ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, July 23, 2010

ဂန္တဝင်အက်တာ အိုလီဗီယာ

ဂန္တဝင်အက်တာ အိုလီဗီယာ
မောင်မြတ်လေး



လောရင့်အိုလီဗီယာဟာ ၁၉၀၇ ခုနှစ် မေ ၂၂ ရက်မှာ မွေးတယ်။ ဇူလိုင် ၁၂ ရက်၊ ၁၉၈၉ ခုနှစ်မှာ သေဆုံးတယ်လို့ နိုင်ငံခြား အသံလွှင့်ဌာနတခုက ကြေငြာတယ်။ အသက် ၈၂ နှစ်အရွယ်မှာ ဆုံးတယ်လို့ ယူဆရတယ်။ သူသေဆုံးသွားတဲ့အတွက် ဝန်ကြီးချုပ် မာဂ ရက်သက်ချာက စိတ်မကောင်းဖြစ်ရတယ်။ သူ့လိုပဲ ဗြိတိန်နိုင်ငံသားများ၊ ကမ္ဘာအရပ်ရပ် ရှိ အနုပညာသည်များလည်း စိတ်ထိခိုက်လိမ့်မယ်လို့ ပြောသွားတယ်။ လက်ရှိ ဘုရင်မ ကြီးနှင့်တကွ ဆွေတော်မျိုးတော်တွေကလည်း ခံစားရတယ်လို့ ကျနော်လည်း နှမြောပါတယ်။

လောရင့်အိုလီဗီယာဟာ ငယ်စဉ်ကတည်းက၊ အင်ဂလို ကတ်သလစ် အိန်ဂျလီကန် ဘုရားရှိခိုးကျောင်းတက်လေ့ရှိတယ်။ ၁၉၁၆ နှစ်ကာ လမှာ အသက်ကိုးနှစ်အရွယ်၊ အဲဒီကတည်း အဲ့ဒီ ဘုရားရှိခိုးကျောင်း မှာရှိတဲ့ သင်းအုပ်၊ သင်းကြပ်၊ ဘုန်းကြီးတွေကြားမှာ နေခဲ့ရတယ်။ သမ္မာကျမ်းစာတွေ၊ တရားဓမ္မသံစုံတေးတွေကို ဆိုဖူးတယ်။ ကျောင်း မှာ “ကွိုင်းယား” ခေါ် သံပြိုင်စုံဆိုတဲ့ အဖွဲ့လေးရှိတယ်။ အဲဒီမှာ သူလည်း ပါဝင်ခဲ့သည်။
ဒီကာလမှာ Sybil Thorndike တို့လို Forbes Robertson အနုပညာ သည်၊ သဘင်သည်ကြီးတွေကို သာဝကကျောင်းသားအစ၊ သာမ ဏေလေးကပါ အထင်ကြီးကြတယ်။ သုခုမသဘင်ပညာကြီးများရဲ့ ဆိုမှု၊ ပြောမှုကိုလည်း သဘောကျတယ်။ အားပေးကြတယ်။ သူတို့ လို လူငယ်တွေက ဒီလူကြီးတွေလို ဖြစ်ချင်တယ်။

ဒါကြောင့် ဘုရားရှိခိုးကျောင်း သံစုံဆိုအဖွဲ့ထောင်ပြီး ကောင်းကောင်း ကြီး လေ့ကျင့်ကြတယ်။ သူတို့အဖွဲ့ဆိုကြပြီဆိုရင် အနုပညာလောက မှာရှိတဲ့ ဇာတ်လိုက်တွေကပါ လိုက်ပြီး အားပေးကြည့်ရှုသည်။

