ပတ်ဝန်းကျုင်၌် ရဟန်းဆယ့်နှစ်ဝါ လောက်မှစ၍ ဆရာတော်ဧ။် သတင်းမှာ သင်းပျံ.စပြုလျက်ရှိပါသည်။ ကျောက်ဆည်မြို. ဖောင်ရွာ ဆန်စက်ပိုင်ရှင် သူဌေးဦးပျော့ ဇနီးဒေါ်မြင့် ခဲအိုဦးချက်နှင့် သားမက်တော်သူ ဦးကြောင်နှင့် ဦးလှကျော်တို. မှစ၍ ကျောက်ဆည် မြို့သူ၊ မြို့သားများ ပူဇော်ခွင့်ရခဲ့ကြပါသည်။ ဦးပျော့က ကျောင်းဆောက်လှူခွင့်ပြုရန် အတန်တန်လျှောက်၍ လက်ခံတော်မူရကာ ကျောင်းပြီးသောအခါ ဒကာ့ကျောင်းက တယ်ကျယ်ဝန်းသကိုး။ ကျုပ်က ခပ်ကျဉ်းကျဉ်း လိုတာပါ ဟုမိန်.တော်မူဧ။်။ စင်စစ်ကျောင်းမှာ လေးတိုင်စင်သာသာမျှသာရှိပါသည်။
ဆရာတော်သည် ဓုတင်တစ်ဆယ့်သုံးပါးလုံးကို ဆောင်တော်မူရာ ကမ္မဋ္ဌာန်းအလုပ်ခွင်အတွက် တွန်းအား အကောင်းဆုံးဖြစ်သော နေသဇ်ဇိကင်္ဂဓုတင်ကိုမူ အထူးရှေ.တန်းတင်၍ ဆောင်တော်မူသည်။ နည်းခံတပည့်များကိုလည်း အထူးတိုက်တွန်း ပြညွှန်တော်မူ လေ့ရှိပါဧ။်။ ထိုဓုတင်အကျင်.မှာ လူသာမန် အမြင်၌် ပြင်းထန်လွန်းသည်။ ကျန်းမာရေးချို.တဲ့လေမည်လား စသည်ဖြင်.ထင်ဖွယ်တွေးဖွယ်ရှိသော်လည်း ဆရာတော်ကမူ အရှင်မဟာကဿပ အရှင်ဗာကုလ စသည်တို့ ကိုထောက်ပြကာ ပို၍ပင် ကျန်းမာ သက်ရှည် နိုင်ကြောင်း ရဲရဲကြီးတိုက်တွန်းတော်မူပါသည်။ အာမခံချက်ပေးတော်မူပါသည်။ စံနမူနာလည်းပြတော်မူပါသည်။ "ဘုရားဆုံးမတာက ဆင်းရဲအောင် မဆုံးမဘူး၊ ချမ်းသာအောင်ချည်းပဲ၊ ကိုယ်ကသာ ထင်ချင်သလို ထင်နေတာ။" တစ်ရက် (၂၄-နာရီ) ပြည်.သွားပြီဆိုတော့ ကောင်ကောင်း လှလှကြီးသိပါလိမ်.မယ်၊ တချို.အားထုတ်တာ အနှစ်လေးငါးဆယ်ရှိပြီလို.ပြောကြတယ်၊ သေသေချာချာ စိစစ်ပြီးကြည်.ပါ၊ တစ်ရက်ပြည်.ရဲ.လား။ နေ.တိုင်း အိပ်နေတယ်၊ ဘာဖြစ်လို့ အိပ်ရေးမ၀ကြတာလဲ။ အိပ် ရေးဝအောင် လုပ်တာမှမဟုတ်ပဲ။ အိပ်ချင်ရင် မအိပ်ချင်တဲ.နေရာရှိတယ်။ အဲဒီနေရာကို ရောက်အောင် သွား ၊ အိပ်ရေးဝသွားလိမ်.မယ်။ အဲဒါ" (နေသဇ်ဓုတင်) ရန်သူ(ထိနမိဒ)ကို နိုင်တဲ. လက်နက်ဗျာ.။ စစ်တိုက်မယ်နဲ. ခေါင်းအုံးကြီးတွေနဲ. ဆိုတော့မနိုင်တာဟာ ဒါကြောင့်ဗျာ။"

ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်ပေါင်းအတော်ကြာကပင် တစ်နှစ်ပြီးတစ်နှစ် အံ့သြကြည်.ညိုဖွယ် သတင်းထူများက ဖုံးကွယ်၍ မရအောင် ဖြစ်လာတော့၏။ နွားကျောင်းသားကုလားလူမျိုး "အလီ"၊ ဖောင်ရွာ နွားနို.ရောင်းကုလား "ဒေ၀ဒတ်"၊ ကျောက်ဆည်မြို. မင်းရပ်"ဦးခ" စသောမျက်မြင်ကိုယ်.တွေ. ပုဂ္ဂိုလ်များတနေ.တခြား များပြားလာသည်နှင်.အမျှ နည်းခံပွားများသောယောဂီများပင် တနေ.တခြား တိုးပွားခဲ.ပါသည်။ ကုလားမျာကမူ -"ဒီတောင်ပေါ်မှာ ဗမာဘုန်းကြီး လူစွမ်းကောင်းရှိတယ်" ဟု တအံ.တသြ ပြောဆိုကာ ကုလားလူမျိုးများပင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြပါသည်။ ဝေဘူလ ဝေဘာရ တောင်စဉ်တစ်ကြောရှိ စေတီငယ်များအား ကောင်းကင်ယံမှ ပျံကြွကာ ဘုရားမီး ပူဇော် သည်ကိုလည်း အကြိမ်ကြိမ်ဖူးတွေ.ရသူများ ယခုတိုင် ရှိကြပေသေးသည်။
ကျောက်ဆည်မြို၏ အရှေ့ တောင်အရပ် တောင်စဉ်တောင်ဝှမ်းများတွင် "တောင်ပေါင်းချောင်"ခေါ်သော အရပ်ဌာန တစ်ခုရှိ၏။ လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ဆယ်ခန်.က ထို ၌်သီတင်းသုံးသော
