ထူးဟယ် ခေါ်ဟယ် ယဉ်ကျေးဖွယ်
(သုမောင်)
ကျွန်တော်တို့ငယ်ငယ်တုန်းက အော်တိုတယ်လီလီဖုန်းတွေ စပေါ်ပါသည်။အော်တိုတယ်လီဖုန်းဆို
တာ ကိုယ်ပြောချင်သောတယ်လီဖုန်းဆီသို့ ကိုယ်တိုင်လှည့်ခေါ်ရသော အမျိုးအစားဖြစ်သည်။ ယခင်ကတော့ တယ်လီဖုန်းအိပ်ချိန်းခေါ် ကြားခံဌာနသို့ ခေါ်ပြီးမှ ကိုယ်လိုရာဆီ တောင်းယူရပါသည်။
မှတ်မိသေးသည်။အိမ်မှာ တယ်လီဖုန်း စတင်တပ်ဆင်ခါစကဖြစ်သည်။ထိုတုန်းက ကျွန်တော့်မှာ
မူလတန်းကျောင်းသားမျှသာရှိသေးသည်။အဖေတို့၊အမေတို့ တယ်လီဖုန်းထူးလျှင်၊ခေါ်လျှင် အထူးအဆန်းဖြစ်နေသည်။ကိုယ်တိုင်ပြောချင် ခေါ်ချင်စိတ်တွေ အရမ်းဖြစ်ခဲ့သည်။သို့သော် ဘယ်
သို့ခေါ်ရမည်မသိ။ကိုယ့်ဆီလည်း ဘယ်ကမှ တယ်လီဖုန်း လာစရာ မရှိ။တစ်နေ့တော့ ကျောင်းမှ
သူငယ်ချင်း တယ်လီဖုန်းနံပါတ်ကို တောင်းယူခဲ့သည်။ထိုသူငယ်ချင်းမှာ 'ရော်ဂျီဘဦး'ဆိုသူဖြစ်
သည်။သူသည် နောင်အခါ Play Boy အဖွဲ့မှ 'အဆိုတော် တက္ကသိုလ် အေးမောင်'ဖြစ်လာသည်။
ကျွန်တော်တို့ငယ်ငယ်က နေခဲ့သည့်ကျောင်းမှာ စိန်ပေါလ်ကျောင်းဖြစ်သည်။ယခုတော့ အ.ထ.က
(၆) ဗိုလ်တထောင်ဖြစ်နေပြီ။အရင်ကမစ်ရှင်ကျောင်းဖြစ်သဖြင့် ကျောင်းသားများ၏နာမည်များကို
ရှေ့က သူတော်စင် စိန့်နာမည်နှင့် နောက်က ဖခင်နာမည်တပ်ပြီး အမည်ပေးကြသည်။ဥပမာ
'ံHenry နှင့် သူ့ဖခင် ဦးအောင်ကြည်နာမည်ကို တွဲထားခြင်းဖြစ်သည်။သည်တော့'ရယ်ဂျီဘဦး'
ဆိုသည်မှာ ဘိုနာမည် ရယ်ဂျီနှင့် သူ့ဖခင်နာမည် ဦးဘဦးတွဲထားခြင်းဖြစ်သည်။သူတို့က ချမ်း
သာသော B.T ဘရားသားကော်ဖီမျိုးဆက်တွေဖြစ်သည်။ B.T ဘရားသားမှာ ဦးဘတူနှင့် ညီ
များဟုသိရသည်။ယနေ့ လူငယ်များသိသာအောင် ဖော်ပြရလျှင်Examplez ထွန်းထွန်းတို့ဆွေ
မျိုးတွေဖြစ်သည်။ဆိုကြပါစို့၊ရယ်ဂျီဘဦးထံမှ တယ်လီဖုန်းနံပါတ်ယူလာပြီး ညကျတော့ မိဘ
တွေအလစ် တယ်လီဖုန်း ခိုးဆက်ရသည်။တစ်ခါမျှ တယ်လီဖုန်း မသုံးဖူးသဖြင့် ထိတ်လန့်တ
ကြားဖြစ်နေသည်။ဤတွင် တစ်ဖက်မှ လူကြီးတစ်ယောက် ဖုန်းလာကိုင်ပါသည်။
'ဟယ်လို ပြောပါခင်ဗျာ'
'ကျ ကျွန်တော် ဘဦးနဲ့ တွေ့ချင်လို့ပါ'
'ဟေ ငါ ဘဦးပဲကွ'