တနေ့ အိုလီဗီယာရဲ့ အဖေက အနုပညာသည်ကြီး Fobes Robertson ကို မေးဖူးတယ်။ “ကျုပ်သားလေး သရုပ်ဆောင်တာ ဘယ့်နှယ်လဲလို့” မေးတယ်။ ဒီလို မေး တဲ့အချိန်မှာ Robertson မျက်နှာမှာ မျက်ရည်စတွေရှိနေတယ်။ အဲဒီလိုမေးတော့ “သူဟာ ဘရူးတပ်စ်ပဲ၊ ဒီအသက်အရွယ် (၂၀) နှစ်ဝန်းကျင်နဲ့ ဒီလိုလုပ်နိုင်တဲ့ သူ့ လိုကလေးမျိုး ကျုပ်ဘယ်ရှာလို့တွေ့နိုင်မှာလဲဗျာ” ဟု မှတ်ချက်ချသွားဖူးတယ်။ ဒီလိုပဲ Ellen Terry သဘင်ပညာရှင်ကလည်း “ဘရူးတပ်စ်” အဖြစ် သရုပ်ဆောင် သွားတဲ့ကလေးငယ်ဟာ တကယ့်ကို သရုပ်ကောင်းကြီးပဲလို့ မှတ်ချက်ပေးသွားပြန်တယ်။ အဲဒီအ ခါတုန်းက “အယ်လင်တာရီ” ဆိုတာ ကျုပ်ကိုယ်တိုင် ဘယ်သူမှန်းတောင် မသိတဲ့အရွယ်ပဲ။ ကျုပ်တို့ ငယ်ငယ်တုန်းကဆို လှေလှော်အ သင်းဝင်တယ်။ အဲဒီမှာ အော်ကြ၊ စစ်ကြ၊ ကဗျာတွေရွတ်ကြ၊ တေးတွေသီကြနဲ့ နေလေ့ရှိ တယ်။ အသင်းခေါင်းဆောင်လုပ်တဲ့လူဟာ ပါးနပ်ရတယ်၊ တတ်ရတယ်၊ အဲဒီအထဲမှာ ဘယ်သူဟာ အသံရတယ်၊ တေးစသီတတ်တယ်၊ အဆိုတတ်တယ်၊ အတိုင် အဖောက်တတ် တယ်ဆိုတာမျိုးပေါ့။ အဲဒီကနေတဆင့် ဟန်ကျမှ Tcolyte သာမဏေနောက်လိုက်အဖြစ်၊ ဒီကမှတဆင့် ဘုရားရှိခိုးကျောင်းတွေရဲ့ မင်း သား၊ လူကြီးအဖွဲ့ဝင်ဖြစ်ရတာကိုး။ သူဟာ “အယ်တိတတ်တော” အဆောင်ရဲ့ ကျောင်းတော်သား၊ နောက် Acolyte ဒီနောက် မာဂရက် လမ်းမှာ ရှိခဲ့တဲ့ All Saints သူတော်စင် ဘာသာရေးဆိုင်ရာ အဖွဲ့ဝင်ဖြစ်ခဲ့တယ်။

ဒီတုန်းက ရှိတ်စပီးယားမွေးနေ့ တခုလုပ်တယ်။ နှစ်က ၁၉၉၂ ခုနှစ်။ ရုံက “စထရပ်ဖို့ဒ်”၊ “အွန်အေဗွန်” မှာရှိတဲ့ ရှေးဟောင်းရုံကြီး မှာပေါ့။ သူလည်းပဲ ကခဲ့တယ်။ ပါဝင်ခဲ့တယ်။

သူ ဆယ့်သုံးနှစ်သားအရွယ်မှာ သူ့အမေ ဆုံးခဲ့တယ်။ နောက်တော့ မောင်နှမတွေ တကွဲတပြား ဖြစ်ခဲ့တယ်။ အကိုက ကျောင်းက ထွက်တယ်။ အိန္ဒိယကိုသွား တယ်။ လက်ဖက်ခင်းစိုက်မယ်၊ အမက စကောစက၊ တဝက်တပျက်၊ ကျောင်းကလည်း ဆက်မတက်နိုင်၊ စီးပွားရေးကလည်းမဖြစ်၊ သူကဆို ပိုဆိုးသေးတယ်လို့ သူ့ အဖေက ထင်တယ်။ ဒီကောင်ဟာ ပျက်စီးပြီး၊ ဇာတ်လိုက်ပဲ ဖြစ်ချင်တယ်။ ကျောင်းလဲ ဆက်မတက်ချင်တော့ဘူးလို့ပဲ ထင်တယ်။ အဲဒီအခါက သူ့အဖေဟာ Letch Worth တက္ကသိုလ်မှာ ပါမောက္ခချုပ် အလုပ် လုပ်နေတဲ့အခါဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကျောင်းဆက်တက်ပြတယ်။ စကောလားရှစ်တန်းဝင် စားမေးပွဲအထိ၊ စိန့်အက်ဒွပ် ကျောင်းမှာ တက်ခဲ့တယ်။ ဒီကျောင်းက အောက်စဖို့ဒ်မှာရှိတယ်။ ကျောင်းကထွက်တော့ ဇာတ်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်။ အလုပ်ရ တယ်၊ အဖွဲ့တဖွဲ့ရှိ တယ်။ “လီနာအက်ရှိဝဲ” အဖွဲ့၊ ဒီအဖွဲ့ဝင်လည်း ဖြစ်ခဲ့တယ်။ အဲ့ဒီအဖွဲ့မှာ ရှိတုန်းကလည်း ဂျူလီယက်ဆီဇာထဲက “ပလေးဗီးယပ်” အဖြစ် သရုပ်ဆောင်ကခဲ့ဖူးတယ်။ ကံကောင်းချင်တော့ ဇာတ်ခေါင်းဆောင် မန်နေဂျာ “ဘယ်ရီဂျက်ဆင်” နဲ့ အဆက် အသွယ်ရတယ်။ သူဟာ ဘယ်လောက် ဇာတ်သြဇာကြီးသလဲဆိုရင် “ဘာမင် တန်” မှာ ကိုယ်ပိုင်ဇာတ်ရုံရှိတယ်။ နောက် လန်ဒန်မှာရှိတဲ့ Royal Court The Kingsway နဲ့ Regant ရုံးသုံးရုံမှာလည်း ခြယ်လှယ်ခွင့်ရှိတယ်။