တောင်ပေါင်းချောင်ဆရာတော် ခေါ် ရှေ.မြင်နောက်မြင်ဆရာတော် တပါးရှိခဲ့ဖူးရာ ၄င်းဆရာတော်
ကြီးကလည်း "ဝေဘူလချောင်နေရာ၌် အာဇာနည် ပုဂ္ဂိုလ်မြတ်တစ်ပါး ထွန်းပေါက်မည်" ကို ကြိုတင်
ပြောထားခဲ့ဖူးကြောင်း ကျောက်ဆည်ပတ်ဝန်းကျင်၌်ရှေ့ မီ နောက်မီ လူကြီးသူမများ ပြောဆိုကြပါသည်။

၁) ဘယ်သွားကြမလဲတရားတော်
သီလဆောင်တည်လို.ပြီးကြပြီ။ သီလဆောက်တည်ပြီးလျှင် ပြည့်စုံအောင် ဖြည့်ကြ။ ဖြည့်.လို.
ပြည့်စုံပြီဆိုမှဖြင့် မိမိစိတ်နှလုံး အလို တောင့်တတဲ့အတိုင်း ပြီးမယ်။ ယခုလဲချမ်းသာမယ်။
နောင်လဲချမ်းသာမယ်။ ပစ္စုပ္ပန် ချမ်းသာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ
ဘုရားရှင်အဆုံးအမတော်ကလွဲလို.တခြားမရှိဘူး။ ဘုရားရှင်အဆုံးအမဆိုတာ ပိဋကသုံးပုံပဲ။ ပိဋကသုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋက သုံးပုံကိုအဆီထုတ်ပါ ဆိုလျှင် ဗောဓိပက္ခိယ တရားသုံးဆယ်.ခုနှစ်ပါး ရတယ်။ဗောဓိပက္ခိယ တရားသုံးဆယ်.ခုနှစ်ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါးရတယ်။ မဂ္ဂင်ရှစ်ပါးအဆီထုတ်လျှင် သိက္ခာ ၃ ပါးရတယ်။သိက္ခာ ၃ပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။ သိက္ခာ ၃ ပါး ကိုအဆီထုတ်လျှင် ဧကောဓမ္မော တရားတခုရတယ်။ ရုပ်ပေါ်နာမ်ပေါ်မှာ နေပြီး ယခုလိုဆောင်ထားတော. (ရှုမှတ်နေတော.) ကာယကံသောင်းကျန်းမှု။ ၀စီကံသောင်းကျန်းမှုမရှိဘူး။ အဲဒါအဓိသီလ လို.ခေါ်တယ်။အဓိသီလအားကောင်းလျှင် စိတ်တွေသောင်းကျန်းမှုမရှိဘဲ၊ ငြိမ်ဝပ်ပိပြားပြီးတည် နေတော့တယ်။ အဲဒါ အဓိစိတ္တလို.ခေါ်တယ်။ အဓိစိတ္တ အားကောင်းလို.အချိန်ကြာလျှင် ဘယ်လူ၊ဘယ်နတ်၊ဘယ်ဗြဟ္မာမှ ဖန်တီးလို.မဖြစ်ဘူး၊ လျှပ်တပြက်အတွင်း ကုဋေတသိန်း ဖြစ်ပြီးပျက်နေတယ်။ ရုပ်နာမ်ကိုသိလျှင် ဖြစ်ပျက်ကို သိတော.တာပဲ။ ဖြစ်ပျက်ကိုသိတာ အဓိပညာလို.ခေါ် တယ်။ အများနားလည်အောင် ပြောရမယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်း တခုဖြစ်တဲ. နှာဖျား နှာဝမှာ ထွက်လေ၊၀င်လေ နှစ်ရပ်ဟာ အမြဲတိုက်ဝင်၊ တိုက်ထွက် နေတယ်။ နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ၀င်လေဖြစ်သော ဖြစ်တဲ့ လေနှစ်ရပ်ဟာ ၀ါယော ဖောဋ္ဌဗကထိတယ်။ ထိုအထိခံနဲ. ထိတာကရုပ်၊ သိတာကနာမ် ဆိုတော. ဒကာကြီးဒကာမကြီးတို. သူများမေးမနေနဲ.၊ ကိုယ်.နှာဝကိုဥာဏ်နဲ.စောင်.ကြည်.။ ၀င်တော.ထိဝင်မယ်၊ ထွက်တော့လည်းထိထွက်မယ်၊ ထိတာကိုသိလျှင်၊သိနေလျှင် လောဘ၊ ဒေါသ၊မောဟ ဖြစ်ခွင့်မရလို့  လောဘမီး၊ ဒေါသမီး၊မောဟမီး၊ ငြီမ်းတယ်၊ ငြိမ်းတော့အေးတယ်။ မထိခင်ကလဲသိလို.မဖြစ်ဘူး၊ ထိပြီးပြန်တော့လဲသိလို.မဖြစ်ဘူး။ ထိတုန်းကိုသာလို.ဖြစ်တယ်။အဲံဒါက ပစ္စုပ္ပန်တည့်တည့်လို.ဆိုတယ်။ ထိတာကို သိနေလျှင် ရုပ်နှင့်နာမ်သာ ရှိပါသလား လို.သိလိမ့်မယ်။ ရုပ်နာမ်မှတပါး ငါ-သူတစ်ပါး ယောက်ျား၊မိန်းမ မရှိဘူးဆိုတာ ဘုရားရှင်၏တရားတော် အမှန်ပါကလား လို. ကိုယ်ဟာကိုယ်သိလိမ်.မယ်။ သူများကို မေးနေဖို. မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ ကိုယ် မရှိဘူး။ ထိုသိနေတဲ့အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်ရတာ များ ဘာမှလဲ မတွေ.ပေါင်၊ ဘာမှလည်းမရပေါင်လို.များ မမှတ်လိုက်ကြနဲ.၊ မြင်.မြတ်တဲ့ဘ၀ ဘုရားသာသနာနဲ. ကြုံကြိုက်တဲ့အခါမှာ ဒီလိုအကျိုးထူးများရနိုင်တယ်၊ စားဖို.သောက်ဖို.အသာထားပြီး အထူးကြိုးစားကြ။