ဖြစ်ပုံမှာ သူငယ်ချင်းကို ကျောင်းမှာ ခေါ် သလိုပင် 'ဘဦး'ဟု ကျွန်တော်က သုံးနှုန်းလိုက်ခြင်းဖြစ်
ပြီး ကံဆိုးချင်တော့ ဖုန်းလာကိုင်သှူမှာ ဦးဘဦးကိုယ်တိုင်ဖြစ်နေခြင်းပင်။ ကျွန်တော့်မှာ ကြောက်
အားလန့်အားဖြင့် တယ်လီဖုန်း အသာပြန်ချလိုက်ရတော့သည်။
ဒါလေး ကြားဖြတ်ပြောနေတာက အကြောင်းရှိပါသည။ ယနေ့ တယ်လီဖုန်းပြောသူ၊နားထောင်သူ
တို့၏လေယူလေသိမ်းနှင့် အပြောအဆို အော်တိုလက်လှည့် တယ်လီဖုန်းတွေ၊ပြီးတော့ ခြင်းဖုန်း
တွေ၊နောက် ဟန်ဖုန်းခေါ် ကိုယ်နဲ့မကွာယူသွားလို့ရတဲ့ ကနေ့ ဖုန်းတွေ ပေါ်လာပါသည်။ကနေ့
ဆိုလျှင် တယ်လီဖုန်းဘယ်လောက်တာသွားနေပြီဆိုတာ စာဖတ်သူတို့ သိပြီးဖြစ်သည်။တယ်လီ
ဖုန်းဖြင့် ဓာတ်ပုံရိုက်လို့ရသည်။တယ်လီဖုန်းဖြင့် သတင်းပို့လို့ရသည်။တယ်လီဖုန်းဖြင့်
တီဗွီ၇ိုက်လို့ရသည်။အသေးစားအဖြစ် နာရီ၊မှတ်တမ်း၊မိမိထံ ဖုန်းခေါ် သူ စသဖြင့် လိုရာသုံးလို့
ရနေပါပြီ။တယ်လီဖုန်းသည် ဇိမ်ခံပစ္စည်းပင် မဟုတ်တော့ပါ။လူသုံးကုန်ပစ္စည်းဖြစ်နေပါပြီ။
ပြောချင်တာက တယ်လီဖုန်းတွေ လူနေမူပုံစံလိုက်ပြီး ခေတ်ပေါ်ပြောင်းလွဲတိုးတက်လာသော်
လည်း သုံးနှုန်းသူ၏ အခေါ်အတွေး မပြောင်းလဲတာကို ဖြစ်သည်။'ံနူသ''ဟယ်လို' ဟူသော
ဝေါဟာရကို တယ်လီဖုန်းစပေါ်ကတည်းက ဒီနေ့ထိ သုံးနေကြတုန်းပဲဖြစ်သည်။ အချို့ကတော့
မြန်မာဆန်ဆန် 'အမိန့်ရှိပါ ခင်ဗျာ။ရှင် 'ဟု သုံးသည်။အချို့ကျတော့ 'ပြောပါခင်ဗျာ။ရှင်'ဟု
မိတ်ဆက်သည်။အချို့ရုံးသုံးတွေကျတော့ 'မင်္ဂလာပါ'ဟု အလိုအလျောက်အသံလွှင့်သည်။ဘာ
ပဲဖြစ်ဖြစ် တယ်လီဖုန်းခေါ်လျှင် ထူးလျှင် ယဉ်ကျေးဖွယ်ရစကားဖြင့် နှုတ်ခွန်းဆက်သကြမြဲဖြစ်
သည်။အကြောင်းမှာ လူကို မမြင်ရဘဲ အသံချင်း စတင်တွေ့ဆုံရသည်ဖြစ်သောကြောင့် ယဉ်ယဉ်ေ
ကျေးကျေးနှုတ်ဆက်ခြင်းဖြစ်သည်။သို့သော် ခုနှယ်ခါ ထိုယဉ်ကျေးမူကို အချို့က မလိုက်နာကြ
တော့ပေ။
မကြာခဏ ကြုံရသည်။ကိုယ်က တယ်လီဖုန်းဆက်လိုက်သည်။တစ်ဖက်မှ တယ်လီဖုန်းကိုင်ကိုင်
ချင်း နှုတ်ဆက်သည့် စကားက 'ဆို'တဲ့။'ပြော'တဲ့။လေသံက အထက်စီးနေသည်။သည်ဘက်က
ဆက်တာ ဘယ်သူဘယ်ဝါရယ်လို့ ဂရုမထားပေ။တစ်ဖက်မှာ ရဟန်းသံဃာတစ်ပါးလည်း ဖြစ်နိုင်