အဲဒီမှာရှိနေရင်း လန်ဒန်ဇာတ်ခံလောကပေါ် ရောက်သွားတယ်။ ကံကောင်းချင်တော့ နာမည်ကျော်ပြဇာတ်ဖြစ်တဲ့ The Farmer's Wife “ယာသမားဇနီး” ပြဇာတ်မှာ ကခွင့်ရတယ်။ အဲဒီအထဲမှာ ဝင်ကခွင့်ရပြီဆိုရင် အလုပ်ရှိဖို့ မလိုတော့ဘူး။ ငါးနှစ်လောက်ဆက်ပြီး ကရ တယ်။ နယ်လှည့်ကရတဲ့ ဇာတ်အဖွဲ့ဝင်ဖြစ်လို့ပဲ၊ သုံးခါလောက် ခရီးရှည် လှည့်ပြီးကရတဲ့ ငါးနှစ်လောက်အထိ ရောက်သွားတာပါပဲ။ ဒီ ဇာတ်ဟာ ဒီလို သံမဏိရှည်ပြရတဲ့ ဇာတ်အဖွဲ့ဖြစ်တယ်။ အသက် (၁၉) နှစ်အရွယ်ရောက်တော့ ချက်ကော့ရဲ့ “အန်ကယ်ဗန်ညာ” ပြ ဇာတ်ကို စီးရတယ်။ သူ့ရဲ့ ပင်ကိုယ်အရည်အသွေးတွေလဲ ထုတ်ရပြီ။ အဲဒီမှာ ပြဇာတ်ဆရာကြီး “နိုကိုးဝပ်ဒ်” နဲ့ သိခွင့်ရတယ်။ သူဟာ “လော့ဖရေးဟီးလ်” တို့ “နိုကိုးဝပ်ဒ်” နဲ့ သိခွင့်ရတယ်။ သူဟာ “လော့ဖရေးဟီးလ်” တို့ “နိုကိုးဝပ်ဒ်” တို့ရဲ့ အကြံဉာဏ်အဆိုဆုံးမများ ရခဲ့ဖူးတယ်။ ပြီးတော့ “စိန်ဂျွန်အာမင်” ထံမှလည်း ဇာတ်ကောင်ရဲ့ သဘောတရားတွေ ရခဲ့ဖူးတယ်။