ကြိုက်တာရွေး ဘယ်သွားကြမလဲ။
မေး။ ဘုရားရှင်ရဲ. အဆုံးအမနဲ.နေရင် ခန္ဓာကိုယ်မှာ ဘယ်နတ်ဘယ်ဗြဟ္မာမှ ပြုပြင်စီရင် ဖန်တီးမှုမပြုရဘဲ ဖြစ်ပျက်နေတဲ့ အဲဒီ ရုပ်နာမ်ပေါ်မှာ စိတ်ကလေးထားပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်တာပျက်တာ ကိုသိနေတဲ့ စိတ်ကလေးနဲ.သေရင် နောက်ဆုံး နိဗ္ဗာန် မရောက်သေးတောင် လူ၊နတ်၊ဗြဟ္မာတော့ဖြစ်မှာပဲ။ အဲဒီတော့ဘယ်သွားကြမှာလဲ။
(နိဗ္ဗာန် သွားမှာပါဘုရား။)
(နိဗ္ဗာန် သွားမှာပါဘုရား။)
မေး။ အေး..ကိုယ်သွားချင်တဲ့ဆီကို သွားဖို.သူများ မေးဖို.ကို လိုသေးသလားဗျာ။
(မလိုပါဘူးဘုရား)
(မလိုပါဘူးဘုရား)
မေး။ အေး.. ကိုယ်ဟာကို ငါဝိဇ္ဇာ နဲ.နေတာပါဗျာ လို.ကောပြောဖို.လိုသေးသလား။
(မလိုပါဘုရား)။
(မလိုပါဘုရား)။
မေး။ သူများကိုကော ငါဘာနဲ.နေ တာလဲ။ ၀ိဇ္ဇာနဲ. လား။ အ၀ိဇ္ဇာနဲ.လားလို. မေးရဦးမှာလား။
(မမေးရပါဘုရား)
(မမေးရပါဘုရား)
အေးဟုတ်တယ်။ကိုယ့်ဟာကိုသိတယ်ဗျာ။ ဒါကြောင့်သံသရာ တလျှောက်လုံး ဖြည့်ကျင့်လာတဲ့ ပါရမီတွေက ပြည့်စုံလုံလောက်ကြပါတယ်ဗျာ။ ၀ီရိယ နဲ.သာထူထောင်ကြ။ ဘုရားရှင် ရွှေလက်ထက်တော်က ရှေးအရှင်ကောင်း အရှင်မြတ်များ အလိုရှိရာ ဗောဓိ နဲ.အသီးသီး နိဗ္ဗာန် စံဝင်ကြွသွားကြဘိသကဲ့သို. အချိန်အခါ ဘ၀မြင့်မြတ်တာ သိလို. ထပ်တူညီမျှ ဆောင်ကြပါလျှင် သမာပတ် ရှစ်ဖြာအထိ မပြီးစီးနိုင်တာမရှိ၊ ၀ီရိယသန်သန်နှင်. မှန်မှန်ကြီး အချိန်အနည်းငယ်မျှ အချည်းအနှီး မဖြစ်ရအောင် စိစစ်ကာ မိမိလဲဆောင်၊ တပါးသူများကိုလဲ တိုက်တွန်းနှိုးဆော်ပြီး ပျော်ပျော် ကြီးဆောင်ကြတာ အောင်ကြပြီ၊ ၀မ်းမြောက်ကြ။
သကြားနှင်.ဆား စားမှသိ
ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြောမယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကိုသကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည်တော့ ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။
(တပည်.တော်က စားဖူးလို. ပြောတတ်ပါတယ် ဘုရား။ မစားဘူတဲ. ပုဂ္ဂိုလ်များကတော. မပြောတတ်ပါဘုရား။)
ဒို.က မစားဘူးလို. သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။
(ထန်းလျက်ထက် အများကြီး ကောင်းပါတယ် ဘုရား)
ဒါဖြင့် ဒို.ကပြောမယ်၊ သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက်ထက်ကောင်းတယ်ဆိုတော. ဒို.ကသိပါ.မလား။
(မသိပါဘုရား)။
မေး။ သကြားအချို တကယ်သိအောင် ဒို.ကို ပြောစမ်းပါဦး။
ဖြေ။ သကြားအချို တကယ်သိအောင် မပြောတတ်အောင် ဖြစ်နေပါတယ်ဘုရား။
ဒကာကြီးက စားဖူးသားပဲ၊ ဘာကြောင်.မပြောတတ်ရမှာလဲ။
(တပည်.တော်မပြောတတ်တော.ပါဘုရား၊အရှင်ဘုရားပဲ ဘုဉ်းပေးကြည်.ပါလို.ပြောရမှာပါဘုရား။)
မေး။ သကြားရဲ. ပုံသဏ္ဍာန် ပြောစမ်းပါ ဆိုတော့ ဘယ့်နှယ် ပြောမလဲ။
