ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, May 14, 2011

မန္တလေး နန်းတွင်းကျောက်စာရုံ

မန္တလေး နန်းတွင်းကျောက်စာရုံ

 



လမ်းပေါ်ကနေ လှမ်းကြည့်ရင်မြင်နေရတဲ့ ကျောက်စာရုံ


မန္တလေးရောက်တဲ့အခါ လူတိုင်းနီးပါးက စာထဲမှာသာဖတ်ဖူးတဲ့ ရှေးက နန်းတော်ကြီးကို တအံ့တဩကြည့်ကြသည်ပေါ့။ မင်းတုန်းမင်းကို သတိရရင်ရမယ်၊ သီပေါမင်းကို သတိရချင်ရမယ်။ ဘာဘဲဖြစ်ဖြစ် တွေးလို့ ငေးလို့ကောင်းတဲ့ အတိတ်ကို အောင့်မေ့ကြသည်ပေါ့။ မန္တလေး နန်းတော်ကြီးနှင့် မန္တလေးအကြောင်းရေးထားတဲ့ စာတွေ၊ကဗျာတွေကလည်း များမှများ။ ရှေးကမြို့တွေမှာ မြို့တည် ၊ နန်းတည် ကဗျာ ၊ ရတုတွေရှိပေမယ့် မန္တလေးဟာ စာအတင်ခံရဆုံး ၊ အရေးအများဆုံးပါ။


ဒေါက်တာသန်းထွန်းက မန္တလေး ရက်စွဲသမိုင်း ကိုပြုစုတဲ့အခါ ' မဟုတ်က ဟုတ်ကတွေရေးရင် သတ်ပစ်မယ် ' ဆိုပြီး ခြိမ်းခြောက်စာပို့သတဲ့။
အဲလောက် သဲသဲလှုပ်မန္တလေးကိုချစ်ကြတာ။ မန်းလေးကိုဒီလောက်အသားပေးလွန်းတော့ ကပ်ရက် မင်းနေပြည်တော်တွေဖြစ်တဲ့ အမရပူရ ၊ အင်းဝ ၊ စစ်ကိုင်း စတဲ့နေရာတွေက သမိုင်းဝင်အဆောက်ဦးတွေ တဖြည်းဖြည်းမှေးမှိန်လာတယ်လို့ဆိုချင်ပါတယ်။


မန္တလေးရောက်တဲ့အခါ နန်းတော်ထဲသွားလည်ပြီး တောင်ကြည့် မြောက်ကြည့်လုပ်လေ့ရှိပေမယ့် ၊ နန်းတော်ရှေ့ လမ်းမကြီးဘေးတင်ကပ်ရက်မှာရှိတဲ့ ကျောက်စာရုံထဲကိုတော့ စိတ်ဝင်တစားသွားကြည့်တဲ့လူ ရှိချင်မှရှိမယ်။ မရှိဘူးလို့ပြောတာမဟုတ်ပါ။ ဘိုးတော်ဗဒုံမင်း လက်ထက် အနယ်နယ်အရပ်ရပ်က ယူလာတဲ့ မူရင်းကျောက်စာတွေရယ်၊ ဆင့်ထိုးကျောက်စာတွေရယ်၊ စပ်ထိုးကျောက်စာတွေရယ် စုစည်းထားတဲ့ နေရာလေးပါ။ ကျောက်စာရုံနှစ်ရုံရှိတယ်။ ကျောက်စာရုံထဲအမြဲလာတာ ဘယ်သူကမွေးထားမှန်းမသိဘဲ လွှတ်ကြောင်းထားတဲ့ နွားရယ် ၊ အဲနားက ကလေးတချို့ရယ်။ နွားကတော့ ကျောက်စာရုံဝင်းထဲ မြက်ပင်တွေဝင်စားတယ် ၊ စာလို့ဝရင် လျှောက်လမ်းပေါ် အစာစွန့်တယ်။ ကလေးတွေကတော့ အပျင်းပြေဝင်ဆော့ကြတယ်။


ကျောက်စာရုံအတွင်းပိုင်း မြင်ကွင်း




ဘေးကပ်ရက်က နောက်ထပ်ကျောက်စာရုံသို့




ကျောက်စာရုံ နောက်တစ်ရုံ




ကလေးတွေ လက်ဆော့သွားတာ။


အလကားနေရင်း လူကြီးတွေ လက်ဆော့သွားတာ။




စစ်အတွင်းက ဗုံးဒါဏ်ကြောင့် ပျက်စီးသွားတာကို နားလည်ပြီးဖြေလို့ရတယ်။









ဒီဘက်အစိုးရလက်ထက်ရောက်မှ ဘာအကြောင်းပြချက်မှ မရှိဘဲ ပျောက်ပျက်သွားသည်ဆိုတာကိုတော့ လုံးဝနားမလည်ပါခင်ဗျာ။ ရှေးဟောင်းသုတေသနဌာန နှင့် လူတွေ အသုံးမကျလို့ ပျောက်ပျက်သည်လို့ ပြောင်းရေးရင်ကောင်းမယ်။









ဒီကျောက်စာကို တမင်မြောင်းဖုံးလုပ်လိုက်လား ဒါမှမဟုတ် သူ့ဖာသာသူလဲသွားလားမပြောတတ်ပါ။ ကျနော်မ-ကြည့်ပေမယ့် သိပ်လေးတော့ မ-မရဘူး။ ပြန်မယ့်နေ့ ညနေဘက်ကြီးသွားဖြစ်တာဆိုတော့ အချိန်မရပါ။ ဒီကပြီးရင် ကားပေါ်မတက်ခင် ဘုရားကြီးအနောက်မုဒ်က နံရံဆေးရေးတွေဓာတ်ပုံရိုက်ဖို့ကျန်သေးလို့ အမြန်ပြေးရသေးတယ်။ မန္တလေးကိုချစ်တဲ့လူတွေ လုပ်ပေးနိုင်ရင်သိပ်ကောင်းမယ်။ ကျောက်စာကမြောင်းဖုံးလို ဖြစ်နေတော့ ဝင်ဆော့တဲ့ကလေးတွေက တက်တက် နင်းပြီးဆော့တာဆိုတော့ ကြာရင်ပျက်စီးသွားမှာဘဲ။ 

 

(http://ancientmyanmar.blogspot.com)မှတဆင့်ကူးယူဖေါ်ပြပါသည်။

  (သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ))

မာတိကာ


statistics

web tracker