ဒီတုန်းက အသံတိတ်မင်းသားကျော်ဖြစ်တဲ့ ဒေါက်တာလကပ်စ်ဖဲရားတင့်တို့ ဂျွန်ဘာရီဖိုးတို့ကို အားကျခဲ့တယ်။ သူတို့ရဲ့ ရုပ်၊ ကျန်းမာ ရေး၊ ကိုယ်လုံးကိုယ်ထည် ယောက်ျားပီသမှု၊ ဒါတွေကို အထူးသဖြင့် အမျိုးသမီးတွေက ပိုနှစ်ခြိုက်အားပေကြတယ်။ ဂျွန်ဘာရီမိုးဆိုရင် “ဟင်းမလက်” အဖြစ် သရုပ်ဆောင်ဖူးတယ်။ နောက် “ဘင်ဟာ” Benhur ရုပ်ရှင်ထဲမှာပါတဲ့ “ဗီလ်တန်ဆီး” တို့ “ရာမွန်နာဗားရိုး” တို့လို ဇာတ်လိုက်တွေမှာရှိတဲ့ ကိုယ်ထည်ခိုင်ခံ့မှု၊ ခွန်အားဖြည့်မှု ယောက်ျားပီသပြီး ခန့်ချောမှုများကို ကြည့်ပြီး အားကျခဲ့တယ်။ ပြီးတော့ “ဗလင်တီနိုး” တို့လို “ဖဲရာဘင့်စ်” တို့လို၊ သန်မာပြီး သရုပ်ဆောင်တာ၊ ဓားခုတ်ပြတာ ဖျတ်ဖျတ်လတ်လတ်နဲ့ ခုန်လိုက်၊ လွှားလိုက် လုပ်ပြတာတွေကို ပီတိဖြစ်ခဲ့တယ်။

ဒါကြောင့် ကျန်းမာရေး ဂရုစိုက်တယ်။ အားကစားရုံကို တပတ်သုံးခါလောက် သွားတယ်။ လေ့ကျင့်တယ်၊ မာဆယ်တွေ ဘာတွေကြီးဖို့ မဟုတ်ဘူး။ ရာသီဒဏ်၊ ဥတုဒဏ်ခံနိုင်စွမ်းရှိဖို့နဲ့ ကိုယ်ခံကောင်းတဲ့ ကျမ်းမာရေးအတွက် လေ့ကျင့်ရတယ်။

သူဟာ ပထမဆုံး ဒါရိုက်တာအဖြစ် ဇာတ်မန်နေဂျာအဖြစ် စပြီး ပါဝင်လှုပ်ရှားခဲ့တဲ့ ပြဇာတ်ကတော့ The Ring Master ဇာတ်ပဲ။ “လော့ ရင့်စ်အိုလီဗီယာ” တင်ဆက်မှုဆိုတဲ့ နဖူးစည်းအောက်မှာ ကပြခဲ့တဲ့ဇာတ်ပဲ။ စိန့်ဂျွန်းဇာတ်ရုံမှာ တဆက်တည်း မန်နေဂျာဇာတ်စီးလုပ် ရင်း လုပ်သက် ရှစ်နှစ်လောက်အထိ ကြာသွားတယ်။ အတွေ့အကြုံလည်း ရခဲ့တယ်။ အလုပ်သဘောလည်း ကျွမ်းကျင်နေပြီ။

၁၉၄၃ ခုနှစ်မှာ သူ့ကို တခြားဇာတ်ဆရာ ဇာတ်စီးတွေက တွေ့ချင်တယ်။ ဆက်သွယ်ချင်တယ်ဆိုလို တွေ့တယ်။ “အိန်အင်တင်နစ်နဲ့ ဂျူ ဘောမောင့်” တို့ဖြစ်တယ်။ ဇာတ်ကခိုင်းတယ်၊ ဇာတ်ကတော့ ရှိစပီးယားရဲ “ရိုမီယိုနဲ့ ဂျူးလီးယက်” ပါပဲ။ ရိုမီယိုအဖြစ် ကရတယ်။ နောက် သရုပ်ဆောင်ကြီး “ဂျွန်ဂစ်လ်ဂတ်ဒ်” က သူနဲ့တွဲပြီး ကပြဖို့ ခေါ်ပြန်တယ်။ “ရိုမီယိုနဲ့ မာကျူးရှို” ဇာတ်ပါပဲ။

ဒီကနေ “မက်ကဗက်” ပြီး “ဟင်းမလက်”။ အဲဒီတုန်းကဆိုရင် “ဟင်းမလက်” ကို ဂျွန်ဂစ်လ်ဂတ်ဒ်သာ၊ အလှဆုံး၊ အကောင်းဆုံး ကနိုင်တဲ့ ကာလဖြစ်တယ်။ အများ ကလည်း သူမှသူဖြစ်နေတယ်။ အဲဒီတော့ ကြိုးစားရတယ်။ Dress Rehersal ဝတ်စုံ လေ့ကျင့်ခန်း၊ ဒရက်စ်ရီဟာဇယ်ကို ညစဉ်လုပ်တယ်၊ တခါတလေ မနက်ငါး နာရီအထိ ရောက်သွားတယ်။ ဒါကြောင့်ပဲ အောင်မြင်တယ်။ လက်ခံကြ တယ်။