ဖြေ။ ဆားနှင်.တူတယ်လိုပြောရမှာပါဘုရား။ ဒါပေမယ်.ဆားကတော. ပုရွက်ဆိတ်မတက်ဘူး၊
သကြားကတော. ပုရွက်ဆိတ်တက်တယ်၊အခုလိုပြောပေမယ်.၊ အရှင်ဘုရားသိမှာမဟုတ်ပါ ဘုရား။
ဒါဖြင်.ဘယ်တော.မှသိမှာလဲ။
(အရှင်ဘုရားဘုဉ်းပေးမှ သိမှာပါဘုရား)
သကြားပုံသဏ္ဍာန်က ဆားနှင်.တူတယ်ဆိုတော့ဒို.က ဆားရော သကြားရော ကောင်းကောင်းမမြင်ဖူးဘူး။ သည်တော့ ဆားနှင်. သကြားကွဲပြားအောင် ဘယ်လိုပြောမလဲ။
(ထုံးမှုန်. နှင့် ခပ်ဆင်ဆင် ပါဘုရား။)
ဖြူဖြူဖွေးဖွေးလား။ ဒို.က ဆားကိုသာ မြင်ဖူးတော. သည်ဆားကိုပဲ သကြားဆိုပြီး စားရေားဗျာ၊ သည်တော. ဘယ်နှယ်လဲ၊သကြားအမှန်ကို တွေ.ပါ.မလား။
(ဆားနှင်.ပဲတွေ.မှပါဘုရား။)
သည်တော့ ဒို.ကမှတ်ရတော့မယ်။ သကြားဆိုတာ ငန်တာ ထင်ပါရဲ. လို.မှတ်ရတော.မယ်။ (တပည်.တော်ပာာ အနိစ္စဘယ်လို မှတ်ရမှန်း မသိသလို လွဲနေမှာပါပဲဘုရား။)
အဲသည်တော. သကြားပုံသဏ္ဍာန်ကို လျှောက်ပြောရင် လွဲစရာတွေ အများကြီး ဖြစ်နေပြီ၊သေသေချာချာ ပြောမှဖြစ်မယ်။
(သကြားကိုယူလာပြီး အရှင်ဘုရား ဘုဉ်းပေးပါလို.ပြောမှပဲ ဖြစ်မှာပါဘုရား။) သကြားတော.သိပြီပြောစမ်းပါလို. ဆိုတော. ဘယ်.နှယ်လဲ။
(ပြောတော. ပြောပါရစေနှင်.၊ဘုဉ်းပေး ပါလို.ပြောရမှာပါပဲဘုရား။)
စားရင်ငန်မှာလား။
(သကြားစားရင်တော.ချိုမှာပါပဲ ဘုရား။)
မေး။ အဲသည်တော. ဒကာကြီးက သကြားစားနေတဲ. လူနားက ထိုင်ပြီး ချိုပြီ ချိုပြီ လို.ပြောနေရဦးမှာလား။
ဖြေ။ မပြောရပါဘုရား။
မေး။ အဲသည်လိုပါးစပ်က မပြောတော့ သကြားကရောမချို တော့ဘူးလား။
ဖြေ။ ချိုတာပါပဲဘုရား၊ ပြောလဲ နားငြီးရုံ ရှိမှာပါ ဘုရား။
မေး။ သကြားဟာ စားသည်နှင့် တပြိုက်နက် ဘယ့်နှယ်လဲ။
ဖြေ။ အဟုတ်ဆိုရင် ချိုမှာပါပဲ ဘုရား။
မေး။ သည်ရဟန်းကတောထဲက ရဟန်းဗျာ့၊ ငါ အကုန်လုံး မချိုဘူး၊မြို.ထဲက ဒကာကြီးတွေ
လောက် ပြည်.ပြည်.စုံစုံမချိုပဲ တ၀က်လောက် ချိုလိုက်မယ်၊လျော့ချိုလိုက်မယ်ဆိုပြီး ချိုမှာလား။
ဖြေ။ မျက်နှာမလိုက်ပဲ အတူတူချိုမှာပါ ဘုရား။ ဒါကြောင်. ခုနကရုပ်နာမ်များကိုလဲ ခုနက လိုမှတ်လေ။ သကြားလိုပဲ ချိုပါလိမ့်မယ်ဗျာ။သည်လိုမှတ်ရင်း မှတ်ရင်းနှင်. သကြားနှင့်ဆားလွဲမှား နေဦးမှာလားဗျာ.။ ဒကာကြီးက ဆားနှင့်သကြား သေသေချာချာကွဲသလား။ဒကာကြီးဟာ ဈေးထဲကို မကြာမကြာ ရောက်သွားပြီးဆားဝယ်စမ်း ဆိုရင် သကြားဝယ်လာမှလား။
(မမှားပါဘုရား၊ ကုလားကိုယ်တိုင် ဆားဆိုရင်ဆားပဲ ပေးလိုက်တာပါပဲ ဘုရား)
အခုလဲ ကုလားကတောင် မမှားဘူးဆိုတော. အတု၊အတူမရှိတဲ. ဘုရားရှင် သေသေချာချာ ကိုယ်တော်တိုင် ထိုးထွင်းပြီး သိပါတဲ့အတိုင်း ဆင်းရဲကလွတ်ချင်တဲ. လူနတ်ဗြဟ္မာ တို.ကိုစားဆိုပြီးသေသေချာချာ ပေးလိုက်တာပဲ၊ စားသာစား၊ မမှားပါဘူးဗျာ.၊ မှားမှားစိုးတာနှင့်မစားဘဲနေတာလား။
(သည်အချိန်တောင်မ ရောက်သေးပါဘုရား၊ပြောတာ နားထောင်တုန်းပါပဲ ဘုရား။) ဒါဖြင်.ခုနကပြောသလိုစားဗျာ့၊ မမှားပါဘူးတဲဗျာ.၊အေး..ဘာကြောင်. မမှားသလဲဆိုရင် ရုပ်နာမ်ဆိုတဲ.ဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေ.ပဲ။
မေး။ ဒါပေမဲ.ဘာကြောင်.အခုမသိသေးသလဲဆိုရင် စားဆိုရုံနှင်. မစားဘဲနေရင်သိပါ.မလား။
ဖြေ။ မစားဘဲနှင့် ချိုတာငန်တာကို မသိနိုင်ပါဘုရား။