သည်။ကျွန်တော် အထက်၌ ဆိုခဲ့သလို သူငယ်ချင်း'ရယ်ဂျီဘဦး'ကို 'ဘဦး'ရှိပါသလား မေးမိ
တော့ ဖုန်းလာကိုင်တာ သူ့အဖေ ဦးဘဦးဖြစ်နေသဖြင့် ဘယ်လောက် အားနာစရာဖြစ်သွားသ
နည်း။ဒါတောင် ကိုယ်က ရိုးရိုးသားသား သူငယ်ချင်းနာမည်ကို ခေါ်လိုက်တာဖြစ်သည်။ခုဟာက
တစ်ဖက်က ဘယ်သူဘယ်ဝါမှန်းမသိသေး။အထက်စီးနှင့် 'ဆို''ပြော'ဆိုတဲ့ လေသံမာနှင့်ဖြစ်နေ
သည်။'ကျွန်တော် သုမောင်ပါ ခင်ဗျာ'ဆိုတော့မှ စကားပြင်ပြီး'ဟုတ်ကဲ့ပါ အန်ကယ်၊ဆရာ၊ဦး
သုမောင်'ဖြစ်သွားသည်။မြန်မာလို'အမိန့်ရှိပါ''အင်္ဂလိပ်လို 'ံHello' ဟုပြောလိုက်တော့ ဘာဖြစ်
သွားမှာမို့နည်း။မသကာ 'ဟုတ်ကဲ့ပြောပါ'ပေါ့။အခုတော့ သူရို့လေသံက အရာရှိထံဝင်လာသော
ရုံးလုလင်ကို ဆက်ဆံပုံမျိုးဖြစ်နေသည်။
တချို့ရှိသေးသည်။သူတို့က ဖုန်းစဆက်သည်။ကျွန်တော်ခဏခဏကြုံဖူးသည်။စပြီး ဖုန်းကိုင်လိုက်
တာနှင့် 'ဟေ့ ဘယ်သူ့ခေါ်ပေးစမ်း၊ဘယ်ဝါရှိသလားဟေ'တဲ့။ဖုန်းကိုင်တာက အသက်ငါးဆယ်
ကျော် ခြောက်ဆယ်အတွင်း သုမောင်ကြီးပါ။တစ်ဖက်မှ ဆက်နေတာ လူငယ်။ပြီးတော့ ဖုန်းမှား
ဆက်တာ။တချို့ ရှိသေးသည်။ ကျွန်တော်က ဆက်တာ ဆိုပါတော့။'ဘယ်သူနဲ့ တွေပချင်လို့ပါ
ခင်ဗျာ'ဆိုရုံရှိသေး'ဖုန်းမှားနေတယ်''ဂွပ်'ပဲ။ဂွပ်ဆိုတာက စိတ်မရှည်စွာ ဖုန်းကို ပစ်ချလိုက်သံ။ခု
ခေတ်မှာက ဖုန်းနံပါတ်တွေ ခဏခဏပြောင်းနေတော့ ယခင်နံပါတ်လှည့်မိရင် မှားမှားပဲဖြစ်
သည်။တစ်ခါတလေ မသေချာမှာစိုးလို့ 'ဖုန်းနံပါတ်ဘယ်လောက်ကပါလား'ဆိုတော့ 'ဟုတ်တယ်'တဲ့။နော့ဖြင့် ဘယ်သူနဲ့တွေ့ချင်လို့ပါဆိုတော့ 'ခက်တာပဲ။ဒီဖုန်းနံပါတ် မဟုတ်ဘူး။
ခဏခဏမှားနေတာပဲ။တောက်'တဲ့။ကျွန်တော့်သဘောပြောရလျှင် တယ်လီဖုန်းတွေ ခေတ်မီလာ
သလို တယ်လီဖုန်းပြောသူတွေလည်း ခေတ်မီစေချင်သည်။ယဉ်ကျေးစေချင်သည်။အထူးသဖြင့်
တယ်လီဖုန်းကိုင်ရတာကိုပင် စတိုင်ကြီးတစ်ခွဲသား အထက်စီးလေဖြင့် မပြောစေချင်ပါ။တယ်လီ
ဖုန်း ဆိုတာ ကြွားစရာမဟုတ်ပါ။လူသုံးကုန်ပစ္စည်းတစ်ခု ဆိုတာပါပဲ။
အတွဲ၁၂၊အမှတ်၁၆၊ဧပြီ၂၂၊၂ဝဝ၈၊ပေါ်ပြူလာဂျာနယ်
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