ဒီမှတဆင့် “ဟင်နရီ” ပဉ္စမမြောက် ဟင်နရီကို ကတယ်။ ဒီဇာတ်ကို ရုပ်ရှင်ရိုက်တယ်၊ အောင်မြင်တယ်၊ အမေရိကန်ဆုပေးပွဲမှာ ထူး ချွန်တွေ ရခဲ့တယ်။ “ဟင်းမ လက်” လည်း ရုပ်ရှင်ရိုက်ပြတယ်။ ဒီကားနဲ့ အကောင်းဆုံးမင်းသားဆု၊ ဇာတ်ဆုကို ဟောလီဝုဒ်ကပေးတဲ့ “အော်စကာဆု” တွေရခဲ့တယ်။

ဒီကားရိုက်တုန်းက ရှိစပီးယားရဲ့ အနှစ်သာရတွေ လွတ်ပြီး၊ ရုပ်ရှင်နည်းတွေက လွှမ်းခဲ့သေးတယ်။

ရုပ်ရှင်အပြ သြဇာအောက်သွားတော့ ရှိတ်စပီးယားရဲ့ ဇာတ်အစီအစဉ်ကို တော်တော်နှင့်ရောက်မလာပဲ “ဟာ” နေတာ တွေ့ရတယ်။ ဒါကြောင့် အစမ်းပြကြည့်လိုက်၊ ဖြတ်ထုတ်လိုက်၊ ရှိစပီးယားရဲ့ အနှစ်သာရ၊ အရသာမျိုးခံစားရမှ လက်လွှတ်ရတယ်။ ဒါရိုက်တာ ဗီဟောနဲ့တွေ့တော့ “မက်ကဗက်” ပြန်ကခိုင်းတယ်။ “အီယာဂို” အဖြစ် အော်သံလိုးဇာတ်မှာ ကခဲ့တယ်၊ နောက်အမေကရိသွားတယ်၊ No Time For Comedy ကို ဒါရိုက်တာလုပ်ပြီး ကပြတယ်၊ ဒီဇာတ်ရုံမှာပဲ “ရိုမီယို” အဖြစ် ကပြခဲ့သေးတယ်။ ဒါရိုက်တာအဖြစ်လည်း လုပ်တယ်။ “ဆားဂျီးယာ့စ်” အဖြစ် Arms And the Men ပြဇာတ်ကို ကခဲ့တယ်။ နောက် ရစ်ချက် III သုံး ယောက်မြောက် ရစ်ချက်ဇာတ်၊ လီယာမင်းကြီးအဖြစ် King Lear မှာ ဒါရိုက်တာပါလုပ်ပြီး ကခဲ့တယ်။

၁၉၄၈ ခုနှစ်ကျတော့ သြစတြေးလီယား၊ နယူးဇီလန်ဘက်သွားတယ်။ The School for Scandle မိုဒန်ပြဇာတ်ကို သွားကတယ်၊ ဒါရိုက်တာလည်းလုပ်တယ်။ ပြီးလျှင် သုံးယောက်မြောက် ရစ်ချက်ကတယ်။ ၁၉၅၀ ခုနှစ်မှာ Venus Observed ပြဇာတ်မှာ “အော်တဲလ်ယား” မှူးမတ်အခန်းက ပါဝင်တယ်။ ဒါရိုက်တာလုပ်တယ်။ ၅၁ ခုနှစ်ကျတော့ မတ်ခ်အန်တော်နီအဖြစ် “အန်တော်နီနဲ့ ကလီယိုပက်ထရာ” ဇာတ်မှာကတယ်။ တခါ ဆီဇာအဖြစ် ဆီဇာနဲ့ ကလီယိုဇာတ်မှာ ကသေး တယ်၊ ဒီဇာတ်ကတော့ နယူးယောက်မှာ “က” တာ၊ ၁၉၅၃ ခုနှစ်ကျတော့ The Sleeping Prine ကို ဒါရိုက်တာလုပ်တယ်။ မှူးမတ်အဖြစ်လည်း ပါတယ်၊ လန်ဒန်ရဲ့ “စထရော့ဖို့ဒ်” ဇာတ်ရုံမှာ “မက်ကဗက်” ပြန်ကတယ်၊ နောက်ပြီး Twelfth Night ကတယ်၊ မက်ဗ်ဒီယိုအဖြစ် ကတယ်။ ၅၇ ခုနှစ် ကျတော့ “အာချီရိုက်” အဖြစ် မိုဒန်ဇာတ် “အင်တာတိန်းနား” မှာ ကတယ်၊ ဥရောပ၊ အမေရိက လှည့်ကပြခဲ့တယ်။