အေး...အခုလဲ သည်လိုကတော့ သိနေတယ်။ ဒါကရုပ်၊ ဒါကနာမ်၊ ဒါကသုတ်၊ ဒါက၀ိနည်း၊ ဒါကအဘိဓမ္မာ၊ သည်လိုတော့သိနေပါပြီ။ ဘုရားရှင်ဟောတာကိုတော့ မေတ္တာရှင်၊ ကရုဏာရှင်တွေကလဲ မအား မပြတ်ရအောင် ညွှန်ကြားဆုံးမထားတော. ဒါကသမထ၊ ဒါက၀ိပဿနာ ဆိုပြီးသိနေတယ် မဟုတ်လား။
(ဒါလဲ လုံးလုံးထွေးထွေးပါပဲဘုရား။)
ထွေးလဲထွေးပစေ၊ အခုနလိုသာဂရုစိုက်ဗျာ.၊ နောက်ကျရင်လုံးထွေးမှာ မဟုတ်တော.ပါဘူး။ သူ.ဟာနှင့် သူသီးသန်.နေပါမယ်ဗျာ.။ အရှေ.သွားတော့ အရှေ.ရောက်မယ်၊ အနောက်သွားတော့ အနောက်ရောက် ပါတယ်။
(တပည်.တော်က မျက်စိလည်ပြီး အရှေ.ကိုအနောက်မှတ်ပြီး လျှောက်နေမိမှာ စိုးပါတယ်ဘုရား။)
သည်နေရာမှာတော့ မီးရထားစီးသလိုပေါ့။ ဒကာကြီးက သည်ကနေပြီး ဘယ်ကိုစီးချင်သလဲ
(မန္တလေး စီးချင်ပါတယ်ဘုရား)
အေး..မန္တလေးရထားသာ မှန်မှန်တက်စီး ၊တောင်ခေါင်းထဲ သွားချင်သွားပါစေ၊ မဆင်းနဲ.အဲဒါဆင်းရင် လွဲသွားမှာပဲဗျာ.။ဆင်းသာမဆင်းနဲ.။ မန္တလေးရောက်မှာပဲ။ ရထားက ဘာတဲ.ဆိုရင် နှာသီးဖျား၊ နှာသီးဝ ကလေးကို လက်နှင်.ထိတော. သိသလိုပဲ သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေ၊ အဲဒါ မီးရထား ပဲဗျာ၊ဘာတုံး ဆိုရင် မဂ္ဂင်တည်းဟူသောလှေ၊ မဂ္ဂင်တည်ဟူသောဖောင် သည်လိုပြောကြတယ်မဟုတ်လား။

ခန္ဓာကိုယ်ကြီးကလိမ်ပြောတတ်တယ်
မေး။ ဒကာကြီးအိမ်က နေ.တ၀က်လောက် ၀အောင်ကျွေးတဲ့ ဒကာမကြီးနှင့် သံသရာတစ်လျှောက်လုံး ၀အောင်ကျွေးတဲ့ ဘုရားရှင် ဘယ်သူ.တည့်မှာလဲ။
ဖြေ။ ဘုရားရှင်ကို အတည့်ဆုံးလို.ပြောရမှာပါပဲဘုရား။
မေး။ ဒါဖြင့် ဒကာမကြီးက ကျွေုးတာတော့ဖြင့် အဟုတ်စားတယ်၊ ဘုရားရှင်က ကျွေးတာတော့ ဘယ်နှယ်လဲ။
ဖြေ။ ဆုတ်ဆိုင်း ဆုတ်ဆိုင်း ဖြစ်နေပါတယ်ဘုရား၊ ဒါကြောင့်တပည့်တော်ကိုယ်တိုင်ကိုတပည့်တော် အမြင်ကပ်နေပါတယ်ဘုရား။
အေး..ကောင်းပါပြီဗျာ။ ကြိုးစားကြ၊ အားလုံးဟာ ၀ီရိယထူထောင်ပြီး ပြုကြတယ်ဆိုတာဟာ သည်ရုပ်နှင့် နာမ်ကို မတည့်လို. လုပ်တာဗျာ.။ ဟုတ်ကဲ့လားဗျာ။
(ဟုတ်ပါတယ်ဘုရား။)
သည်တော့ဘုရားရှင်ကို ကြည်ညိုကြတယ်။ အားထုတ်မယ်ဆိုပြီး အားထုတ်တယ်၊ အားထုတ်တော့ ညောင်းလာပြန်ပြီလို.ဖြစ်လိမ်.မယ်၊ သည်တော့တော်တော့လို.ပြောမှာလား၊ မပြောနှင့်၊ ငါဘာလို.ညောင်းရမလဲ ဆိုပြီး သည်လိုခိုင်း။ ဘေးဥပါဒ်အန္တရာယ်ဖြစ်မှာ ကြောက်တယ်၊ ဥပါဒ်အန္တရာယ် ဖြစ်ချင်ဖြစ်ပါစေ၊ သေသွားလိမ်.မယ်လို.ဆိုပြန်ရင်လဲ သေရင်သေပေစေ၊ အဲသည်လိုခိုင်းဗျာ.။ ဒီခန္ဓာကိုယ်ကြီးက သနားအောင်ပြောမယ်၊ သူနဲ.က တည့်မှမတည့်ဘဲကိုး၊ သည်တော့ ဘယ်နှယ်လုပ်မလဲ ဆိုရင် သူကသေသွားလိမ့်မယ် ဆိုတော့သေသွားဘာဖြစ်လဲ၊ နောက်တုံးက သေခဲ့လှပြီးပြီ။ ဒကာကြီးလဲ ဘယ်နှစ်ခါလောက် သေခဲ့သလဲ။

(မရေတွက်နိုင်ပါဘုရား)။
မေး။ အဲဒီလို သေခဲ့တာတွေဟာ အားထုတ်ရင်း သေတာလား။
ဖြေ။ အားထုတ်ရင်းမဟုတ်ပါဘုရား။ အကုသိုလ်လုပ်ရင်းသေလို. အခုထက်ထိ လှုပ်လှုပ်ရွရွ ဖြစ်နေ
တာပါပဲဘုရား။
သူသေသွားလိမ့်ဆိုရင် ကိုယ်ကဘယ်လိုအောက်မေ့ရမလဲ။
သည်လိုအားထုတ်လိုများ နောက်တုံးက တစ်ခါမှ မသေခဲ.ဖူးသေးဘူး၊အားထုတ်ရင်းသေချင်နေတာ လင်းအောင်တောင် မနေလိုက်ပါနှင့်၊ အခု ချက်ချင်းပဲသေပါစေတော့၊ အားထုတ်ရင်းသေဖူးတယ်ရှိအောင် ငါသေချင်နေတာ အဲဒီလိုပြော။ ဒကာကြီး အခုလိုတရားအားထုတ်ရင်း သေရင် ဘယ်နှယ့်လဲဆင်းရဲမှာလား။ (ချမ်းသာမှာပါဘုရား။)
သည်အတိုင်းတိုင်း နောက်တုံးကလို နေရင်း သေမယ်ဆိုရင် ဘယ်နှယ်လဲ.၊
(ဆင်းရဲမှာပါပဲဘုရား။)
ပျင်းပျင်းဖျင်းဖျင်း နေရင်းသေရင် ဘယ်နှယ်လဲ့။
(အရင်တုံးကလို သံသရာတလျှောက်လုံး လည်ရအုံးမှာပါဘုရား။)
သည်သံသရာကို မရောက်ချင်ရင်အခုနလိုပေါ.ဗျုာ။ နေမကောင်းဖြစ်လိမ့်မယ်ဆိုရင်လဲ ဘာ့ကြောင့် နေမကောင်းရတာလဲ။တရားအားထုတ်လို.နေမကောင်းလာတာလားဗျာ.။
(မဟုတ်ပါဘုရား)။
တရားအားထုတ်ရင်း နေမကောင်းချင်လိုက်တာလို. အဲဒီလိုပြောဗျာ.။ ညောင်းနေရင်းလဲ နားလိုက်အုံးမယ် လို.သည်လိုလုပ်မှာလား။ အဲသည်လိုမလုပ်နှင့် တရားအားထုတ်လိုများ သံသရာ တလျှောက်လုံးမှာ ညောင်းကို မညောင်းဖူးသေးဘူး။ အခုလို ညောင်းတာများ ကောင်းလိုက်တာလို. အဲဒီလိုပြောဗျာ.။ ညောင်းတယ်ဆိုပြီး အလုပ်ကိုမရပ်ပဲနှင့် ရှေ.ကသူတော်ကောင်းများဟာ အခုလို သွားတယ်ဆိုတာ သိပြီးရင် အခုလဲပဲ ဒို.တော့သည်လိုလုပ်မယ်၊ သည်လိုထိုင်မယ်ဆိုပြီး အဲဒီလိုသာလုပ်ကြပါဗျာ။ ရှေ.ဆက်ပြောနေရင်

ဒို.တော့ဖြင့် လုပ်ချင်လှပြီ၊ သည်ရဟန်းကြီးဟာ တယ်အပြောရှည်တယ် ပြောနေကြပြီထင်ပါရဲ.။ လုပ်ရမှာက ပြောနေလိုမပြီးဘူး။ အားထုတ်မှပြီးမှာ။ အခုနက ဘုရားဆုံးမတဲ့ အတိုင်းထားပြီး လုံ.လ၊ ၀ီရိယတွေနှင့် အဲသည်လို ထူထောင်ကြ အားထုတ်ကြဗျာ.။အားထုတ်ရင်း သေဖူးတယ်ရှိအောင် ငါသေချင်နေတာ အဲဒီလိုပြော။ ဒကာကြီး အခုလိုတရားအားထုတ်ရင်း သေရင် ဘယ်နှယ်လဲ. ဆင်းရဲမှာလား။ (ချမ်းသာမှာပါဘုရား။)
သည်အတိုင်းတိုင်း နောက်တုံးကလို နေရင်း သေမယ်ဆိုရင် ဘယ်နှယ်လဲ.၊
(ဆင်းရဲမှာပါပဲဘုရား။)
သည်အတိုင်းတိုင်း နောက်တုံးကလို နေရင်း သေမယ်ဆိုရင် ဘယ်နှယ်လဲ.၊
(ဆင်းရဲမှာပါပဲဘုရား။)
============
ကျေးဇူးရှင် ဝေဘူဆရာတော် ဘုရားကြီး ဟောကြားတော်မူလေ့ရှိသော တရားအနှစ်သာရများ
သီလဆောက်တည်ပြီးရင် ပြည့်စုံအောင်ဖြည့်ကြ။ ဖြည့်လို့ ပြည့်စုံပြီဆိုလျှင် မိမိစိတ်အလို တောင့်တတဲ့အတိုင်း ပြီးမယ်၊ ယခုလဲ ချမ်းသာမယ်၊ နောင်လဲ ချမ်းသာမယ်။
ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ ၂−ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင့် အဆုံးအမတော်ကလွဲလို့ တခြားမရှိဘူး။
ဘုရားရှင် အဆုံးအမဆိုတာ ပိဋက ၃−ပုံဘဲ။ ပိဋက ၃−ပုံ ဆိုတာ အလွန်ကျယ်ဝန်းတယ်။ ပိဋက သုံးပုံကို အဆီထုတ်ပါလျှင် “ဗောဓိပက္ခိယတရား ၃၇−ပါး” ရတယ်။ ဗေဓိပက္ခိယ တရား ၃၇−ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါးရတယ်။ မဂ္ဂင်ရှစ်ပါးကို အဆီထုတ်လျှင် သိက္ခာသုံးပါးရတယ်။
သိက္ခာသုံးပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။ သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကော ဓမ္မော တစ်ခု” ရတယ်။
ရုပ်ပေါ် နာမ်ပေါ်မှာ နေပြီး ယခုလို ဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံသောင်းကျန်းမှု၊ ၀စီကံသောင်းကျန်းမှု မရှိဘူး။ ဒါ “အဓိသီလ” လို့ ခေါ်တယ်။