ဒီလိုနဲ့ နေ့စဉ် အမူအရာသဘောတရားတွေနဲ့ တိုက်ခိုက်တာတွေကြားတယ်။ အဲဒီတုန်းက နယူးယောက်မှာ သူကနေတယ်၊ တိုက်ခိုက် တဲ့ သူတွေကတော့ နယူးယောက်မှာရှိတဲ့ အက်တာစတူဒီယိုတွေရဲ့ ကလေးအုပ်တွေပေါ့။ မက်သော့ဒ်အမူအရာဟာ ဘယ်လိုသင်တယ်၊ လုပ်တယ်၊ ဘယ်သီဝရီရှိတယ်၊ ဘယ်လိုလေ့ကျင့်ရတယ်၊ တည်ဆောက်ရတယ် စသည်ဖြင့်ပေါ့လေ။ ဆိုကြပြောကြသံတွေ ဂယက်ထ လာတယ်၊ အမူအရာမှာ Naturalism ဘာသာဝဝါဒဟာ ဘာပဲ၊ ဘယ်သူတွေဟာ ဒီလိုင်းပေါ်မှာ ရှိတုန်းပဲ စသည်ဖြင့် “လီးစတြာဘတ်” တို့ရဲ့ ကလေးတွေရဲ့ ပြောသံ၊ ဆိုသံ ကြားတော့ မနေနိုင်တော့ဘူး။ တယောက်က ဒါသဘာဝဝါဒ၊ တယောက်ကလည်း ဒါ “ယထာ ဘူတဝါ” “Naturalism” လို့ ပြောလိုပြော၊ ရီယယ်လီဇင်လို့ ပြောလိုပြော၊ အမျိုးမျိုးပြောကြတယ်။ လီစတြားဘက်ဟာ ကျောင်းအုပ် ကြီး၊ အက်ကာစတူဒီယိုကျောင်း၊ ဘရန်ဒို၊ ဂျိမ်းဒင်း၊ အလီယာခါဇံ၊ မွန်ရိုးတို့ရဲ့ ကျောင်း။

အမှန်မှာ ဇာတ်တဇာတ်ရဲ့ အမူအရာ သရုပ်ဆောင်ပြီးစီးလို့ ကျေနပ်မှုရသွားပြီဆိုကတည်းက ဒီစကားလုံးတွေနဲ့ မဆိုင်တော့ဘူး။ ဆို ကြပါစို့ “Truth Fulness” အမှန်တရားသာ ရှာရမှာ၊ ဇာတ်နှင့် သရုပ်ဆောင်ဟပ်ပြီးဆိုရင် သရုပ်ဆောင်က ဇာတ်ရဲ့အမှန်တရားကို သွား တွေ့တတ်တယ်။ သရုပ်ဆောင်ကလည်း သရုပ်ဆောင်နည်းမှန်ပြီလားဆိုရင်၊ ဇာတ်နဲ့လိုက်တဲ့အမှန်တရားကို သွားတိုက်ဆိုင်မိတယ်။ ဒီ လိုသရုပ်ဆောင်မှုနဲ့ ဇာတ်ထိမှုရှိမှုကို အံဝင်ခွင်ကျဖြစ်လို့ အခြေအဖြေ Result မှန်သွားပြီလား၊ ကြည့်သူတွေက ကျေနပ်အားရသွား ပြီလား၊ ဒီလိုဖြစ်လာရင်၊ ဖြစ်ခဲ့ရင် မက်သော့ဒ်နည်းရဲ့ အမှန်တရားမခေါ်ဘဲ ရီယယ်လစ်တီ ယထာဘူတနည်းရဲ့ အမှန်တရားလို့ ခေါ် ကြပါစို့လို့ ပြောလိုက်ရတယ်။

သရုပ်ဆာင်ခြင်းဟာ ယထာဘူတနည်းနဲ့ သစ္စာတရားကို ရှာပုံတော်ဖွင့်တာပဲ မဟုတ်လား။ ဥပမာ ရှိတ်စပီးယားရဲ့ ဇာတ်တွေ၊ ဂရိ ခေါမတို့ရဲ့ Tregedy ထရယ်ဂျယ် ဒီအလွမ်းဇာတ်တွေဟာ ကြီးကျယ်ပါဘိသနဲ့။ ကိုယ်မြင်ရာ၊ ကိုယ်ထင်ရ ရှုထောင့်က ပြောချလိုက်လို့ မပြီးဘူး။ အင်မတန်မှ ကျယ်ဝန်းတဲ့ ဖြစ်ရပ်တွေ၊ ဇာတ်သွားတွေကို ခဲရာခက်ဆစ်ဟန်တွေ ပြောဆိုမှုအသံတွေ၊ ပစ္စည်းပစ္စယတွေနဲ့ အ ကြေအညက်လေ့လာ၊ ပြောဆို ရည်ရွယ်၊ သုံးနှုန်းသင်ပြရတာမျိုး မဟုတ်လား။ ပုံစံခွင် တခုချဖို့ကိုတောင် အတော်ခက်ခဲတဲ့ကိစ္စပါ။ အဲဒီ တော့ Naturalism သဘာဝဝါဒ၊ Realism ယထာဘူတဝါဒ ဒါမျိုးလေးပြောရုံနဲ့ မပြီးသေးပါဘူး။ တချို့ ဇာတ်ဆရာ သရုပ်ဆောင်တွေ က Inside အတွင်းကိုစမွေးပြီး ဖြစ်ယူရတာ ပြောလိုပြော၊ တချို့က အပြင်ကိုယ်ခန္ဓာမှာရှိတဲ့ ပစ္စည်းပစ္စယတွေအပေါ်ကြည့်ပြီး၊ ဟန် ကိုကြည့်ပြီး ဈာန်သွင်းရတာလို့ ပြောလိုပြော ဒါကို “Periphery” လို့ ဇာတ်မှာ ဆိုကြတယ်။ ကိုယ်ဟန်ပေါ်မှာရှိတဲ့ အဆောင်အ ယောင်အလိုက် ကြည့်ရှုပြီး အမူအရာကို လုပ်ယူရတာခေါ်တယ်။

သူ ဘာဝတ်ထားသလဲ၊ သူ ဘာကိုင်ထားသလဲ၊ ဘယ်စကားမျိုးပြောမှာလဲ၊ ဘယ်အဆင့်နဲ့ သရုပ်ဆောင်မှာလဲ ဘယ်အခြေအနေပေါ်မှာ ရပ်တည်နေသလဲ၊ ဘယ်ဇာတ်ပေါ်မှာရှိနေသလဲ စသဖြင့် ငုံ့ကြည့်တာနဲ့ တွေးကြည့်တာနဲ့ သိတယ်။ ဒီပြင် ပြင်ပလက္ခဏာတွေကို သုံး သပ်မရပ်ပဲ၊ ပတ်ဝန်းကျင်၊ ရှုခင်း၊ အခင်းအကျင်း နောက်ခံတွေကို သုံးသပ်ပြီးသရုပ်ဆောင်တတ်ရင်ပဲ ရသလောက်တော့ ရနိုင်ပါပြီ။ ကဲ ဆိုကြပါစို့ နာမည်ကျော်ဇာတ်လိုက်ကြီး “အလက်စ်ဂီနီးစ်” ကို ကျုပ်က အမြင်နဲ့ ပြောမိတယ်။ ပါရီ ဖာရီယ်အက်တာ Peripheral ဇာတ်လိုက် ဇာတ်ဆောင်လို့ပြောမယ် မှားသလား၊ ကျုပ်လည်း သူလိုပါပဲ။

ခင်ဗျားတို့လည်း ဒီလိုပါပဲ။ ကိုယ်တွင်းမှာ ရှာတာပါ။ ကိုယ်ပမှာ ရှာတယ်ဆိုပြီး တရားသေ မမှတ်လိုက်ပါနဲ့။ ကိုယ်လုပ်ရမယ့် Part Himself ရှာတာမျိုးပါ။ To find himself in the parts he play ပါ။ To find the parts in himself မဟုတ်ပါဘူး။

မောင်မြတ်လေး

(ပိတောက်ပွင့်သစ် စာပေ အနုပညာမဂ္ဂဇင်း အမှတ် ၂၆ စက်တင်ဘာလ၊ ၂၀၀၉)

မာတိကာ


statistics

web tracker