အဓိသီလ အားကောင်းလျှင် စိတ်တွေ သောင်းကျန်းမှုမရှိဘဲ ငြိမ်ဝတ်ပိပြားပြီး တည်နေတော့တယ်။ အဲဒါ “အဓိစိတ္တ” လို့ ခေါ်တယ်။
အဓိစိတ္တ (သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဖန်တီးလို့ မဖြစ်ဘူး၊ လျှပ်တစ်ပြက်အတွင်း ကုဋေတစ်သိန်းဖြစ်ပြီး ပျက်နေတယ်။ ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာပဲ၊ ဖြစ်ပျက်ကို သိတာ “အဓိပညာ” လို့ ခေါ်တယ်။
အများနားလည်အောင် ပြောရမယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ နှာဖျား နှာဝတွင် ထွက်လေ ၀င်လေ နှစ်ရပ်ဟာ အမြဲ တိုက်ဝင် တိုက်ထွက်နေတယ်။
နှာဖျား နှာဝ မှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ−၀င်လေဖြစ်တဲ့ လေနှစ်ရပ် ၀ါယော ဖောဋ္ဌဗ္ဗက ထိတယ်၊ ထိုအထိခံနဲ့ ထိတာကရုပ်၊ သိတာက နာမ်ဆိုတော့ တကာကြီး တကာမကြီးတို့ သူများမေးမနေနဲ့၊ ကိုယ့်နှာဝ ကို ဥာဏ်နဲ့စောင့်ကြည့်၊ ၀င်တော့ ထိဝင်မယ်၊ ထွက်တော့လဲ ထိထွက်မယ်၊ ထိတာကို သိနေလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့်မရလို့ လောဘမီး၊ ဒေါသမီး၊ မောဟမီး ငြိမ်းတယ်၊ ငြိမ်းတော့ အေးတယ်။
မထိခင်ကလဲ သိလို့ မဖြစ်ဘူး။ ထိပြီးပြန်တော့လဲ သိလို့ မဖြစ်ဘူး၊ ထိတုန်းကိုသာ သိဖြစ်တယ်၊ အဲတာကို “ပစ္စုပ္ပန်တဲ့တဲ့” လို့ ဆိုတယ်။
အဲသလို တစ်ထိထဲ ထိနေတာကို တစ်ဆက်ထဲ သိနေအောင် ဆောင်ကြဗျ။ တစ်ရက် ၂၄−နာရီ တစ်စပ်လောက်ရလျှင် အလွန် သိသာပါတယ်။ အဲသလို ထိတာကို မသိမှတ်နိုင်ရင် လျှပ်တစ်ပြက် အတွင်းတွင်ဘဲ ကုဋေတစ်သိန်း ကြွေးတင်သွားရောဗျ။
ထိတာကို သိနေလျှင် “ရုပ် နှင့် နာမ် သာ ရှိပါကလား” လို့ သိလိမ့်မယ်။ ရုပ်နာမ်မှတစ်ပါး ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ မရှိဘူးဆိုတာ “ဘုရားရှင်၏ တရားတော် အမှန်ပါလား” လို့ ကိုယ့်ဟာကိုယ် သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး။ နှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာ အတ္တ ဆိုတဲ့ ကိုယ် မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်၊ သမ္မာဒိဋ္ဌိ ဖြစ်တယ်၊ ထိတာကို သိနေတဲ့ အချိန်မှာ “ရုပ်နာမ် မှတစ်ပါး ဘာမှမရှိပါကလား” လို့ သိတာကို နာမ်ရုပ်ကို ပိုင်းခြားပြီးသိလို့ “နာမရူပ ပရိစ္ဆေဒဥာဏ်” လို့ ခေါ်တယ်။
တစ်ထိထဲ ထိ၊ တစ်သိထဲ သိနေလျှင် အတ္တစင်၍ ဥာဏ်အမြင်စင်ကြယ်တဲ့ အကျိုးရတယ်၊ ဒါဟာ တဒင်္ဂပဟာန် ခဏအချိန်လေးမှာ ရတဲ့ အကျိုး၊ နဲတယ်လို့ မမှတ်ကြနဲ့။ “ကမ္မဋ္ဌာန်း ထိုင်ရတာများ ဘာမှလဲ မတွေ့ပေါင်၊ ဘာမှလဲ မရပေါင်” လို့ များ မမှတ်လိုက်ကြပါနဲ့။ ဘုရားသာသနာ နဲ့ ကြုံကြိုက်တဲ့အခါမှာ ဒီလို အကျိုးထူးများ ရနိုင်တယ်။ စားဖို့ သောက်ဖို့ အသာထားပြီး အထူးကြိုးစားကြ ဟု ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည်ကို ကောက်နုတ် ဖော်ပြလိုက်ပါကြောင်း။

သန္ဒိဌိက ဓမ္မလမ်းစဉ်
ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။
စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)
ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။
‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။
ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။
ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။
‘ထွက်လေ ၀င်လေ’ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။
ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြလို့ ‘သတိမမူ ဂူမမြင်’ ဖြစ်နေကြတယ်။ ‘သတိမူရင် မြူတောင်မြင်ရတယ်’ ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။
‘ကြည့်’ ဆိုရာမှာ ၀ိပဿနာဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ်နဲ့ တထိတည်း ထိနေတာကို တသိတည်းသိနေအောင်၊ တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။ (၂၄ နာရီ အမြဲမပြတ် တစ်စပ်တည်း ရပါစေ။)
တစ်ရက် ၂၄-နာရီ တစ်စပ်တည်းရလျှင် အလွန်သိသာပါတယ်။ (နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင်) ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး။ ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။ အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး နိုးတော့မှာမဟုတ်ဘူး။ အိပ်ချင်ရင် မအိပ်တဲ့နေရာရှိတယ်။ အဲဒီကို ရောက်အောင်သွား။
ထိတာကို သိနေရင် သိက္ခာသုံးပါ၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခယတရား ၃၇-ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။
တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း (ရုပ်နာမ်) ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်ပြီး နေခြင်းဖြစ်တယ်။
တရိပ်ရိပ်နဲ့ နှာဖျားမှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျား၊ နှာဝတွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။
တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ်ဖြစ်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကို ကောင်းစွာမြင်သာသောကြောင့်) ဒုက္ခနဲ့ အနတ္တဟာ အလိုလို ထင်မြင်လာလိမ့်မယ်။ ပါးစပ်ကနေ ဆိုနေဖို့ မလိုဘူး။ ၀ိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှုသိနေရုံသာဖြစ်တယ်။ ကြည့်နေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။
အဲဒီလို တရိပ်ရိပ်နဲ့ ထိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့ ‘ရေငတ်၍နေသော သူသည် ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့’ ဖြစ်သွားတော့တယ်။ သူများမေးစရာမလို ကိုယ်တိုင်သိမယ်။ (သန္ဒိဋ္ဌိကော)
(သန္ဒိဋ္ဌိကော = ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်းတွေ့နေရတယ်။)

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့တူတယ်။
ယုံယုံကြည်ကြည်၊ လုံ့လ၀ီရိယရှိရှိနဲ့ ထိမှု သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ။ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခု ချက်ချင်းပဲ ချမ်းသာတယ်။
(အကာလိကော = ကာလမခြား အကျိုးရှိတယ်။)
ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီး
(အကာလိကော = ကာလမခြား အကျိုးရှိတယ်။)